Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

မွေးမြူရေး လုပ်ငန်းများတွင် ထုတ်ကုန် ပမာဏ အပေါ် ဘဏ်ချေးငွေ ထုတ်ပေးသည့်စနစ် ထားရှိရန် လိုအပ်လျက်ရှိ


မြန်မာနိုင်ငံမှာ  မွေးမြူရေးနဲ့ ရေလုပ်ငန်း ကဏ္ဍ ဖွံ့ဖြိုး တိုးတက်စေဖို့ အတွက် မွေးမြူရေး လုပ်ငန်းများရဲ့ ထုတ်ကုန် ထွက်ရှိမှု ပမာဏ အပေါ် ငွေကြေး
တွက်ချက်ပြီး ဘဏ်ချေးငွေများ ထုတ်ပေးနိုင်တဲ့ စနစ်တစ်ခု ထားရှိဖို့ လိုအပ်လျက် ရှိနေတယ်လို့ သိရပါတယ်။ အဲ့ဒီစနစ်နဲ့ ပတ်သက်ပြီး ပြောကြားမှု ကိုတော့ အမေရိကန် နိုင်ငံ Winrock International မှ ကျွမ်းကျင်ပညာရှင် တစ်ဦးက မြန်မာနိုင်ငံ မွေးမြူရေး လုပ်ငန်း အဖွဲ့ချုပ်သို့ သုံးသပ် ပြောကြား ပေးခဲ့တာ ဖြစ်တယ်လို့ အဖွဲ့ချုပ်မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ သိရပါတယ်။
 
အဆိုပါ Win Rock International မှ တာဝန်ရှိသူရဲ့ ပြောပြချက် အရ  မြန်မာနိုင်ငံရဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းများ ဖွံ့ဖြိုးရေးဟာ  ဘဏ်ချေးငွေနဲ့ မတည် ရင်းနှီးငွေများ မရရှိပါက ဖွံ့ဖြိုးတိုးတက်မှု နှေးကွေး စေမှာဖြစ်ပြီး အဲ့ဒီ အတွက် နိုင်ငံတကာ လုပ်ထုံး လုပ်နည်းများ အတိုင်း မွေးမြူရေး လုပ်ငန်းများရဲ့ ထုတ်ကုန် ပမာဏအပေါ် တွက်ချက်ကာ ဘဏ်ချေးငွေ ထုတ်ပေးတဲ့ စနစ်ကို ထားရှိဖို့ လိုအပ်လျက် ရှိတာ ဖြစ်ပါတယ်။ ဒါ့အပြင် မွေးမြူ ထုတ်လုပ် သူများကို အာမခံ ပေးနိုင်တဲ့ ကုမ္ပဏီကြီးများ ရှိဖို့ အတွက်လည်း လိုအပ်နေပြီး ချေးငှားပေးတဲ့ စနစ် ထားရှိဖို့ လိုအပ်နေ တယ်လို့ သိရပါတယ်။
 
ဒါ့အပြင် Win Rock International အနေနဲ့လည်း ပြည်တွင်းမှာ ဘဏ်လုပ်ငန်းနဲ့ မွေးမြူရေး လုပ်ငန်းများကို ဆက်စပ် ပေးတဲ့ နည်းပညာ ကူညီထောက်ပံ့မှု တွေကို ပေးအပ်ဖို့ အတွက်လည်း စိတ်ဝင်စား လျက်ရှိတယ်လို့ သိရပါတယ်။ လက်ရှိမှာတော့ မြန်မာနိုင်ငံရဲ့ မွေးမြူရေးနဲ့ ရေလုပ်ငန်းများ ဖွံ့ဖြိုးဖို့ အတွက် ချေးငွေ ထောက်ပံ့ခြင်း ဆိုင်ရာ ကိစ္စရပ်တွေကို မြန်မာနိုင်ငံမှ Global Treasure Bank(GTB) နဲ့ ချိတ်ဆက်ကာ ဆောင်ရွက် လျက်ရှိတာ ဖြစ်ပါတယ်။
 
ဒါပေမယ့် GTB ဘဏ် အနေနဲ့လည်း မွေးမြူရေးနှင့် ရေလုပ်ငန်း ကဏ္ဍများ အတွက် ချေးငွေများ ချေးပေးတဲ့ စနစ်ကို လက်ရှိမှာ မြန်မာနိုင်ငံ ဗဟိုဘဏ်မှ ချမှတ် ထားတဲ့ လုပ်ထုံး လုပ်နည်းများ အတိုင်း မရွှေ့မပြောင်းနိုင်တဲ့ မြေ၊ အိမ် စတဲ့ အခြေခံပစ္စည်းများကို အပေါင်ခံကာ ချေးငွေ ထုတ်ပေးလျက် ရှိတယ်လို့ သိရပါတယ်။  ဒါ့အပြင် ငါးဖမ်း သင်္ဘောများ၊ ငါးကန်များ အစရှိတဲ့ ရေလုပ်ငန်း ဆိုင်ရာ ပစ္စည်းများ ကိုလည်း အပေါင်ခံကာ ချေးငွေ ထုတ်ပေးမှုများ ရှိနေတယ် လို့လည်း သိရပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့