လျှိဝှက်ဥယျာဉ်

Search This Blog

Loading...

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday, 10 July 2013

လိုက်လေဝေးလေ အိမ်နှင့် ပျံသာပျံပါ မိုးအမြင့်မှာ ….

 မိုးက အငြိုးနှင့် ရွာနေသည့်ပုံစံ ကြား လူတချို့မှာ မိုးထဲရေထဲ အလုပ် ရှုပ်နေခဲ့ကြသည်။ ထိုနေ့က ဇွန်လ၏ တနင်္ဂနွေတစ်ရက်ဖြစ်ပြီး အများပြည် သူတို့၏ အားလပ်ရက်ဖြစ်သော်လည်း ကိုအောင်မြင့်တို့ မိသားစုအတွက်တော့ မဟုတ်ခဲ့။

ကိုအောင်မြင့်က အသက် ၃ဝ မစွန်းသေးသည့်အရွယ် ကုမ္ပဏီဝန် ထမ်း တစ်ဦးဖြစ်ပြီး မိသားစုက လေးဦး ရှိသည်။ မိမိအပါအဝင် ဇနီးသည်၊ သား နှင့် ယောက္ခမ။ လခစား ဝန်ထမ်းတစ် ဦး ဖြစ်သည့်အတွက် ငွေ ကတော့ လကုန်ရက်မှသာ မြင်ရသည့်ဘဝဟုသူ က ဆိုသည်။ သူတို့မိသားစု အတွက် အဆင်ပြေနိုင်သည့် အိမ်တစ်ခုကို ရှာ ဖွေရင်း ရန်ကင်း၌အခြေ ကျနေသည်က အချိန် နှစ်နှစ်ကျော်ပြီ။ သို့သော် ယခု တော့ နေရပ် ဌာနေ ပြောင်းလဲမှု စခဲ့ရ သည်။

အခန်းတွဲ တိုက်တန်းလျားတစ်ခု ရှေ့၌ ၁၄ ပေ ဒိုင်နာကားတစ်စီးက မိုးရေထဲ ပေကပ်ကပ်ရပ်ထားလျက်။ ကားပေါ်သို့ တိုက်ခန်းပေါ်မှ အိမ် ထောင်ပရိဘောဂများကို လူလေးငါး ယောက်က အလှည့်ကျ သယ်ဆောင် ကြသည်။ ထိုကဲ့သို့ လှုပ်ရှားမှုက တစ်နာရီခန့် ကြာမြင့်ပြီးချိန်တွင်တော့ ကားနောက်ခြမ်းတစ်ခုလုံး စားပွဲ၊ ကု လားထိုင်စသည့် အိမ်ထောင်ပရိဘောဂ များဖြင့် ပြည့်နှက်သွားတော့သည်။

”တစ်အိမ်ကနေ တစ်အိမ် ပြောင်း ရတာ မလွယ်ဘူး။ မပြောင်းချင်ပေ မယ့်လည်း ပြောင်းရတာပဲ။ ကိုယ်ပိုင် အိမ်မှမဟုတ်တာ။ အဆင်ပြေရာ ကို ပြောင်းနေရတာပေါ့” ဟု ကိုအောင်မြင့် က အိမ်ပြောင်းရွှေ့ရသည့် ဒုက္ခအပေါ် ညည်းတွားသံဖြင့် ဆိုသည်။ အိမ်ပြောင်း ရွှေ့ရသည့် ဒုက္ခ နှစ်နှစ်ကျော်ကျော် မခံစားခဲ့ရရာမှ ယခု ရုတ်ခြည်း ပြောင်း လဲရသည့်အတွက် အားမလို အားမရ ဖြစ်ဟန်လည်းပါသည်။

တာလပတ်အစ အမည်းဖြင့် အုပ် မိုးထားသည့် ကားနောက်ခြမ်း တွင်တော့ ရေစိုတစ်ဝက် မစိုတစ်ဝက် ပစ္စည်းများ စွာ ရောပြွန်း လျက် ဖြစ်သည်။ ကား တရွေ့ရွေ့ စတင်ထွက်ခွာချိန်၌ ဘေး တစ်ဖက် တစ်ချက်မှ ‘အိမ်ပြောင်းရွှေ့ ဝန်ဆောင်မှုလုပ်ငန်း’ ဗီနိုင်းစမှာ လွင့် ပျံလျက် ဖြစ်သည်။

ထိုနေ့က မိုးသည်းသည့်ကြားမှ အိမ်ကို အပြီးပြောင်းရွှေ့ရသည့်အတွက် အလွန်ပင်ပန်းခဲ့ပြီး မိုးစိုနေသည့်ကြားမှ ချွေးဒီးဒီးကျနေခဲ့ရကြောင်း ကိုအောင် မြင့်က ၄င်းအမှတ်ရနေသည့် အိမ် ပြောင်းခဲ့ရသည့်နေ့ ကို ပြန်ပြောင်းပြော သည်။

ထို့နောက် နောက်ဆုံး လက်ကျန် လက်ဖက်ရည်ကို တစ်ကျိုက် တည်း မော့ သောက်လိုက်ရင်း ”ပစ္စည်းတွေကလည်း အဲ့ဒီနေ့မှ ပိုများပြီး ပိုလေး လာသလိုပဲ ဗျာ။ အိမ်ပြောင်းတဲ့နေ့တစ်ရက်တည်းနဲ့ တင် ကျွန်တော် ပိုအိုသွားတယ်လို့ ထင် မိတယ်” ဟု သူက ပြောသည်။

ကိုအောင်မြင့်အနေဖြင့် နေရင်းစွဲ ရန်ကင်းမှ ခွာချင်လွန်းလှသည်တော့ မဟုတ်။ နှစ်နှစ်ခန့် နေသားကျပြီမို့ အိမ် ကလေးကလည်း ကိုယ့်အိမ်ကိုယ့် ရာလို ပင် ဖြစ်နေသည်။ သို့သော်..

ယခင် တစ်နှစ်ပြည့်ပြီးချိန်တွင် အိမ်ရှင်က မထားဟု ပြောသေးသည်။ ဝါတွင်းကာလနှင့် ကြုံကြိုက်နေသဖြင့် မပြောင်းရွှေ့ချင်ကြောင်း ပြောကာ လခထပ်တိုးပေး၍ ညှိနှိုင်းခဲ့ရသည်။ခုနစ်သောင်းကို တစ်သောင်းခွဲ တိုးကာ တစ်နှစ်ထပ်ချုပ်သည်။ယခု နှစ်နှစ် စာချုပ် ပြည့်ခါနီးတွင်လည်း မထားတော့ဟု ဆိုလာပြန်သည်။ ဤတွင် ကို အောင်မြင့်တစ်ယောက် ငွေ ထပ်တိုးငှား ရန် မစဉ်းစားတော့ဘဲ သက်သာမည့် အိမ်တစ်လုံးကိုသာ ရှာရန် အပူတပြင်း စဉ်းစားခဲ့ကြောင်း ၄င်းအိမ်ပြောင်းရွှေ့ ပုံဇာတ်လမ်းကို အကျဉ်းရုန်းပြောပြခဲ့ သည်။

