Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday, 24 June 2013

အင်ဒိုမီးခိုးတွေကြောင့် မလေးရှားမှာ အရေးပေါ်အခြေနေ ကြေညာ

 အင်ဒိုနီးရှားနိုင်ငံ တောမီးလောင်မှုကနေ ထွက်လာတဲ့ မီးခိုးတွေကြောင့် စင်္ကာပူနိုင်ငံသားတွေ ဒုက္ခရောက်နေတုန်း ခုအခါမှာ နောက်အိမ်နီးချင်းနိုင်ငံ ဖြစ်တဲ့ မလေးရှားနိုင်ငံကို ကူးစက်သွားပြီလို့ သိရပါတယ်။

အင်ဒိုနီးရှားနိုင်ငံက မီးခိုးတွေကြောင့် မ လေး ရှား နိုင် ငံ ရဲ့ တောင် ပိုင်း ရှိ ပြည်နယ် နှစ် ခု က လေထုညစ်ညမ်းမှုဟာ အန္တရာယ်ရှိတဲ့ အဆင့်ကို ရောက်သွားပြီး ၈ နှစ်တာကာလအတွင်း ပထမဆုံး အကြိမ် လေထု ညစ်ညမ်းမှု ဆိုင်ရာ အရေးပေါ် အခြေအနေ ထုတ်ပြန် ခဲ့ရတယ်လို့ သိရပါတယ်။

မိုးတွေရွာသွန်းမှသာ လေထု သန့်စင်မယ်လို့ ယုံကြည်တဲ့အတွက် လေထုညစ်ညမ်းမှု အဆိုးဝါးဆုံး ခံနေရတဲ့ ဒေသမှာ မိုးရွာတဲ့ အခြေအနေဖြစ်လာအောင် သိပ္ပံနည်းနဲ့ ဖန်တီးဖို့ ကြိုးစားမှုတွေ လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

မလေးရှားနိုင်ငံမှာ မီးခိုးဒဏ်ကို နှစ်စဉ်ခံစားရလေ့ရှိပေမယ့် ဒီနှစ်မှာ အခြေအနေဆိုးလွန်းတဲ့အတွက် အရေးပေါ် အခြေအနေ ထုတ်ပြန်ခဲ့ရပြီး လမ်းတွေပေါ်မှာလည်း လူသွားလူလာ နည်းကုန်တဲ့အတွက် စီးပွားရေးတွေ ထိခိုက်နစ်နာရတယ်လို့ သိရပါတယ်။

ဒီကိစ္စနဲ့ ပတ်သက်ပြီး မလေးရှားနိုင်ငံ သဘာဝပတ်ဝန်ကျင်းဆိုင်ရာ ဝန်ကြီးက အင်ဒိုနီးရှားနိုင်ငံ သဘာဝပတ်ဝန်းကျင်ဆိုင်ရာ ဝန်ကြီးနဲ့ လာမယ့် ဗုဒ္ဓဟူးနေ့မှာ တွေ့ဆုံဆွေးနွေးဖို့ ရှိတယ်လို့ သိရပါတယ်။

စင်္ကာပူအစိုးရကလည်း ဒီကိစ္စကို ကိုင်တွယ်ဖြေရှင်းဖို့ အင်ဒိုနီးရှားအစိုးရကို တောင်းဆိုထားပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့