မြန်မာသမ္မတဦးသိန်းစိန် မိန့်ခွန်းပြောကြားနေစဉ် (ဓာတ်ပုံ - နိုင်ငံတော်သမ္မတရုံးအင်တာနက်စာမျက်နှာ) မြန်မာနိုင်ငံရဲ့ လက်ရှိ အခြေအနေနဲ့ ပတ်သက်လို့ သမ္မတဦးသိန်းစိန်က ဒီကနေ့ နိုင်ငံကို အသံလွှင့်မိန့်ခွန်း ပြောကြားရာမှာ ဇွန်လအတွင်းက ဖြစ်ပျက်ခဲ့တဲ့ အကြောင်းအရာတွေကို မီးမောင်းထိုးပြသွားပါတယ်။ အဓိကအားဖြင့် ပြည်တွင်းဖြစ်ပျက်မှုကနေ ပြည်ပေ ရာက် မြန်မာနိုင်ငံသားတွေအထိ ဂယက်ရိုက်ခံရတဲ့အတွက် လိုအပ်တဲ့ အကူအညီတွေကို သက်ဆိုင်ရာ မြန်မာသံရုံးတွေကနေတဆင့် ဖြည့်ဆည်းပေးဖို့ အရည်အသွေး မြှင့်တင်ပေးရမှာ ဖြစ်တယ်လို့ ပြောကြားသွားပါတယ်။ ဒါ့အပြင် စီးပွားရေး၊ ဘာသာရေး ကိုးကွယ်မှုများနဲ့ နိုင်ငံတကာ သတင်းမီဒီယာတွေထံကိုလည်း ပန်ကြားမှုတွေကို ထည့်သွင်းပြောဆိုသွားပါတယ်။ သမ္မတဦးသိန်းစိန်ရဲ့ နိုင်ငံတော်မိန့်ခွန်း အပြည့်အစုံကို ကိုအောင်ရဲမောင်မောင်က တင်ပြထားပါတယ်။
ဒီနှစ် ဇွန်လဆန်းမှာ မြန်မာနိုင်ငံတွင်းမှာ ဖြစ်ခဲ့တဲ့ ဘာသာရေး၊ လူမျိုးရေး ပဋိပက္ခတွေဟာ ပြည်ပနိုင်ငံ တစ်ခုဖြစ်တဲ့ မလေးရှားနိုင်ငံအထိ ရိုက်ခတ်ခဲ့တာပါ။ မလေးရှားနိုင်ငံတွင်းမှာ ရှိနေတဲ့ မြန်မာတွေ အကြမ်းဖက် တိုက်ခိုက်မှုတွေ ခံခဲ့ရအပြီးမှာ မြန်မာနိုင်ငံက နိုင်ငံခြားရေးဝန်ကြီးဌာနနဲ့ အလုပ်သမားရေးဝန်ကြီးဌာနက ဒုဝန်ကြီးတွေ လိုက်သွားအပြီးမှာ မြန်မာနိုင်ငံကို ပြန်လာလိုတဲ့သူတွေလည်း ပြန်လာနိုင်ခဲ့တာ ဖြစ်ပါတယ်။
ဒါကြောင့် ပြည်ပနိုင်ငံတွေမှာ ရောက်နေတဲ့ မြန်မာလူမျိုးတွေရဲ့ အခွင့်အရေးတွေအတွက် နိုင်ငံတကာမှာ ဖွင့်လှစ်ထားတဲ့ မြန်မာသံရုံးတွေရဲ့ အရည်အချင်းကို မြှင့်တင်ဖို့ လိုတယ်ဆိုပြီးတော့ နိုင်ငံတော် သမ္မတက သူရဲ့ ဇူလိုင်လအတွက် ပြည်သူတွေကို ရေဒီယိုက ပြောကြားတဲ့ ဒီကနေ့ မိန့်ခွန်းမှာ ပြောခဲ့တာပါ။
“ပြည်ပနိုင်ငံများမှာ ရောက်ရှိနေကြတဲ့ ကျနော်တို့ နိုင်ငံသားများ၊ အထူးသဖြင့် ပြည်ပမှာ ခက်ခက်ခဲခဲ ရုန်းကန်နေကြတဲ့ မြန်မာများရဲ့ လုံခြုံရေးနဲ့ လိုအပ်တဲ့ ကာကွယ်စောင့်ရှောက်မှုတွေကို ထိရောက်စွာ ပေးနိုင်ဖို့အတွက် ပြည် ပနိုင်ငံများမှာ အခြေစိုက်တဲ့ မြန်မာသံရုံးများရဲ့ စွမ်းဆောင်ရည်တွေကို မြှင့်တင် တိုးချဲ့ ဆောင်ရွက်သွားရမယ် ဆိုတာကိုလည်း အထူးဂရုပြုမိပါတယ်။”
