Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 3 July 2013

» မန္တလေးတွင် လိုင်စင်မဆောင်သည့်လုပ်ငန်း နှစ်ထောင်ကျော်ကို အရေးယူမည်

 မန္တလေးမြို့တော် စည်ပင်သာယာရေး နယ်နိမိတ် အတွင်းရှိသော အရောင်းဆိုင်များ အပါအဝင် လုပ်ငန်းငယ်ပေါင်း တစ်သောင်းကျော်ခန့်အနက် လုပ်ငန်းလိုင်စင် ဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းနှစ်ထောင်ခန့်ကို အရေးယူသွားမည် ဖြစ်ကြောင်း အဆိုပါကော်မတီ သန့်ရှင်းရေးဌာနမှ တာဝန်ရှိသူတစ်ဦးက The Voice သို့ ပြောကြားသည်။

ယခု ၂၀၁၃-၂၀၁၄ ဘဏ္ဍာနှစ်အတွက် လုပ်ငန်းလိုင်စင် သက်တမ်းတိုးခြင်းနှင့် လိုင်စင်သစ် ပြုလုပ်ခြင်းကို ဧပြီလမှ ဇွန်လ ၂၆ ရက်နေ့ နောက်ဆုံးထား ပြုလုပ်ရန် မန္တလေးမြို့တော် စည်ပင်သာယာရေး ကော်မတီ သန့်ရှင်းရေးဌာနက အသိပေး ကြေညာထားပြီး ဇူလိုင်လ ၁ ရက်နေ့မှ စတင်ကာ လိုက်နာခြင်း မရှိသည့် လုပ်ငန်းရှင်များကို စစ်ဆေးအရေးယူမည် ဖြစ်ကြောင်း ၎င်းကထပ်မံ ပြောကြားသည်။

“လုပ်ငန်းလိုင်စင် သက်တမ်းတိုးဖို့ အချိန်သုံးလတောင် ပေးထားတာပဲ။ လိုက်နာမှု မရှိသူတွေကို စစ်ဆေးပြီး ဒဏ်ကြေးလည်း ရိုက်မယ်။ ကြွေးကျန်တွေကို လုပ်ငန်း ပိတ်သိမ်းမယ်။ ပြီးတော့ သတင်းစာတွေမှာ အမည်ပျက် စာရင်းသွင်းပြီး ကြေညာမယ်။ လုပ်ငန်းလိုင်စင် ပြန်လျှောက်ချင်ရင် အမည်ပြောင်းပြီးမှပဲ ပြန်လျှောက် လို့ရမယ်” ဟု အဆိုပါ တာဝန်ရှိသူကဆိုသည်။

သတ်မှတ်ကာလအတွင်း လိုက်နာဆောင်ရွက်ခြင်း မရှိသည့် လုပ်ငန်းရှင်များ၏ လုပ်ငန်းလုပ်ဆောင် ခွင့်ကို ရပ်ဆိုင်းမည်ဖြစ်ပြီး လုပ်ငန်းရပ်ဆိုင်းခြင်း မရှိဘဲ ဆက်လက်လုပ်ကိုင်ပါက စည်ပင်ဥပဒေအရ ဒဏ်ကြေး ငွေကျပ်သုံးသောင်းမှ ကျပ်သုံးသိန်းအထိ သို့မဟုတ် ထောင်ဒဏ်သုံးလ၊ ဒဏ်ကြေးငွေ ကျပ်ငါးသောင်းမှ ကျပ်ငါးသိန်းအထိ သို့မဟုတ် ထောင်ဒဏ်တစ်နှစ် သတ်မှတ်ထားပြီး လုပ်ငန်း ပိတ်သိမ်းခံရ၍ ပြန်လည် လုပ်ကိုင်လိုပါက လိုင်စင်အသစ် ပြန်လည်လျှောက်ထားရမည် ဖြစ်ကြောင်း ၎င်းကထပ်လောင်း ပြောကြားသည်။

“အန်တီတို့ ဆိုင်ကတော့ လိုင်စင်သက်တမ်းတိုးဖို့ စည်ပင်ကခေါ်ပြီး သတိပေးကတည်းက သွားပြီး သက်တမ်း တိုးထားလိုက်တယ်။ သုံးလအတွင်း လိုင်စင်သက်တမ်း မတိုးရင် လုပ်ငန်းပိတ်သိမ်းမယ် ဆိုလို့လေ” ဟု အောင်မြေသာစံမြို့နယ် အတွင်းရှိ ဆေးနှင့်ဆေးပစ္စည်း အရောင်းဆိုင် ပိုင်ရှင်တစ်ဦးက ဆိုသည်။

မန္တလေးခရိုင် အတွင်းရှိ မြို့နယ် ခုနစ်မြို့နယ်တွင် ပြီးခဲ့သည့် ၂၀၁၂-၂၀၁၃ ဘဏ္ဍာနှစ်အတွင်း မှတ်ပုံတင်ထားသော လုပ်ငန်းလိုင်စင် စုစုပေါင်း ၁၃၂၀ ခု ရှိကြောင်း အဆိုပါကော်မတီ မှတ်တမ်းများအရ သိရသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့