၂ဝ၁၃ ခုနှစ်အတွင်း ပထမဦးဆုံး အကြိမ်ကျင်းပသည့် အကြိမ် ၅ဝ မြောက် ရွှေရတုကျောက်မျက်ပြပွဲ၌ ပတ္တမြား လေးပွင့် ခိုးယူခဲ့သူဟု သံသယရှိ သူအား ရဲကဖမ်းဆီးနိုင်ခဲ့ပြီး အမှုဖွင့်အရေးယူ ထားကြောင်း နေပြည်တော် အမှတ် ၁ ရဲစခန်းမှသိရသည်။ကျောက်မျက်ပြပွဲ စတင်ကျင်းပ သည့်ဒုတိယမြောက်နေ့၌ အစိုးရနှင့် ပုဂ္ဂလိကဖက်စပ် ပိုင်ဆိုင်သော အဆို ပါပတ္တမြားလေးပွင့်ကို ကျူးလွန်သူဟု သံသယရှိသူ၏ လက်ဝယ်၌တွေ့ရှိသ ဖြင့် ရဲနှင့်ပြပွဲကျင်းပရေး ကော်မတီတို့ ပူးပေါင်းကာ စစ်ဆေးအရေးယူခဲ့ခြင်း ဖြစ်သည်ဟု ရဲနှင့်သတ္တုတွင်းဝ န်ကြီး ဌာနတို့မှ တာဝန်ရှိသူတို့၏ပြောကြားချက် အရသိရသည်။ နေပြည်တော် အမှတ် ၁ ရဲစခန်းမှ တာဝန်ကျရဲအရာရှိတစ်ဦးက ပုဒ်မ ၃၈ဝ ဖြင့် အမှုဖွင့်အရေးယူထားပြီး ပြီဟုပြောသည်။ ကျူးလွန်သူဟု သံသယရှိ သူမှာ မိုးကုတ်ဇာတိဟု သိရပြီး အသေး စိတ်ကိုမူ ရဲက မထုတ်ပြန်ခဲ့ပေ။
သို့သော် သတ္တုတွင်းဝန်ကြီးဌာန ရုံးအဖွဲ့မှူးဦးမင်းမင်းဦးက ”၁ဝ ဂရမ် ရှိတဲ့ ပတ္တမြားတွဲကို သူကဝယ်မယ်ဆိုပြီး ကြည့်ပါတယ်။ နောက်ပြီး သူက ပြန် ထား တဲ့အခါမှာ တာဝန်ရှိသူတွေက မသင်္ကာ လို့စစ်ဆေးကြည့်တဲ့အခါ အလေးချိန် လျော့နေတဲ့အတွက် သူ့ရဲ့လက်ကြား တွေထဲမှာ ညှပ်ထား တာကိုတွေ့ရပါတယ်။ ဒီလိုသိရှိထားပါတယ်”ဟု ပြောသည်။
အကြိမ် ၅ဝ မြောက်အထိ ကျောက်မျက်ရောင်းချပွဲများ နိုင်ငံတွင် ကျင်းပခဲ့သော်လည်း ဤကဲ့သို့ ခိုးယူခံ ရမှုများမရှိသလောက် နည်းပါးခဲ့သည်။ ယခုနှစ်ပြပွဲတွင်ခိုးမှု နှစ်မှုရှိခဲ့ကြောင်း သိရသည်။ ယခုနှစ်ရောင်းချရမှုမှာ ကန် ဒေါ်လာ ၃ ဘီလျံဖြင့် ပြပွဲသမိုင်း တစ် လျှောက်အမြင့်ဆုံးဖြစ်သည်။
No comments:
Post a Comment