နိုင်ငံတော် သမ္မတ က သံရုံးတွေရဲ့ အရည်အသွေး မြှင့်တင်ဖို့ ပြောဆိုလာတာ ဟာ ကောင်းမွန်တဲ့ ရည်ရွယ်ချက် ဖြစ်ပြီးတော့ အခုလို ပြောတာဟာ နောက် ကျနေပြီလို့တောင် ရှုမြင်တဲ့အကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနက လက်ထောက်ညွှန်ကြားရေးမှူး အငြိမ်းစား ဦးခင်ထွန်း က အခုလို ပြောပါတယ်။
“ကျနော့်အနေနဲ့ကတော့ အဲ့ဒါကို အရမ်းကို ကြိုဆိုပါတယ်။ ဒီမြန်မာသံရုံးဝန်ထမ်းတွေရဲ့ စွမ်းရည်ပေါ့ဗျာ သမ္မတကြီးပြောသလိုပေါ့ အဲ့ဒါ မြှင့်တင်ဖို့ကတော့ အရမ်းကို လိုအပ်တယ်။ နောက်တောင်ကျနေတယ်လို့ ကျနော် ထင်တယ်။”
မြန်မာနိုင်ငံကို ကမ္ဘာ့အလုပ်သမားအဖွဲ့ချုပ်ကနေ ပိတ်ဆို့အရေးယူမှုတွေကို ဖွင့်ပေးလိုက်တဲ့အတွက် ပြည်တွင်းမှာ စီးပွားရေးလုပ်ငန်းတွေ ပိုပြီး လုပ်ကိုင်နိုင်ခွင့် ရလာမယ်လို့လည်း သမ္မတ ဦးသိန်းစိန် က ပြောပါတယ်။
အတင်းအဓ္မမ လုပ်အားပေး ခိုင်းစေတာတွေ၊ ကလေးစစ်သား ပပျောက်လာတာတွေကြောင့် မြန်မာနိုင်ငံဟာ ILO ရဲ့ ပိတ်ဆို့အရေးယူမှုတွေ ဒီလပိုင်းတွေအတွင်းမှာ ရခဲ့တာဖြစ်ပြီးတော့ နောက်ပိုင်းမှာ သမ္မတ ပြောသလို ပြည်ပ ရင်းနှီးမြှုပ်နှံမှုတွေ ၀င်လာဖို့ရှိတယ်လို့လည်း မြန်မာအလုပ်သမားအဖွဲ့ချုပ် အထွေထွေ အတွင်းရေးမှူး ပြည်သစ် ညွှန်ဝေ (ခေါ်) ဦးမောင်မောင် က ပြောပါတယ်။
“၀င်ငွေရတဲ့ပေါ့နော် အခု ကျနော်တို့ နိုင်ငံမှာရှိတဲ့ အလုပ်သမားရော၊ အလုပ်ရှင်ရော ဆက်ဆံရေး ပြေလည်လာမယ်။ ပြေလည်လာလို့ရှိရင် အဲ့ဒီကနေတဆင့်မှ ဒီလို ပြေလည်လာတဲ့ အနေအထားကို တွေ့လို့ရှိရင် နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုက ၀င်လာမယ်ဆိုတဲ့ကိစ္စမျိုး၊ ၀င်လာတဲ့ နိုင်ငံခြား ရင်းနှီးမြှုပ်နှံမှုကလည်း အလုပ်ရှင်၊ အလုပ်သမား ဆက်ဆံရေး ကောင်းလို့ရှိရင် ဒီတိုင်းပြည်မှာ ကြာကြာနေမယ်ပေါ့။ ဘာလို့လဲဆိုတော့ ကျနော်တို့နိုင်ငံမှာ အလုပ်ရှင် အလုပ်သမား အငြင်းပွားမှု နည်းတယ်ဆိုလို့ရှိရင် ရင်းနှီးမြှုပ်နှံမှုက နေမှာပဲ။”
တိုင်းမ် မဂ္ဂဇင်းမှာ ဖော်ပြထားတဲ့ ဆောင်းပါးဟာ မြန်မာနိုင်ငံသား အများစုရဲ့ ကိုးကွယ် ယုံကြည်မှုကို ကိုယ်စားမပြုဘဲနဲ့ လူတစုရဲ့လုပ်ရပ်အပေါ်မှာ အခြေခံပြီး လုပ်ဆောင်ခဲ့တာကို ရေးသားခဲ့တာဖြစ်တယ်လို့ သမ္မတ က သုံးသပ်ပြောကြားခဲ့တာပါ။ ဒါ့အပြင် ၂၆ လသာရှိသေးတဲ့ မြန်မာအစိုးရအပေါ် မှာ နိုင်ငံတကာ မီဒီယာတွေအနေနဲ့ လိုက်လျောညီထွေတဲ့ တိုင်းတာမှုမျိုးတွေနဲ့ ရှုမြင်တိုင်းတာဖို့ လိုအပ်တယ်လို့ ဦးသိန်းစိန် က ပြောပါတယ်။
