Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 10 July 2013

ယဉ်ထိန်းရဲ ၈-ယောက်က ဆိုင်ကယ် မောင်းသမားအား အုပ်စုဖွဲ့  ဝိုင်းဝန်း ကန်ကျောက် နှိပ်စက်ဖမ်းဆီးခြင်း

 ၉-၇-၂၀၁၃-ယနေ့ တွင် ရှမ်းပြည်နယ်တောင်ပိုင်း ၊ တောင်ကြီးမြို့  ရှိ ညဈေးတန်း ထောင့်တွင် ညနေ ၅နာရီကျော်ခန့် က ယာဉ်ထိန်းရဲ များ ဆိုင်ကယ်လိုင်စင်များ စစ်ဆေးနေစဉ် ၊ ဆိုင်ကယ်သမားတစ်ဦးမှာ မူးနေပြီး ယာဉ်ထိန်းရဲအား မချေမငံပြန်ဆက်ဆံ ခဲ့ သဖြင့် ၊ ယဉ်ထိန်းရဲ ၈-ယောက်ခန့်  စုဝေးရောက်ရှိလာပြီး ၊ ဆိုင်ကယ်သမားအား အုပ်စုဖွဲ့  ဝိုင်းဝန်းထိုးနှက် ကန်ကျောက် သဖြင့် မေ့လဲသွားခဲ့ကြောင်း သိရပါသည်။

အဆိုပါ မေ့လဲနေသော ဆိုင်ကယ်သမားအား ၊ ယာဉ် ထိန်းရဲများက ဒရွတ်တိုက် လမ်းမထက်ဆွဲခေါ်ပြီး ကားပေါ်တင်ပြီး ရဲစခန်းတွင်ချုပ်ထားကြောင်း မျက်မြင် သက်သေတစ်ဦး ဖြစ်သော ကိုမင်းထွေးမှ  ပြောပြသည်။

ရဲများအနေဖြင့် ယခုကဲ့ သို့ -အုပ်စုဖွဲ့ ရိုက်နှက်ပြီး ဖမ်းဆီးခြင်းမှာ မသင့်တော်ကြောင်းနှင့် ဥပဒေရှိလျှင် ဥပဒေအတိုင်း အရေးယူသင့်ပြီ၊ ယခုကဲ့ သို့  ကိုယ်ထိလက်ရောက် မပြုလုပ်သင့်ကြောင်း ကိုမင်းထွေး က ပြောပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့