ရန်ကုန်သည် နေချင်စဖွယ် ဖြစ် သော အရပ်တစ်ခု ဖြစ်သည်။ မြန် မာ နိုင်ငံရဲ့ စီးပွားရေးအချက်အချာ ပင်မ နေရာ။ ဤနေရာ၌ပင် ခြေချ၍ စီး ပွားရေး လုပ်ကိုင်ကြသည်။ သို့သော် မညာစတမ်းဆိုရလျှင် ရန်ကုန် သည် ကျောတစ်ခင်းစာ နေရာတစ်ခုအတွက် ပင်ပန်းလွန်းအားကြီးလှသည်။

အမိုးအကာ၊ လုံလုံခြုံခြုံ ကာရံ တည်ဆောက်ထားသည့် အိမ်ကြီး အိမ် ကောင်းတို့လည်း ရှိမည်။ မိုးမျှော်တိုက် ခန်း ထိုးထိုးထောင်ထောင် များစွာနှင့် သာမန် ပြည်သူလက်လှမ်းမီနိုင်သော အဆောက်အအုံများစွာ ရှိမည်။ ဘိုး စဉ်ဘောင်ဆက် နေထိုင်ခဲ့ကြသည့် သစ် သားအိမ်တချို့လည်း ကျန်ေ ကာင်းကျန် ဦးမည်။ ‘အိမ်’ ဟူ၍ပင် အမည်မတပ် နိုင်သည့် တံခါးမရှိ ဓားမရှိ အလွယ် တကူ ဝင်နိုင်ထွက်နိုင် မြင်နိုင်သည့် အိမ်ငယ် (ဝါ) တဲအိမ်များ လည်း ဒုနဲ့ ဒေးပင် ရန်ကုန်တွင် ရှိသည်။ သို့တစေ ကိုယ်ပိုင်အိမ်ပိုင် ထားနိုင်သူများအတွက် တော့ ရန်ကုန်မြို့သည် ပျော်စရာ အတိ ပြီးကာ စိတ်သက်သာရာ ရနိုင်သော် လည်းခြောက်လတစ်ခါ တစ်နှစ်တစ်ခါ ပြောင်းရွှေ့နေရသည့် ‘အိမ်ငှား’ ဘဝ များကတော့….

တရိပ်ရိပ်တက်ကာ ပြောင်းလဲလာ သည့် အိမ်ငှားခများက အဆီးအတား မရှိ။ အိမ်ငှားခ ကြီးမြင့်၍ မတတ်နိုင် ဘဲ ပြောင်းကြရွှေ့ကြသည့် ဇာတ် များက ပတ်ဝန်းကျင် အနှံ့ ကြားနေရစမြဲ။

ရပ်ကွက်အလိုက်၊ မြို့အလိုက် အိမ် အပြောင်းအလဲ အဝင်အထွက် များက နိစ္စဓူဝဖြစ်မြဲ။ အိမ်ငှားခနှုန်းထား များမှာတော့ ကာလအလိုက် မြင့်တက် မြဲသာ။ ကြည့်မြင်တိုင်၊ လှိုင်သာယာနှင့် ပုဇွန်တောင် တစ်ဝိုက် မြေကွက်နှင့် အိမ် ဝယ်ရောင်းငှားများ လုပ်ကိုင်လာ သည်က ဒေါ်တရုတ်မအဖို့ ၁၇ နှစ် သက်တမ်းရှိပြီဖြစ်သည်။ ထိုနေရာဒေသ မှာတော့ ဒေါ်တရုတ်မကို မသိသူမရှိ။ ဝါရင့်ပွဲစားတစ်ယောက်အဖြစ် ရပ်တည် လုပ်ကိုင်နေပြီး ထိုအိမ်ပွဲစား (ဝါ) အိမ်၊ ခြံ၊ မြေအလုပ်တစ်ခုကိုသာ သူတစိုက် မတ်မတ် လုပ်ကိုင်လာသည်က သား တစ်သက်ဖြစ်သည်ဟု ဆိုသည်။

သူမ အလုပ်နေရာတစ်ဝိုက်တွင် တော့ အိမ်အငှားဈေးကွက် မြင့်တက် လာသည်ဟု ပြောသည်။ ယခင် ခုနစ် သောင်း၊ ရှစ်သောင်းအခန်းများက တစ် သိန်းကျော်သွားသည်။ တစ်သိန်းနီးပါး အခန်းများကဖြင့် ငါးသောင်းကျော် ကျော်ပင် တိုးသွားသည်။ ထိုကဲ့သို့ အိမ်အငှား ဈေး ကွက်က ကောက်ခါငင်ကာပင် ထိုးတက်ခြင်း မျိုး လည်း ရှိသလို အိမ်ပြောင်းရွှေ့ ရာသီ ဖြစ်သည့် ဝါမဝင်ခင်နှင့် ဝါကျွတ်ချိန်က လည်း အိမ်ငှားခ ဈေးမြင့်ေ စသည့်ကာလ တစ်ခုဖြစ်ကြောင်း ဒေါ်တရုတ်မက သူ့ လုပ်သက်အပေါ် အခြေခံကာ အမြင် ကို ချပြသည်။

”အိမ်ဈေးက တစ်နှစ်ကိုတစ်ခါ လောက်တော့ ဈေး တက်ချင်တဲ့ သဘောပေါ့။ ဝါမဝင်ခင် ဒီနှစ်မှာ ဒီ ဈေးဆိုပြီး တက်တာမျိုးလည်း ရှိတယ်။ ဝါမဝင် ခင်မှာ ငှားတဲ့အခန်းကလည်း နည်းတော့ ဈေးကလည်း တက်တယ် ဆိုပါတော့” ဟု သူမ၏ အလုပ်သဘော တရားများကို ရှင်းပြသည်။

တကယ်ဆို အိမ်ငှားရသည့်ကိစ္စ မှာ မခက်လှ။ စိတ်ကြိုက်အခန်း ရှာဖွေ ပြီး ငွေချေစာချုပ်ချုပ် တက်နေရုံပင် ဖြစ်သည်။ နေထိုင်ရာမှာလည်း ဤမျှ လောက် အခက်အခဲမရှိသင့်။ ငွေကြေး တတ်နိုင်သမျှ ကာလငှား ရမ်းမည်။ လချုပ်၊ နှစ်ချုပ်၊ စပေါ်စသည့် နည်း ပေါင်းစုံဖြင့် ငှားရမ်းနေထိုင် မည်။ ဆက် နေချင်ပါက စာချုပ်ထပ်ချုပ်ပြီး ဆန္ဒမရှိ လျှင် ပြောင်းရွှေ့ကြမည်။ စဉ်းစားကြည့် လျှင် ရိုးရှင်းသည်သာ။ သို့သော် ရိုးစင်း သည့်ကိစ္စ တစ်ခုက သာမန်ပြည်သူအချို့ အတွက် မည်ရွေ့မည်မျှ ခက်ခဲနေရ သနည်း။ မေးခွန်းရှိက အဖြေလည်း ရှိသင့်ပါသည်။

ရွှေပေါက္ကံမြို့သစ် ရပ်ကွက် တစ် ခုအတွင်းက သစ်သားလုံးချင်းအိမ် တစ်လုံးကို ၁ဝ နှစ်ကျော် ငှားရမ်း နေလာသည့် ဒေါ်သောင်းက ”နှစ်ချုပ်နဲ့ ငှားတာလေ။ တစ်လကို ငါးသောင်း၊ ဒီနှစ်တော့ နှစ်သောင်းထပ်တိုးတယ်” ဟု ဆိုရှာသည်။

