Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

Believe World Tour ဖျော်ဖြေပွဲအား တောင်ကိုရီးယားတွင် ဖျော်ဖြေသွားမည့် Justin Bieber

အသက် ၁၉ နှစ်သာ ရှိသေးသည့် ကနေဒါ ဆယ်ကျော်သက် လူငယ် အဆိုတော် Justin Bieber သည် တောင်ကိုရီးယား နိုင်ငံ ဆိုးလ်မြို့
Seoul Olympic Park ရှိ Gymnastics Stadium တွင် အောက်တိုဘာ ၁ဝ  ရက်၌ ဖျော်ဖြေပွဲ ကျင်းပသွားမည် ဖြစ်ကြောင်း ထုတ်ပြန် ကြေညာခဲ့သည်။

Justin Bieber သည် ဗြိတိန် ၊ ဒူဘိုင်း ၊ ဂျာမနီနှင့် တူရကီ အစရှိသည့် နိုင်ငံများ အပါအဝင် ကမ္ဘာ့နိုင်ငံပေါင်း ၃၉ သို့ သွားရောက်ကာ ပရိသတ် ၁ ဒသမ ၈ သန်းကို  "Believe World Tour" ဖျော်ဖြေပွဲပေါင်း ၁၅၁ ပွဲဖြင့် တွေ့ ဆုံ ဖျော်ဖြေ သွားမည် ဖြစ်သည်။ ယခု ကိုးရီးယား နိုင်ငံတွင် ကျင်းပမည့် Justin Bieber ၏ ဖျော်ဖြေပွဲမှာ ကိုရီးယားနိုင်ငံ၌ ပထမဆုံးအကြိမ် ဖျော်ဖြေပွဲ ဖြစ်ပြီး သူ၏ Believe ကမ္ဘာလှည့် ဖျော်ဖြေပွဲများ အနက်မှ တစ်ခုလည်း ဖြစ်သည်။ Justin Bieber ၏ Believe ဆိုးလ် ဖျော်ဖြေပွဲ လက်မှတ်များအား ဇူလိုင် ၉ ရက်တွင် interpark.com ဝက်ဘ်ဆိုက်မှ ရောင်းချသွားမည် ဖြစ်ပြီး လက်မှတ် ဈေးနှုန်းများကို ဝမ် ၉၉ဝဝဝ မှ ၁၃၂ဝဝဝ အထိ သတ်မှတ်ထားသည်။

http://www.asiaone.com/News/Latest%2BNews/Showbiz/Story/A1Story20130708-...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့