Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ရန်ကုန်အပြည်ပြည်ဆိုင်ရာ လေဆိပ်အား ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာတွင် အပြီးချဲ့ထွင် သွားမည်


ရန်ကုန် အပြည်ပြည်ဆိုင်ရာ လေဆိပ်ကို အဆင့်မြင့်တင်မှု လုပ်ငန်းများ လုပ်ဆောင်ဖို့ အတွက်  ယခုလက်ရှိမှာ တင်ဒါအဖွဲ့ ၄ ဖွဲ့ကို စိစစ် ရွေးချယ်နေပြီး
တင်ဒါ အောင်တဲ့ အဖွဲ့ ၁ ဖွဲ့ ကိုတော့  မကြာခင် အချိန်မှာ ကြေညာ သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ အဲ့ဒီလို တင်ဒါ ရွေးချယ်ပြီးပါက လေဆိပ် အဆင့်မြှင့်တင်မှု တွေကို ယခု နှစ်ကုန်ပိုင်းမှာ စတင်မှာ ဖြစ်ပြီး လုပ်ငန်းများကို ၂၀၁၄ ခုနှစ်၊ ဒီဇင်ဘာလမှာ အပြီးချဲ့ထွင် သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။
 
ရန်ကုန်အပြည်ပြည် ဆိုင်ရာ လေဆိပ်မှာ ယခုလက်ရှိ လူဝင်ထွက် နိုင်မှုဟာ ၂.၇ သန်း ရှိပြီး နောက်ပိုင်းမှာ ၆ သန်းထိပဲ ချဲ့ခွင့်ပေး သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို လေဆိပ်ကို ချဲ့ထွင်ရာမှာ ရန်ကုန်လေဆိပ်ပိုင်းမှာ Damestic Teriminal နဲ့ Parking Area ပိုင်းတွေမှာ အဓိက ချဲ့ထွင် သွားမှာဖြစ်ပြီး တင်ဒါ အောင်မြင်တဲ့ ကုမ္ပဏီ ၁ ခုနဲ့ နားလည်မှု စာချွန်လွှာ လက်မှတ်ရေး ထိုးချိန်မှစပြီး ပထမ အဆင့် လုပ်ငန်းများ ဆောင်ရွက်ခြင်း အတွက် အချိန်ကာလ ၁ နှစ် ကျော်ခန့် ကြာမြင့်မှာ ဖြစ်ပါတယ်။
 
ဒါ့အပြင် မန္တလေး အပြည်ပြည်ဆိုင်ရာ လေဆိပ် ကိုလည်း တင်ဒါ ၂ ဖွဲ့ဖြစ်တဲ့ MITSUBISHI ကုမ္ပဏီ အဖွဲ့နဲ့ ပြင်သစ်အဖွဲ့တို့ ထဲကမှ ၁ ဖွဲ့ကို ပြန်လည် ရွေးချယ်မှာ ဖြစ်ပြီး အဆိုပါ လေဆိပ် ကိုတော့ Logestic hub ကုန်စည်စခန်း ဖြစ်ဖို့အတွက် အဓိက အဆင့်မြှင့်တင်မှာ ဖြစ်တယ်လို့ သိရပါတယ်။ လေကြောင်း ကုန်စည် ပို့ဆောင်ရေး လုပ်ငန်းမှာ ကုန်တင် လေယာဉ် ကြီးများ တိုက်ရိုက် ဆင်းသက်ကာ ကုန်စည် ထောက်ပံ့ရေး ဆုံရပ်အဖြစ် အကောင်အထည်ဖော် ဆောင်ရွက် သွားမှာ ဖြစ်ပါတယ်။ ထိုနည်းတူ နေပြည်တော် လေဆိပ် ကိုလည်း ပြည်ပ လေကြောင်း လိုင်းတွေ ဆင်းသက်ဖို့ ဖိတ်ခေါ်မှု ပြုလုပ် သွားမှာဖြစ်ပြီး ယခု ပုဂ္ဂလိက ပြည်တွင်း လေကြောင်းလိုင်း ၂ ခုဖြစ်တဲ့ APEX လေကြောင်းလိုင်းနဲ့ FMI လေကြောင်း လိုင်းများ တည်ထောင်ခွင့် ပေးထားတာ ဖြစ်တယ်လို့ လေကြောင်း ပို့ဆောင်ရေး ညွှန်ကြားမှု ဦးစီးဌာနမှ တာဝန်ရှိသူရဲ့ ပြောကြားချက် အရ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့