ယခုတစ်ခေါက် ပြန်ချုပ်သည့် စာ ချုပ်က အိမ်ရှင်နှင့် တိုက်ရိုက်ချုပ် ဆိုခြင်း တော့မဟုတ်ဘဲ ကြားမှ ပွဲစားနှင့်သာ တစ်ဆင့် ဆက်သွယ်သည်ဟု ဆိုသည်။တက်သွားသည့်အိမ်ငှားခ နှစ် သောင်းက ခွဲကြည့်လျှင် သိပ်မများဟု ဆိုနိုင်သော်လည်း ယခင် အိမ်ငှားခ ငါးသောင်းနှင့် ထပ်တိုးလိုက်ပါက မ သက်မသာ ဖြစ်သွားသည်ဟု ဒေါ် သောင်း ကညည်း ညူသည်။ ထို့ပြင် နှစ် ချုပ်ချုပ်ရသည်မို့ ငွေ ရှစ်သိန်းကျော်ကို တစ်ပါ တည်း ပေးရ မည်ဖြစ် သည်။ သည်ကြားထဲ ပွဲညွန့်ဟု ခေါ်သည့် ပွဲ စားခ တစ်လစာဖြင့် ပေါင်းလျှင် ၉ သိန်းကျော်၊ သည်ငွေပမာဏ မှာ ဒေါ် သောင်း အတွက် မျက်ဖြူဆိုက် စရာ အနေအထားပင် ဖြစ်သည်ဟု သူက ဆိုပါသည်။

”အိမ်ကိုတော့ သွပ်တစ်ချပ်၊ သံ တစ်ချောင်းဘာမှကို မပြုပြင်ပေးဘဲ ဈေး ကတော့ ထိုင်နေရင်းနဲ့ကို တက် သွားတာ”ဒေါ်သောင်း၏အသံက ပြစ် တင်သံပါသလိုလို ရှိသော်လည်း အား မတန်မာန်လျှော့လိုက်သည့် ဟန်ဖြင့် သက်ပြင်းတစ်ချက်ချကာဆိုသည်။”ခုတော့ ဘယ်လိုမှညှိမရဘူး။ သူ ပြောတဲ့ ခုနစ်သောင်းကို ဘယ်လိုမှ လည်း မတတ်နိုင်တဲ့အတွက် အိမ် အသစ် ထပ်ရှာတော့မယ်”

အိမ်တစ်လုံး (သို့မဟုတ်) တစ်လုံး ထက်မနည်း ပိုင်ဆိုင်ထားကြသူများက ကိုယ်နေထိုင်ရာ ဗိမာန်မှလွဲ၍ ကျန်နေ ရာများကို ငှားရမ်းခြင်းများ လုပ်ကြ သည်။ ထိုအခန်းများကို ရှာဖွေနေသည့် လူအချို့က ယင်းအိမ်တွင်’အိမ်ငှား’ ဟူ သည့်အမည်ဖြင့် အသက်ဆက်ကျော ခင်းကြသည်။

ဤမျှ လူဦးရေထူထပ်သည့် အနှီ ရန်ကုန်၌ အခန်းအလွတ်တစ်ခန်းရရန် လမ်းလျှောက်ရှာ၍မလွယ် တစ်လမ်းဝင် တစ်လမ်းထွက် ရှာဖွေ၍ မဖြစ် ။ ခြေ ကုန်လက်ပန်းကျနိုင်သည့် လုပ်ငန်းကို ‘အိမ်ခြံမြေအကျိုးဆောင်’တို့က အိမ်ရှင်၊ အိမ်ငှားကြား ပေါင်းကူးတံတားထိုးကြ သည်။

’အကျိုးဆောင်ခ’ဟု အမည်တပ် သော်လည်း’အိမ်ပွဲစား”မြေပွဲစား’ဟုသာ အမည် တွင်ကျယ်တုန်းဖြစ်သည်။ ဤအမည် နာမကို ခေါ်ဝေါ်သူ များ က ခေါ်မြဲဖြစ်ကာ အခေါ်ခံရသူကလည်း လိုလို လားလား နှစ်သက်မြဲ။ ‘ပွဲစားမလို’ ဟူသည့်ဆိုင်းဘုတ်တစ်ခုက အိမ်ငှား ဈေးကွက်၌ မတွင် ကျယ် ။ တွေ့အောင် ရှာရန်လည်း မလွယ်။ သည့်အတွက် မိမိတို့ပြောင်းလိုရာ ဌာနေအလိုက် အပိုင်ပွဲစား တစ်ဦးနှင့်သာချိတ်ဆက်မိ ရန်လိုသည်။ မြို့နယ်အလိုက် နေရာစုံ အိပ်ခန်းအလွတ်များစွာအား တစ်ခန်း ဝင်တစ်ခန်း ထွက်ပြမည်။၎င်းတို့ကို အပ်ထားသည့်အိမ်များက ဒုနဲ့ဒေး။ ကိုယ်တိုင် ရှာပါက အိမ်ခန်းလွတ်များ မရှိသလောက်ရှားပါးနိုင်ပြီး အကျိုး ဆောင်နှင့် ချိတ်ဆက်မိပါက အခန်း လွတ်များ၊ ငှားရမ်းမည့်အခန်းများစွာ ကို ဈေးနှု န်းများစွာဖြင့် တွေ့ရပေလိမ့်မည်။

”ထီးတန်းအိမ်ရာတို့၊ ဂန္ဓမာကံမြင့် ဘက်တို့က အန်တီတို့အလုပ်နေရာ ပေါ့။ ဦးကံမြင့်ရဲ့အခန်းတွေက ၁၅ ပေ၊ ၁၈ ပေ အဲဒီလိုတိုက်တွေပေါ့။ ဦးကံမြင့် အခန်းအကုန်လုံး အန်တီကိုင်ထား တာလေ”ဟု မိမိလုပ်ကိုင်ရာနယ်ပယ်၌ ကျွမ်းကျင်ပိုင်နိုင်ကာ အပိုင်နေရာဖြစ် ကြောင်းဒေါ်တရုတ်မက အနည်း ငယ် ခေါင်းမော့ဆိုသည်။ သူ့ကိုထိုအခန်း အိမ်ရှင်များက ယုံကြည်၍ အပ်နှံထား ခြင်းဟုလည်း ဆက်ပြောပြသည်။

ပွဲစားများကလည်း ၄င်းတို့လုပ် ငန်းမှာ အပင်ပန်းခံရပြီး နေပူ မိုးရွာမ ရှောင်လုပ်ကိုင်ကြရကြောင်း ဆိုကြ သည်။ ”ပါးစပ်လှုပ်လက်လှုပ်” အလုပ် မျိုးဖြစ်သည်။ ဝါတွင်းကာလကတော့ ပွဲစားတို့အနေအေး သည့်ကာလဖြစ်ပြီး လက်မှိုင်နေကြရသည့် အချိန်လည်း ဖြစ် သည်။ ခေတ်စကားနှင့်ဆို လျှင် ‘ဘိုင် ပြတ်သည့်’လဟု စမ်းချောင်း မြို့နယ်မှ အိမ်ရောင်း၊ ဝယ်၊ ငှားလုပ်ကိုင်သည့် ကိုဘိုဘိုက ပြောသည်။

