Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 13 June 2013

ရွှေဆင် KTV ဆိုင်မှ အကြော်ဆရာ သေဆုံးနေ၍ သေမှုသေခင်းဖွင့်

၁၃.၆.၂၀၁၃ ရက်နေ့ ၀၆၀၀ အချိန် ကြည့်မြင်တိုင် မြို့နယ်၊ ဆေးငြိမ်း ရပ်ကွက်၊ ကမ်းနားလမ်း သီရိမင်္ဂလာ ဈေးဟောင်း အပေါ်ဆုံးထပ်ရှိ၊ ရွှေဆင် KTV ဆိုင်တွင် အမျိုးသား တစ်ဦး သေဆုံးနေကြောင်း သတင်းအရ ကြည့်မြင်တိုင်မြို့မ ရဲစခန်းမှူးနှင့် အဖွဲ့မှသွားရောက် စစ်ဆေးရာ သေဆုံးသူမှာ ကိုဦး(ခ)ကိုခင်မောင်ဝင်း၊ ၂၇နှစ်၊ (ဘ)ဦးလှမြင့်၊ အကြော်ဆရာ၊ နတ်မောက်မြို့၊ မကွေးတိုင်း ဒေသကြီး နေသူသည် အဆိုပါဆိုင်၏ဘေး ရေချိုးခန်း၊ အိမ်သာလျှောက်လမ်း တွင်ပြင်ပ ဒဏ်ရာမရှိဘဲ ၀ဲလက်ချောင်းများ ကုတ်လျက်သေဆုံးနေ သည်ကိုတွေ့ရှိရပါသည်။

 ၎င်းမှာငယ်စဉ်ကတည်းက အတက်ရောဂါရှိသူ ဖြစ်ကြောင်း စုံစမ်းသိရှိရပြီး၊ ကြည့်မြင်တိုင်မြို့မရဲစခန်းမှ သေမှုသေခင်းအမှတ်စဉ်(၅/၂၀၁၃) ရေးဖွင့်၍ သေဆုံးရသည့် အကြောင်းရင်းအား စစ်ဆေးဆောင်ရွက် လျက်ရှိကြောင်း ရန်ကုန်တိုင်း ဒေသကြီး ရဲတပ်ဖွဲ့ မှ သတင်းထုတ်ပြန် ထားပါသည်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့