Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ဆီးဂိမ်း ပြိုင်ပွဲများအတွက် မြန်မာ အစိုးရအား စွမ်းအင်ဆိုင်ရာ အကူအညီများ ပေးအပ်မည့် ထိုင်းနိုင်ငံ


ထိုင်းအစိုးရ အနေဖြင့် ၂၇ ကြိမ်မြောက် ဆီးဂိမ်းပြိုင်ပွဲများ ကျင်းပနိုင်ရန် အတွက် မြန်မာနိုင်ငံ ရန်ကုန်မြို့တွင် ကြိုတင် ပြင်ဆင်မှုများ
စီစဉ် ဆောင်ရွက်နေရာ၌ စွမ်းအင်ဆိုင်ရာ အကူအညီများ ပေးအပ်သွားမည် ဖြစ်ကြောင်း သိရှိရသည်။ 

မြန်မာနိုင်ငံတွင် ကျောက်မီးသွေးနှင့် သဘာဝဓာတ်ငွေ့ အစရှိသည့် သယံဇာတများ ပေါကြွယ်ဝသော်လည်း လျှပ်စစ်ဓာတ်အားပေး စက်ရုံများ တည်ဆောက်နိုင်ရန် အတွက် နည်းပညာပိုင်းဆိုင်ရာ ကျွမ်းကျင်မှု နှင့် လူ့အရင်းအမြစ် စွမ်းအား လိုအပ်ချက် တချို့ရှိနေသည့် အတွက် နိုင်ငံတွင်း ဆီးဂိမ်း ကျင်းပမည့် အချိန်ကာလ၌ စွမ်းအင် အလုံအလောက် ရရှိစေရန်အလို့ငှာ လျှပ်စစ်ဓာတ်အားပေး စက်ရုံနှစ်ရုံအား ထိုင်းအစိုးရ အနေဖြင့် ကူညီ တည်ဆောက် ပေးသွား မည် ဖြစ်ကြောင်း ၊ မြန်မာ အစိုးရဘက်မှလည်း အဆိုပါ စွမ်းအင်ကိစ္စနှင့် ပတ်သက်၍ တောင်းဆိုမှုများရှိသည့် အတွက် မြန်မာ နိုင်ငံသို့ သွားရောက်ကာ ခေါင်းဆောင် အချင်းချင်း လိုအပ်သည့် ညှိနှိုင်းမှုများ ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ထိုင်းနိုင်ငံသည် မြန်မာနိုင်ငံ အပါအ၀င် တခြားသောနိုင်ငံ အတော်များများ၌ လျှပ်စစ်စွမ်းအား ၁၀၀၀၀ မီဂါဝပ်ကျော် ထုတ်လုပ် ပေးနိုင်မည့် စွမ်းအင်ထုတ် စက်ရုံများ တည်ဆောက်သွားမည့် စီမံကိန်းအား ချမှတ်ထားပြီး ယခုလက် ရှိ ဆွေးနွေးညှိနှိုင်းဆဲ အခြေအနေရှိနေကြောင်း ထိုင်းနိုင်ငံ စွမ်းအင် ၀န်ကြီးဌာန ၀န်ကြီး Pongsak Raktapongpaisarn ၏ ပြောကြားချက်အရ သိရှိရသည်။

Source: NNT


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့