၎င်းတို့၏ အလုပ်တွင်လည်း အငှားမှာပွဲခနည်းသည့်အတွက် လက် ကြီးပွဲစားအချို့က အငှားကို ရှောင်ကြ သည်ဟုဆိုသည်။ သူတို့အတွက် ပွဲခ မြိုးမြိုးမြက်မြက်ရှိမည့် အရောင်း အဝယ်ပွဲမျိုးကိုသာ အားသန်သည်ဟု ဆိုသည်။အရောင်းအဝယ်ပွဲက တစ်ပွဲဖြစ် လျှင်ကို ပွဲခက သိန်းနဲ့ချီရသည်။ သိန်း ၁ဝဝ နှင့် ၂ဝဝ ကြားအိမ်ခန်း၊ မြေ ကွက်ဆိုပါက ပွဲညွန့်ပွဲခနှစ်သိန်း ကခုနစ် သိန်းကြားရတတ်သည်ဟု ကိုဘိုဘိုက ၄င်းလုပ်ငန်းအလုပ်ဖြစ်ပုံကို အာပေါင် အာရင်းသန်သန်ပြောပြသည်။

သို့သော် ယင်းငွေအထပ်လိုက်က တစ်ဦးတည်းအပိုင်သိမ်းလို့တော့မရ။ ပွဲစားလောကအချင်းချင်းလည်း ချိတ် ဆက်လုပ်ကိုင်ကြရသည်မို့ ရသမျှ ပွဲခမှာ ဝေစားမျှစားစနစ်။ သည့်အတွက် အငှားပွဲလေးများကိုလည်း ရံဖန်ရံခါ ဝင်နွှဲကြရသည်ဟု ပွဲစားဈေးကွက်အ ခြေအနေကို ရှင်းပြသည်။

”အိမ်ငှားမယ့်လူကြည့်ချင်မယ် ထင်တဲ့အိမ်မျိုးကို လိုက်ပြရတယ်။ အလုပ် ကဖြစ်တော့ဖြစ်ပေမယ့် သူတို့ ပြောပြတဲ့ပုံစံမျိုးရဖို့ အသေးစိတ်ရှာ ထားပေး ရတာ၊ ပင်ပန်းတယ်”

ဤသို့ဆိုလျှင် ပွဲခနည်းပြီး ပင် ပန်းသည့်အလုပ်ဖြစ်သည့်အငှားပွဲ များကို လက်ရှောင် သွားနိုင်စရာ အကြောင်းရှိသည်။ သို့သော် လက်တွေ့ တွင်ေ တာ့ ဤသို့သောအပြောင်းအလဲ များစွာရှိသည်။

တာမွေ၊ မေတ္တာညွန့်၊ ဗဟန်းတစ် ဝိုက် အကျိုးဆောင်နေသည့်ပွဲစား မရီ ရီ(အမည်လွှဲ)က မိမိကိုအပ်ထားသည့် အိမ်ခန်းမှာ ခြောက်လတစ်ကြိမ် လူ ပြောင်းပါက ပြောင်းရွှေ့တိုင်း မိမိ အတွက် တစ်လစာပွဲခတင်ကျန် သည်။ အိမ်ငှား များပြောင်းရွှေ့ရသည့် အပေါ် အားနာသော်လည်း ၄င်း ပြောင်း ရွှေ့ခြင်းဖြစ်မှပင် မိမိနှင့်မိသားစုဝမ်းစိုမည်ဖြစ်သည့်အတွက် လုပ်ရင်းကိုင် ရင်း နေသားကျလာသည်ဟု ဆိုသည်။

”အိမ်ကအရင်ဆင်းတယ်။ အခန်း လွတ်ရင်အိမ်ရှင်က ဒီပွဲစားပဲပြန် အပ် တယ်။ အဲဒီတော့ ပွဲခ ပြန်ရတယ်။ တစ်ခါတလေ အိမ်ရှင်ကဈေးတက်ချင် တယ်။ ဒါမှမဟုတ် မငှားတော့ဘူးဆို ရင် အိမ်ငှားကိုလှမ်းပြောရတယ်။ မု သားမပါလင်္ကာမချောပေါ့။ အဲဒီအခါ ကျတော့ ဒီအခန်းကိုရောင်းမယ်။ မငှား တော့ဘူးပေါ့။ ဒီတော့ မနေနိုင်တဲ့သူက ဆင်းသွားတယ်။ နေချင်တဲ့သူက ငွေ ထပ်တိုးပေးတယ်။ စာချုပ်ထပ်ချုပ်ရင် ပွဲခတစ်လစာထပ် ရတယ်”

မရီရီက ရိုးစင်းလာဟန်ရှိသည့် သူမ၏အလုပ်အကိုင်ကို လေးနက်ဟန် ဖြင့် မဆိုတော့။

သာမန်မျှသာ ပြောနေ ခြင်းဖြစ်သည်။တစ်ခါတစ်ရံ ပြောင်းမည့်အိမ် ငှားမှ အိမ်ထပ်ရှာရန် အဆင်မပြေပါက မိမိကိုပင်ပြန်အပ်သည့်အတွက် ထို အိမ်သစ်ရှာဖွေပေးခ ပွဲစားခလည်း ထပ် ရပြန်သည် ဟု ပြောသည်။ အိမ်စာချုပ် နှစ်ဝက်ချုပ်ပါက လတစ်ဝက်စာပွဲစား ခရပြီး နှစ်ချုပ်ဆိုလျှင် တစ်လခ ရတတ် ကြောင်း ထပ်ဆောင်းပြောပြန်သည် ။ ခြောက်လ တစ်နှစ်ပြည့်၍ စာချုပ်ပြန် ချုပ်သည့်အခါ ပွဲခထပ်ယူလေ့ရှိသည် ဟု ပြောပြပြီး ထိုအလေ့အထမှာ မည်သည့် အတွက်ကြောင့် မည် သည့်နေရာမှ မည်ကဲ့သို့တွင်ကျယ်လာသည်ကိုမူ မသိ ဟုဆိုသည်။ သို့သော် ထိုဓလေ့ကို မိရိုး ဖလာအဖြစ် ပွဲစားလောကတွင် သုံးစွဲ မြဲပင်။

ဒဂုံမြို့သစ်အရှေ့ပိုင်းသို့ ပြောင်း ရွှေ့လာသည့်ဦးခင်ထွန်းက လုံးချင်းသစ် သားအိမ်၏အပေါ်ထပ်ခိုးကို ငွေသုံး သောင်းခွဲဖြင့် ငှားဖြစ်ခဲ့သည်ဟု ဆို သည်။ အိမ်စငှားချိန်တွင် လူငါးဦးခန့် ပါမည်ဟု ဆိုထားခဲ့ပြီး နေထိုင်ရာတွင် သမီးငယ်လင်မယားပါ ပါလာသည့်အ တွက် ခုနစ်ဦးဖြစ်သွားသည့် အပေါ် အိမ်ရှင်က တစ်သောင်းထပ်တိုးတောင်း ခဲ့သည်ဟုလည်း ဆိုသည်။ ဦးခင်ထွန်း ကတော့ ထိုကိစ္စက မဖြစ်သင့်ဟုသာ တွေးကြောင်းပြော ချိန်တွင်တော့ လေသံ ကအနည်းငယ်မာသွားသည်။

