Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

တေးအယ်လ်ဘမ်သစ် ထွက်ရှိရန် ကြိုးပမ်းနေသည့် Britney Spears

ကမ္ဘာကျော် ပေါ့ပ်အဆိုတော် Britney Spears က သူမ၏ တေးအယ်လ်ဘမ်သစ်အား မကြာမီ ဖြန့်ချိတော့မည် ဖြစ်ကြောင်း
သူမ၏ ပရိသတ်များအား ၀န်ခံ ပြောကြားခဲ့သည်။

XFactor သီချင်းဆို ပြိုင်ပွဲ၌ ဒိုင်အဖြစ် ဆောင်ရွက်ခဲ့ဖူးသူ Britney Spears က မကြာမီ ဖြန့်ချိမည့် တေးအယ်လ်ဘမ်သစ်အား 'Songs To Die For,' ဟု အမည်ပေးထားကြောင်း နှင့် တေးအယ်လ်ဘမ်သစ်ကို ပရိသတ်အား ယခုပင် နားထောင် စေလိုကြောင်း ၊ ယခု တေးအယ်လ်ဘမ်သည် ယခင်က ထွက်ရှိခဲ့ဖူးသော တေးအယ်လ်ဘမ်များနှင့် မတူဘဲ တစ်မူထူးခြားစွာ ခံစားနိုင်အောင် ကြိုးပမ်းထားကြောင်း ပြောကြားခဲ့သည်။ တေးအယ်လ်ဘမ် ထုတ်လုပ်သူ William Orbit ကလည်း Britney Spears ၏ တေးသီချင်းသစ်များကို မျှော်လင့် စောင့်စားနေသည့် ပရိသတ်များ အတွက် Britney Spears ၏ ရှစ်ခုမြောက် စတူဒီယို တေးအယ်လ်ဘမ်ကို ပုံမှန် အယ်လ်ဘမ်များထက် ဆန်းသစ်အောင် အသွင်ပြောင်း ပြင်ဆင်လျက် ရှိကြောင်း ပြောကြားခဲ့သည်။

http://www.huffingtonpost.com/2013/07/07/new-britney-spears-album-to-die...


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့