Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

Y- talk မိုဘိုင်းစနစ်ဖြင့် ၁ လတိတိ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုခွင့် ပေးမည်


ပြည်တွင်းမှ မလေးရှား နိုင်ငံသို့ အခမဲ့ ဖုန်းခေါ်ဆိုမှု တွေကို Y talk  မိုဘိုင်း စနစ်မှ တစ်ဆင့် စတင်ပြုလုပ် ပေးနေပြီ ဖြစ်တယ်လို့  ဇူလိုင်လ ၉ ရက်နေ့က
တော်ဝင် နှင်းဆီမှာ ပြုလုပ်ခဲ့တဲ့ အဆိုပါ အစီစဉ်နဲ့ ပတ်သက်ပြီး  မိတ်ဆက်ပွဲ အခမ်းအနားမှ သိရပါတယ်။ ဒီလို ဆောင်ရွက်မှု ကိုတော့ ၁ လတိတိ ဆောင်ရွက် ပေးမှာဖြစ်ပြီး  ဖုန်းခေါ်ဆိုမှု အတွက်ကိုတော့ Y talk မှ တာဝန်ရှိ သူတွေက ရွေ့လျားမိုဘိုင်းစနစ်နဲ့ သတ်မှတ်ရက် အတိုင်း မြို့နယ်များသို့ လှည့်လည်ကာ အခမဲ့ ၀န်ဆောင်မှု ပေးမှာ ဖြစ်ပါတယ်။
 
အဲ့ဒီလို ဆောင်ရွက်ရာ မှာတော့ ဇူလိုင်လ ၉ ရက်နေ့မှ ကမ္ဘာအေးဘုရားလမ်း တစ်လျောက် နေရာများ၊ ဇူလိုင် ၁၀ ရက်နေ့ မှာတော့ ယုဇန ပလာဇာ အနီးနေရာများ၊ ဇူလိုင်လ ၁၁ ရက်နေ့ မှာတော့ သာကေတ မြို့နယ်၊ ဇူလိုင်လ ၁၂ ရက်နေ့ မှာတော့ လှိုင်မြို့နယ် အစရှိတဲ့ မြို့နယ်တွေကို စတင် သွားရောက်မှာ ဖြစ်ပြီး နောက်ပိုင်း မှာလည်း အခြား မြို့နယ် များသို့ နေ့စဉ် လှည့်လည်ကာ ဆောင်ရွက်ပေးမှာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလို ဆောင်ရွက်မှုဟာ Y talk အနေနဲ့ ယခင်က မလေးရှားမှာ ဖြစ်ပေါ်ခဲ့တဲ့ ပဋိပက္ခတွေကြောင့် အဆက်အသွယ် ပြတ်နေတဲ့ ပြည်သူများကို အဆင်ပြေ ချောမွေ့စွာ ဆက်သွယ်နိုင်ဖို့ ပြုလုပ်ပေးတာ ဖြစ်တယ်လို့ သိရပါတယ်။
   

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့