အမေရိကန်နိုင်ငံရှိ UK University နဲ့ Michical University တို့မှ ပါမောက္ခများ ပူးပေါင်းပြီး USAID ရဲ့ အကူအညီနဲ့ မြန်မာနိုင်ငံရဲ့ လုပ်ငန်းစဉ် ၄ ခုမှာ
အကူအညီ ပေးဖို့ရှိ တယ်လို့ မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ် အပတ်စဉ် အစည်းအဝေးမှာ တာဝန်ရှိသူ တစ်ဦးရဲ့ ပြောကြားချက် အရ သိရပါတယ်။ အခုလို အကူအညီ ပေးအပ် သွားမယ့် လုပ်ငန်းစဉ် ၄ ခုကတော့ အစားအသောက်နဲ့ အာဟာရ ပိုင်းဆိုင်ရာ တိုးတက်စေဖို့ အရည်အသွေးနှင့် စိတ်ချရမှုကို သုတေသန လုပ်ငန်းများ ပြုလုပ်ပေးခြင်း၊ ငါးဖမ်း တံငါသည်များ အတွက် ၀င်ငွေ တိုးတက်အောင် ပြုလုပ် သင်ကြား ပေးခြင်း၊ မွေးမြူရေး ဆိုင်ရာ သယံဇာတ များကို တည်တံ့အောင် ထိန်းသိမ်းခြင်းနဲ့ ကုန်သွယ်မှုနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်း ဆိုင်ရာ အကူအညီ ပေးခြင်း အစရှိတဲ့ လုပ်ငန်းများမှာ အကူအညီပေး သွားဖို့ ရှိတယ်လို့ သိရပါတယ်။
အဲ့ဒီလို ကူညီပေးဖို့ အတွက် ကိုတော့ USAID မှကမ်းလှမ်း ထားတာဖြစ်ပြီး စတင်ကူညီမယ့် အချိန် ကိုတော့ ယခုလက်ရှိမှာ အသေးစိတ် မသိရသေးဘူး လို့လည်း သိရပါတယ်။ ဒါပေမယ့် အဲ့ဒီကူညီမှုတွေ ရရှိပါက မြန်မာနိုင်ငံမှာ စိုက်ပျိုး မွေးမြူရေး လုပ်ကိုင်သူများ အတွက် နည်းပညာပိုင်း ဆိုင်ရာများနဲ့ လုပ်ငန်းပိုင်ဆိုင်ရာ ၀င်ငွေများ တိုးတက် ရရှိစေမှာ ဖြစ်သလို စီးပွားရေး လုပ်ငန်းရှင် များအတွက်လည်း ကုန်ထုတ်လုပ်မှုများနဲ့ ရင်းနှီးမြှုပ်နှံမှု လုပ်ငန်းများမှာ အကျိုးအမြတ်များ ရရှိနိုင်မှာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။

No comments:
Post a Comment