”ပွဲစားကိုလည်း တစ်လစာအသား တင်ပေးရတယ်။ စပြောင်းစက သူ့အကူ အညီနဲ့မို့တစ်လစာပေးရတာ တန်ပါ တယ်။ ဒါပေမဲ့ ခုတစ်ခေါက်ပေး ရတာ တော့မတန်ဘူး။ အဲဒါကို မပေးချင်တာ”သူ့လေသံ တွင် ဒေါသနှင့် မခံချင် စိတ်များက ရောပြွမ်းနေသယောင်။ သို့ သော် ဘာမှမတတ်နိုင်ခဲ့ဟု ဆက်ပြော ပြီး အိမ်ရှင်နှင့် တိုက်ရိုက်ဆက်သွယ်ခွင့် မရသည်က တစ်ကြောင်း၊ ပြောင်းရန် ရွှေ့ရန်ခက်ခဲသည်က တစ်ကြောင်း ကြောင့် ပေးခဲ့ရ သည်ဟု ပြောသည်။

သို့သော် ယင်းသို့ဖြစ်ရပ်များက အနည်းနှင့်အများဟု ဆိုနိုင်သည်။ ပွဲစားလောကတွင်း ကျင်လည်ကြသူ တူသော်လည်းလူတော့ကွဲ ဦးမည်။ပုဇွန်ေ တာင်၊ ကျောက်မြောင်းပွဲ စားဒေါ်သန်းသန်းဝင်းကတော့ မိမိအ လုပ်မှာ တစ်ခါတစ်ရံငွေရွှင်သည်ဟု ဆိုနိုင်သော်လည်း အိမ်ရှင်အိမ်ငှား နှစ်ဦးစ လုံးသဘောကျမှုမရှိပါက ပွဲသိမ်း သွားနိုင်သည်။ ခြေတိုအောင် လမ်း လျှောက်၊ အမြှုပ်ထွက်မတတ် ပြောဆို ခဲ့ရသည်တို့က လက်ဖက်ရည်တ စ်ခွက် နှင့်ပင်ပြီးဆုံးသွားသည်ဟု ဆိုရှာသည်။

ပွဲဖြစ်သော်လည်း အိမ်ငှားခပင် အနိုင်နိုင်ပါဟု ငိုပြတတ်သည့်အိမ်ငှား မျိုးဖြင့်ဆုံရပါက ပွဲခတစ်လစာက မသေ ချာတော့။ မပေးလို့မရဘူး ဟူ၍ လည်း တင်းတင်းမာမာ မပြောတတ်သူမို့ တစ် ဝက်သာရတတ်သည်ဟု ပွဲစားလော ကကြုံတတ်ပုံကို အရွှန်းဖောက်သည်။

”အန်တီကတော့ အိမ်ရှင်ဘက်ကို ကြည့်ပြီး အလုပ်မလုပ်ဘူး။ ပွဲညွန့်စား တာလည်းမရှိဘူး။ အိမ်ငှားဆီကပဲ ပေးသလောက်ယူတယ်။ သူများမသ ထာ တာမလုပ်ဘူး”ဟုပြောကာ အလုပ်ဆက် လုပ်ရန် ခပ်သွက်သွက်ထွက်သွား သည်။ရန်ကုန်၏ သာမန်အိမ်ငှားခ ဈေး နှုန်းများက ၂ဝဝဝ ပြည့်နှစ် မတိုင်မီ ငါး သောင်း ခြောက်သောင်းအထက်သို့ ယောင်၍ပင်တက်မလာခဲ့ဖူးကြောင်း အိမ်ခြံမြေအကျိုးဆောင် အချို့ထံမှ သိရသည်။ ဤမှ ၂ဝ၁၂ ခုနှစ်ကျော် သည့်အချိန်တွင်တော့ ရန်ကုန်၏ နေစရာ ကျောတစ်ခင်းစာက ဈေးနှုန်း ရုတ်ခြည်းပြောင်းသွားသည်က အံ့မ ခန်း။

ကြမ်းခင်းပင် မကောင်းချင်လှ သည့် ၁ဝ ပေအခန်းများက ဈေး ကိုး သောင်းဝန်းကျင်။ ထိုဈေးမှ ဆင်းသွား သည်ဟူ၍မရှိ။ တစ်ခါတစ်ရံ ဝါကျွတ်၊ သင်္ကြန် စသည့်အခါကြီးရက်ကြီးအချိန် များဆိုလျှင် ယောင်ယော င်လေးပင် တိုးကြသေးသည်ဟုအိမ်ပွဲစားအချို့က ၄င်းတို့လက်ဝယ်ရှိ အခန်းဈေး များ အကြောင်း ရှင်းပြရှာသည်။

ဒီနေ့ ရှစ်သောင်းဟုပြောပြီး နောက်တစ်နေ့တွင် ကိုးသောင်းခွဲဈေး ဖြင့် သာငှားမည်ဆိုပြီး ဖုန်းဆက်လာကြ သေးသည်ဟု သိရသည်။ ဝါတွင်းနား နီးသည့်အချိန်နှင့်ဝါထွက်အချိန်က အိမ် ရှင်များအတွက် ဈေးနှုန်းအလှု ပ်ခတ်ဆုံး ပြောင်းလဲတတ်ကြသည့်အချိန်ဖြစ်နေ သည်ကို တွေ့ရသည်။ အိမ်ရှင်ဘက်မှ အိမ်ဈေးတိုးမြှင့်သော်လည်း ‘ဝါဝင် ရင်ငှက်တောင် အသိုက်မပြောင်းဘူး’ဟူ သည့်မြန်မာ့အစွဲကြောင့် အိမ်ငှားများ ဘက်မှ ဝါဝင်ခါနီးအပြီးသတ်ပြောင်း ရွှေ့ကြ ခြင်းဖြစ်သည်။

တောင်ဒဂုံ ၆၅ ရပ်ကွက်ရှိ တိုက် ခန်းကို အိမ်ငှားချထားသည့် ကိုမိုး (အမည်လွှဲ)က ”ဘယ်နှစ်တော့ ဘယ် လောက်တိုးမယ်လို့မသတ်မှတ် ထားပါ ဘူး။ အိမ်ကိုတော့ ပွဲစားနဲ့အပ် ထား လိုက်တာ။ ဈေးနှုန်း ကတော့စုံစမ်း ဖြစ် တယ်။ ကိုယ်နဲ့အတူတူဖြစ်တဲ့ တိုက် တွေ ဈေး တက်ကုန်ပြီလို့ကြားရင်ေ တာ့ သူတို့ဈေးအတိုင်း ထပ်တိုးခိုင်းလိုက် တယ်”ဟု မိမိအိမ်ဈေးနှုန်း တိုးမြင့်တတ် ပုံကို ခပ်ပြတ်ပြတ်ပင်ဖြေသည်။

