Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ပြီးခဲ့သည့် ဇွန်လအတွင်း မြန်မာတစ်နိုင်ငံလုံး၌ မီးလောင်မှု အကြိမ်ရေ ၈၀ကျော် ဖြစ်ပွားခဲ့


ပြီးခဲ့တဲ့ ဇွန်လ အတွင်းက မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ မီးလောင်မှု အကြိမ်ရေ ၈၀ ကျော် ဖြစ်ပွား ခဲ့တယ်လို့ မီးသတ် ဦးစီးဌာနမှ သတင်း
ထုတ်ပြန်ချက်များ အရ သိရပါတယ်။ ဒီလို ဖြစ်ပွားရာမှာ မီးလောင်မှု အကြိမ်ရေ စုစုပေါင်း ၈၇ ကြိမ် ဖြစ်ပွားခဲ့ပြီး မီးဖိုမီးနဲ့ ပေါ့ဆမီးကြောင့် ၄၇ ကြိမ်၊ လျှပ်စစ်မီးကြောင့် ၂၄ ကြိမ်၊ မသမာသူရှို့ မီးကြောင့် ၁၄ ကြိမ်နဲ့ အလိုအလျှောက် မီးကြောင့် ၂ ကြိမ် ပါဝင်ဖြစ်ပွား ခဲ့တာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဖြစ်ပွားခဲ့တဲ့ မီးလောင်မှု များမှာ မန္တလေးတိုင်း ဒေသကြီး၊ ရန်ကုန်တိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့မှာ အများဆုံး ဖြစ်ပွားခဲ့တာဖြစ်ပြီး ရခိုင်ပြည်နယ်၊ ပဲခူးတိုင်း ဒေသကြီးနဲ့ စစ်ကိုင်းတိုင်း ဒေသကြီးတို့ မှာတော့ ဆုံးရှုံးမှု အများဆုံး ဖြစ်ပေါ်ခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။ အဆိုပါ ဇွန်လ အတွင်း မီးလောင်ကျွမ်းမှု တွေကြောင့် မြန်မာနိုင်ငံ တစ်ဝန်းလုံးမှာ အိမ်ခြေ အဆောက်အဦး ၁၂၀ လုံး၊ စက်ရုံ ၁ လုံး မီးလောင်ခံရပြီး မီးဘေး ဒုက္ခသည် ၅၆၀ ဦး အိုးမဲ့၊ အိမ်မဲ့ ဖြစ်ခဲ့ရပါတယ်။ ဒါ့အပြင် လူ ၄ ဦးလည်း သေဆုံးခဲ့ပြီး ၂၆ ဦး ဒဏ်ရာ ရရှိခဲ့ကာ ခန့်မှန်း ဆုံးရှုံးမှု တန်ဖိုးငွေကျပ် ၁၇၃.၃၅ သန်း ကျပ်တစ်ရာ ခုနှစ်ဆယ့်သုံး ဒဿမ သုံးငါးသန်း ဖိုးခန့် ဆုံးရှုံးခဲ့တာ ဖြစ်တယ်လို့ သိရပါတယ်။
 
ဒါပေမယ့်လည်း မီးသတ်ဦးစီး ဌာနအနေနဲ့ မီးလောင် ဆုံးရှုံးမှုများ လျော့နည်းစေဖို့ အတွက် မီးဘေး အန္တရာယ် ကြိုတင် ကာကွယ်ရေး လုပ်ငန်းများ၊ မီးသတိမူရေး လုပ်ငန်းများကို ဆောင်ရွက် လျက်ရှိဖြစ်ပြီး ယခုလက်ရှိ မိုးရာသီ ကာလ မှာလည်း လျှပ်စစ်ဝါယာမှ တစ်ဆင့် မီးလောင်မှုများ၊ မိုးကြိုးပစ်ရာမှ မီးလောင်မှုများ ဖြစ်ပွားနိုင်တဲ့ အတွက် မီးဘေး လုံခြုံရေး စီမံချက်များ အတိုင်း အရှိန်အဟုန်မြှင့် ဆောင်ရွက် လျက်ရှိတာ ဖြစ်တယ်လို့ သတင်း ရရှိပါတယ်။
 
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့