အိမ်ရှင်တစ်ဦးဖြစ်သည့် သူ့အ တွက် အိမ်ငှားတင်ထားရသည့်အပေါ် အိမ်၏ပျက်စီးမှုယိုယွင်းမှုကိုပါ တွက် ချက်ယူရသေးသည်ဟု ဆိုပြန်သည်။
အိမ်ငှားက လူကောင်းသူကောင်း များဖြစ်ရန်လိုပြီး သည့်အတွက် ပွဲစားကို လည်း အထူးတလည်မှာထားရကြောင်း ထပ်လောင်းပြောပြန်သည်။
တာမွေပွဲစားမရီရီက မိမိကိုအပ် ထားသည့်အိမ်ရှင်များမှလူရွေးပြီး လူ များများဆိုပါက လက်မခံကြောင်း တစ် ခါတည်းထည့်မှာထားသေးသည်ဟု ဆို သည်။ အိမ်ကိုမနာလိုသည့်သဘောဖြစ် သည်။ အချို့က အခန်းတစ်ခန်းငှားပြီး အချင်းချင်းစုနေကြသည်မျိုးကလည်း တွင်ကျယ်လာသည်မို့ အဆိုပါ ကိုယ်ပိုင် အဆောင်မျိုးနေထိုင်ကြခြင်း ကိုလည်း အိမ်ရှင်အချို့က မကြိုက်ကြကြောင်း သိရသည်။ ထို့ကြောင့်အိမ်ငှားပွဲစားက အရင် ထက် ငွေရရန်ခက်ခဲလာသော် လည်း ဘယ်လိုလူမျိုးမဟူ ငှားမည်ဆို သည့်အိမ်ရှင်များလည်း ရှိသေးသည်ဟု သိရပြန်သည်။

”ကျွန်တော့်အိမ်ကိုငှားတဲ့သူတွေ ကတော့ သန့်တယ်။ သုံးယောက်ထဲ လည်းဖြစ်တော့ နောက်ပိုင်းပွဲစားမပါ တော့ဘဲ တိုက်ရိုက်ချုပ်ဖြစ်တယ်။ ဈေး လည်းနည်းနည်းတော့ လျှော့ပေးဖြစ် တယ်”ဟု ဒေါပုံမြို့နယ်က အိမ်ခန်းပိုင် ရှင်တစ်ဦးဖြစ်သူ ဦးကျော်က ပြော သည်။ဤတွင် ရန်ကုန်၏ အိမ်ငှားေ ဈး ကွက်ကြီးအား ဆင်ခြင်ကြည့်လျှင် မြို့ လယ်ကောင်ကျသည့်အချက် အချာ နေရာ အိမ်ငှားဈေးများက မိုးထိုးနေ သည်။ ခြောက်လွှာ၊ ခုနစ်လွှာ၊ ရှစ်လွှာ စသည့်အခန်းများပင် အထပ်မြင့်မြင့် ဈေးမြင့်မြင့်ဖြစ်ကုန်ကြသည်။ စီမံကိန်း များနှင့်တိုးချဲ့မြို့ပြပုံစံမျိုးများကြောင့် လည်း ဆင်ခြေဖုံးများ၊ မြို့သစ်ရပ်ကွက် များမှာတော့ အလျှိုလျှိုဈေး တက် လာကြသည်။ ခုံးကျော်တံတားများနှင့် အိမ်ရာစီမံကိန်းများကြောင့်လည်း မြေ ဈေး၊ အိမ်ဈေးများတရိပ်ရိပ်တက်ဆဲ။

ထိုသို့ အတက်သာ ရှိနေသည့် အိမ်ဈေးများကြောင့် အိမ်ငှားများ မျက် ဖြူဆိုက်ကြချိန်တော့အမှန်ပင်ဖြစ်လိမ့် မည်။ သို့သော် မည်သည့် ဆရာများ ကြိုက်နိုင်သည်ကိုတော့ မသိနိုင်။ အိမ်ငှားခများ၌ နစ်နေကြ သည့် ပြည်သူများက တန်ဖိုးနည်းအိမ်ရာ ခေါင်းစဉ် များကြောင့် ထူထူထောင် ထောင်ရှိ လာခဲ့သည်။ သို့သော် စနစ် တစ်ခုဖြစ်နေပြီး အကောင်အထည်မ ဖော်နိုင်သေးသည့် လက်ရှိကြားကာလ များအတွင်းမှာတော့ အိမ်ငှားနေကြရသူများ၏ ဘဝကလုံးလည် ချာလည်နှင့်သာ။ ပီပြင် မလာနိုင်သေးသည့် ယင်းစီမံကိန်း များကိုစိတ် ကူးရင်း လက်တွေ့ကျသည့် အိမ်ငှားဘဝကြီးကိုသာ ရုပ်လုံးပေါ်သ ထက်ပေါ်အောင် ဖန်တီးနေကြရသည်။

အိမ်ငှားတစ်ဦးဖြစ်သည့် မချိုက မိမိတို့အတွက်မကြားချင်ဆုံး၊ မဖြစ်ချင် ဆုံးမှာ ‘အိမ်ပြောင်းရမည်’ဆိုသည့် ကိစ္စ ပင် ဖြစ်သည်ဟု ရင်ဖွင့်သည်။ ယခု လည်းဝါဝင်တော့မည်ဖြစ်၍ သီတင်း ကျွတ်ပြီးမှသာပြောင်းပေးပါ ရစေဟု တောင်းပန်ကာ ယခင် အိမ်ငှားခဖြင့် ဆက်နေနေရသော်လည်း စိတ်ထဲ၌ အိမ်အသစ်ရှာရန်ပြောင်းရန်ကိုသာ အမြဲ စိတ်ရောက်နေသည်ဟု ၄င်း၏စိုးရိမ် နေမှုကို ဝန်ခံသည်။

”ပြောင်းတာတော့ ဘယ်ပြောင်း ချင်ပါ့မလဲ။ ဝါကျွတ်ရင်ရောအိမ်တစ်ခု ရဖို့လွယ်နိုင်ပါ့မလား။ဈေးကရော ဘယ် လိုလဲ။ အိမ်ကရော ကောင်းပါ့ မလား။ လမ်းကရော သန့်ပါမလား။ အတွေး တွေတစ်ပုံကြီးပဲ” ဟု သက်ပြင်းသံ ရောရင်း စကားကို ဆက်ပြောလိုက် သည်။

ထို့ကြောင့် ယခုကတည်းက အိမ် အသစ်ကို ကြိုရှာနေပြီး စိတ်ကြိုက်အိမ် ကလေးတွေ့ပါက စရန်ကြိုချခဲ့ မည်ဟု ၄င်း၏ အကြံအစည်ကို ချပြသည်။
ပလာတာ တစ်ဖဲ့ကို ကောက်ယူဝါး လိုက်ရင်း လက်ယပ်ခေါ်ပြသည့် အ မျိုးသမီးတစ်ဦးဘက်သို့ ‘လာပြီ’ ဟူ သည့်ဟန်ဖြင့် ခေါင်းကိုညိတ်ပြ လျက်” အဲ့ ဒါဒီရပ်ကွက်က အပိုင်ပွဲစားလေ”ဟု ပြောကာ ကသုတ်ကရက် ထထွက် သွားသည်။

မြို့ပြ၏ အငွေ့အသက်များကြား တည်ဆောက်ထားသည့် ခိုလှုံရာ ဌာနေ အိမ်များက များစွာ ရပ်လျက်ရှိသည်။ ယင်းနေရာများကို လူဦးရေဖြင့် အချိုး ချလိုက်ပါက ပိုင်ဆိုင်သည့်နှုန်း မညီမျှ ဖြစ်နေသည်ကိုသာ တွေ့ရသည်။ အိမ်ငှားသည့် စနစ်များကလည်း စုံတော့စုံလှသည်။ တစ်လချင်း အိမ်ငှား ခပေးနိုင်သည့် စပေါ်ငွေဖြင့် အငှား၊ လချုပ်၊ နှစ်ချုပ်ဖြင့် ငှားနိုင်သည့် ‘အပျောက်’စနစ်ကတစ်မျိုး၊ တစ်ခါတစ်ရံ နားလည်မှုဖြင့် နှစ်လရှင်း၊ သုံးလရှင်း များ။

အိမ်ရှင်နှင့် အိမ်ငှားတိုက်ရိုက် ချိတ်ဆက်မိသူများ အတွက်တော့ ပြေလည်ေ အာင် ပြောဆိုရင်း သက်သာ ရာ သက်သာကြောင်း ရှာကြံကြရသည် ဟု အိမ်ငှားအများစု၏ အပြောဖြင့် သိရသည်။ယခုလည်း ဒီနစသျငအနဒ ဆိုပြီး ပုံ စံအသစ်မျိုးဖြင့်ပေးလာရသည်ဟုလည်း သိရသည်။ တွင်ကျယ် လာသည်က ၂ဝ၁၃ ခုနှစ်အတွင်းမှာပင် ဖြစ်သည်။ အိမ်ရှင်ဘက်မှ အိမ်ငှား၏ နောက်ဆုံး လက်ကျန်ရေဖိုး၊ မီးဖိုး ဖြတ်ပြီးပါက ပြန် ပေးသည်ဟု
သိရသော်လည်း အိမ်ငှား အချို့ကတော့ ပြန်မရဟု ညည်းညူ ကြသည်။

‘Deposite’ ဆိုတာ အများကြီး တောင်းစရာမှမလိုတာ။ ခုက အိမ်ဈေး အတိုင်း သိန်းချီတောင်းနေကြတယ်။ နှစ်ချုပ်ကိုရော၊ စပေါ်ကိုရော အကုန် ပေးရတယ်” အထက်ပါအကြောင်းကို စပေါ်ဖြင့် အိမ်ငှားနေထိုင် သည့် ကိုမင်း ထွန်းက မိမိတွေ့ကြုံခဲ့ရသည့် အတိုင်း ပြန်ပြောခြင်းဖြစ် သည်။ ယခုနှစ်ပိုင်းအ တွင်း အဆိုပါ ‘Deposite’ ကိစ္စ တွင် ကျယ်လာပြီး အိမ်ရှင်၊ အိမ်ငှားကြား မပေးနိုင်သည့် ပြဿနာအချို့ရှိလာ သည်ဟုလည်း သိရသည်။

ယုဇနဥယျာဉ်မြို့တော်တွင်း လုပ် ကိုင်သည့် အိမ်ပွဲစားတစ်ဦးက ”ဒီမှာ တော့ ငှားရင် အရင်ကတည်းက ရေစ ပေါ်၊ မီးစပေါ်တောင်းတယ်။ အိမ်မငှား တော့ရင် ပြန်ပေးပေါ့၊ တစ်လစာတော့ မဟုတ်ဘူး။ တစ်သောင်း၊ နှစ်သောင်းပဲ”ဟု ၄င်းတို့နေရာ၏ အိမ်ငှားပုံစံများကို ပြောသည်။

အိမ်ထောင်သည်နှစ်ဦးတည်းသာ ရှိသူများနှင့် တစ်ကိုယ်ရည်တစ်ကာယသ မားများအတွက်တော့ လူကျပ်သည်ဟု ဆိုသော်လည်း ခြင်ထောင် တစ်လုံးစာနှင့် သေတ္တာတစ်လုံးစာ နေရာချနိုင်သည့် သီးသန့်အဆောင် များနှင့် အိမ်ထောင် သည်အခန်းများဖြင့် ဖြည့်စွက်နိုင်သည်။

ရန်ကုန်မြို့တွင်း အဆောင်များက နှစ်သောင်းနီးပါးသာ။ ငွေရှင်းစနစ်က တစ်လချင်းမို့ တစ်ဦးချင်းသမားများ အ တွက် မစဉ်းစားဘဲ ထိုနေရာ များသို့ သာ ဦးတည်သည်။ ထို့အပြင် မိသားစုမရှိ သေးသည် အိမ်ထောင်သည် များအ တွက်လည်း ‘အိမ်ထောင်သည်အခန်း’ များက ခဏတာ ဝင်ရောက် ကူညီနိုင် သည်။ တစ်လလျှင် ငွေကျပ် ငါးသောင်း ခန့်ပေးရသော်လည်း တစ်လ ချင်းပေးရ သည့်အတွက် အထိုက် အလျှောက်ဆို သည်ထက် ပိုသက်သာစေသည်။ လုံးခနဲ၊ ခဲခနဲမပေးလိုက်ရသည်ကိုက သက်သာ လွန်းလှပြီ။ ညားခါစ ဇနီးမောင်နှံ တို့အတွက်တော့ ကူရာကယ် ရာ မြက် တစ်ပင်ဖြစ်သည်ဟု ဆိုလာသူက ကို ကြည်သာ။

ဇနီးသည်နှင့် နှစ်ယောက်တည်းမို့ တောင်ဥက္ကလာဘက်၌အိမ်တစ်ခြမ်းငှား နေခဲ့သော်လည်း အလုပ်နှင့် သွားလာ နေရသည်ကဝေးပြီး လချုပ် ချုပ်နေ ရခြင်းက ၄င်းတို့ လင်မယားအတွက် စရိတ်ထောင်းလာသည်ဟု ဆိုပြန်သည်။ သည့်အတွက် ထိုကဲ့သို့ တလေပေး အိမ် ထောင်သည် အခန်း များသို့ ကိုကြည် သာတို့ ဇနီးမောင်နှံ မစဉ်းမစားပင် ပြောင်း လာဖြစ်ခဲ့ခြင်း ဖြစ်သည်ဟု ရယ် ကျဲကျဲဖြင့် ပြောလိုက်သည်။

ကာလဒေသကို လိုက်၍ အရောင် ပြောင်း၊ နေရာပြောင်း၊ အရပ်ပြောင်းကြ ရသူများတွင် ရန်ကုန်၌ နေထိုင်သူများ က ထိပ်ဆုံး၌ ဖြစ်နိုင်ခြေရှိ ဟန်တူသည်။ ထိုသူများတွင် နေရာအတိတကျ မရှိနိုင်။ လူတစ်ဦး၏ ကျောင်းသားကတ်၊ဝန်ထမ်းကတ်နှင့်အိမ်ထောင်စုစာရင်း မှ လိပ်စာများ က နှစ်စဉ်မဟုတ်သော် လည်း ပြောင်းလဲမှုတော့ရှိစမြဲဖြစ်သည်။

အထူးသဖြင့် ဝါတွင်းကာလနီးချိန် နှင့် ဝါကျွတ်ကာလများမှာ အိမ်ပြောင်း ရာသီဖြစ်သည်။ ရပ်ကွက်တစ်ခုမှ တစ်ခု၊ မြို့နယ်တစ်ခုမှ တစ်ခု၊ လမ်း တစ် လမ်းမှ တစ်လမ်း စသဖြင့်ပင် ရေကြည် ရာ မြက်နုရာသို့ ပြောင်းရွှေ့ နေကြရသည့် အိမ်ပိုင်မရှိကြသူများ၊ထိုသူတို့ကြား ပွဲ စားခတစ်လစာ ထပ်ဆောင်းပေးနေရ ခြင်းကို မကြိုက်သော်ငြား အိမ်ပွဲစား များနှင့် သူတို့က ဆွေးမျိုးပမာဖြစ်နေရ သည်။ ပတ်သက်မှုက မကင်းရာ မကင်း ကြောင်း သဖွယ်။

အရောင်းဈေးတက်လျှင် အိမ်ငှား ဈေးပါ အလိုလိုတက်တက်ပြီး အရောင်း အဝယ်အေး၍ ဈေးကျချိန်၌လည်း အငှား ဈေးက ပြန်မဆင်းတတ်ေ တာ့ဟု ရန်ကုန်မြို့တွင်း ပွဲစားအချို့ထံမှ သိရ သည်။ ကျောက်တံတား၊ ပန်းပဲတန်း အိမ် ရောင်းဝယ်ငှားလုပ်ကိုင်သူ တစ်ဦးက နောက်ပိုင်းတွင် မြို့ထဲဝန်းကျင်၌ တစ်ဦးတည်း ငှားရမ်းနိုင်မှုမရှိကြတော့ ဘဲ အစုစပ်ပုံစံများ၊ အိမ်ရှင်နှင့် ပူးတွဲ များ နေထိုင်လာကြကြောင်း ဆိုသည်။

မြို့လယ်ကောင်အချက်အချာတွင် နေထိုင်လိုကြသော်လည်း စီးပွားရေး အနေအထားအရ ငှားရမ်းရန် အဆင်မ ပြေ၍ ဆင်ခြေဖုံးများ၊ မြို့သစ်များ သို့ ရွှေ့သူကရွှေ့ကြသည်။ စုပေါင်းနေသူက နေသည်။ ရန်ကုန်၏ နေထိုင်မှု စနစ်မှာ ဆေးမြီးတိုပုံစံဖြင့် သာကုသနေရဆဲ ဖြစ်ပြီး အနာနှင့်ဆေးေ တွ့လှသေးသည် တော့မဟုတ်။ ရန်ကုန်ကို အားကိုးတကြီး ခိုလှုံကြသည့် နယ်မှ တက်လာသူများအ ဖို့လည်း စတင်ရင်ဆိုင်ရသည့်အခက်အ ခဲ က ကျောခင်းစရာ နေရာ။ မိဘလက် ငုပ်လက်ရင်း နယ်ဘက်တွင် အလုပ်အ ကိုင်အဆင်မပြေ၍ အားကိုးရှာလာကာ မှ ငါးပါးမှောက်သည့် အနေ အထားမျိုး ဖြင့်တော့ မပြန်လိုဟု ရန်ကုန်မြို့တွင် သူနာပြု အကူသင်တန်း တက်ရန်လာ ရောက်သည့် အသက်အစိတ်အရွယ် မသီတာက ဆိုသည်။
လက်ရှိတွင် သင်တန်းမှ အိမ်ခန်း၌ပင် အဆောင်ဖွင့် ထား၍ နေစရာပူရန် မလိုသော်လည်း လာမည့် နှစ်လတွင် သင်တန်းပြီးပါက နေစရာအတွက် ပူပန်သောက ရောက်ရ တော့မည်ဟု စိုးရိမ်တကြီးပြောလာ သည်။

ရန်ကုန်၏ နေစရာ အခက်အခဲကို ရန်ကုန်၌ နေထိုင်သူ အများအပြား ခံစား နေကြရပြီး မိသားစု ဘဝများ အတွက် တော့ ရန်ကုန်သည် ခပ်ကြမ်း ကြမ်း ရိုက် ခတ်ဆဲဖြစ်သည်။ မိသားစုစရိတ်နှင့် သားသမီးတွေ ကျောင်း စရိတ်နှင့် လမ်း စရိတ်များအတွက်ကိုပါ စဉ်းစားချင့် ချိန် ရင်း ရသုံးငွေ စာရင်းကို အမြဲတမ်းလိုလို တွက်ချက်နေရသည်ဟု မင်္ဂလာတောင် ညွန့်မြို့ နယ်မှ မသန္တာက ၄င်း၏ နေ့စဉ် ခေါင်းခြောက်ရပုံများကို တစ်စစီဆွဲ ထုတ်ပြောပြသည်။

မသန္တာက ၂ဝ ကျော်ပတ်ဝန်းကျင် တွင် မုံရွာဘက်မှ ရန်ကုန်သို့ ကိုယ့်ဒူး ကိုယ်ချွန်မည်ဟုဆိုကာ တက်လာရင်း ရန်ကုန်၌ပင် နဖူးစာရွာ လည် သွားခဲ့သည် ဟု ဆိုသည်။ ကြင်စအချိန်တွင် အထက် ပါ ကိစ္စများ က ပြဿနာမဟုတ်ခဲ့။ လင် နှင့်မယား ဝမ်းဝရုံသာမက ခါးပင်လှနိုင် ကြသေးသည်။ သို့သော် ..

သားသမီးနှစ်ဦးရပြီးသည် အထိ အိမ်အပိုင်မရှိနိုင်သေးသည်က သူတို့ ဇနီးမောင်နှံအတွက် အဓိက စိန်ခေါ် လာသည့် ပြဿနာကြီးအဖြစ် ပြောင်း လဲလာခဲ့သည်ဟု ဆိုသည်။ တရိပ်ရိပ် တက်လာသည့် အိမ်ငှားခနှုန်းများကြား လင်သား၏ လစာဖြင့် ရပ်တည်ရန် ခက်ခဲလာချေပြီ။ သည့်အတွက် သူမပါ အလုပ်ထွက်လုပ်ရန် ကြိုးပမ်းမိသော် လည်း ယခုထိ မအောင်မြင်သေးဟု ခြေကုန်လက်ပမ်းကျသည့် ဟန်ဖြင့်ဆို လိုက်သည်။

ပြီးနောက်တွင်တော့ ”ဒီ တစ်နေရာ အိမ်ငှားခတက်ရင် နောက် တစ်နေရာလည်း တက်မှာပဲ။ ဝေးသွား တာပဲ အဖတ်တင်မယ်။ ဒီလိုသာ အိမ်ငှားခေ တွ ဆက်ဈေးတက်နေဦး မယ်ဆိုရင်တော့ အမေတို့ရှိတဲ့ နယ် ကိုပဲ ပြန်တော့မယ်” ရန်ကုန်သည် နေ ချင်စဖွယ်အတိပြီးသည့် ရွှေမြို့တော်။ ထိုခေါင်းစဉ်အောက်တွင်တော့ မိသားစု ဘဝများစွာ၏ ညည်းညူသံများ ညံစီ၍ ကောင်းတုန်းပင်ဖြစ်သည်။

အောင်ဇော်၊ သုတလင်း၊
မြတ်စုငြိမ်း၊ ခိုင်နွယ်ဦး

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့