“နိုင်ငံတကာ မီဒီယာများကို ပြောကြားလိုတာကတော့ ကျနော်တို့ လုပ်ဆောင်နေတဲ့ ပြုပြင်ပြောင်းလဲရေးများရဲ့ အခြား မျက်နှာစာတဘက်မှာ ကြီးမားတဲ့ စိန်ခေါ်မှုများ သမိုင်းဖြစ်ရပ်များရဲ့ အမည်းရိပ်များနဲ့ မိမိတို့ လူ့အဖွဲ့အစည်းရဲ့ သံသယကြီးမားမှုနဲ့ အကဲဆတ်မှုများကို ထည့်သွင်းစဉ်းစားစေလိုကြောင်း ပြောကြားလိုပါတယ်။ အထူးသဖြင့် မြန်မာနိုင်ငံရဲ့ နိုင်ငံရေးဖြစ်ထွန်းမှုများနဲ့ ဒီမိုကရေစီရေး တည်ဆောက်မှုများကို တိုင်းတာတဲ့အခါမှာ ၂၆ လသာရှိသေးတဲ့ ကာလနဲ့ လိုက်လျောညီထွေရှိမယ့် တိုင်းတာမှုမျိုး ဖြစ်သင့်ပါတယ်။”
မြန်မာနိုင်ငံ သတင်းစာဆရာအသင်းက ဒုဥက္ကဌ ဦးကိုကို က အခုလို သမ္မတ ရဲ့ ပြောကြားခဲ့တဲ့ မိန့်ခွန်းအပေါ်မှာ သူ့ရဲ့သုံးသပ်ချက်ကတော့ -
“မြန်မာနိုင်ငံကို ဒီအချိန်မှာ တွန်းချမှာလား။ ဆွဲတင်မှာလား ဆိုတာ အဲ့ဒါလေးပဲ ကျနော် မေးချင်ပါတယ်။ နိုင်ငံတကာအတွက်ကို အမှားကြီးမှားခဲ့တဲ့ စနစ်ကနေပြီးတော့ စနစ်မှန်တစ်ခုကို လမ်းကြောင်းမှန်တစ်ခုကို ရွေ့လာတဲ့ အချိန်မှာ အဲ့ဒီလို သွားနေတဲ့ နိုင်ငံလေးတစ်နိုင်ငံကို နိုင်ငံတကာ မီဒီယာတချို့က အခုလုပ်နေတဲ့ တချို့လုပ်ရပ်တွေက တွန်းချနေတယ်ပေါ့ဗျာ။ ဖေးမပြီးတော့ ဆွဲတင်တဲ့ပုံစံမျိုး သွားပေးနိုင်ရင်တော့ ပိုကောင်းမယ်လို့ ကျနော် ထင်တယ်။ တိုင်းပြည်အတွက် ပိုအကျိုးရှိလိမ့်မယ်လို့ ထင်ပါတယ်။”
ပြည်တွင်းငြိမ်းချမ်းရေးမှာ တိုးတက်မှုတွေ ရှိလာတာဟာ မြန်မာနိုင်ငံ အတွင်းမှာ နေထိုင်နေတဲ့ ပြည်သူအများ မျှော်လင့်တောင့်တနေတဲ့ အရာတွေ ပုံပေါ်နေပြီဖြစ်တယ်လို့ ပြောလိုတဲ့အကြောင်း သမ္မတ ဦးသိန်းစိန်က သူရဲ့မိန့်ခွန်းနိဂုံးမှာ ပြောခဲ့ပါတယ်။ သမ္မတ ဦးသိန်းစိန်ဟာ ၂၀၁၃ ခုနှစ် ဇန်န၀ါရီလကစပြီး ပြည်သူလူထူကို ရေဒီယိုကနေပြီး မိန့်ခွန်းပြောကြားခဲ့တာ ဖြစ်ပါတယ်။
Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Wednesday 3 July 2013
နိုင်ငံသားတွေကို စောင့်ရှောက်ဖို့ မြန်မာသံရုံးတွေကို သမ္မတတိုက်တွန်း
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2013
(4597)
-
▼
July
(645)
- ယာဉ်နောက်လိုက်၏ ဦးခေါင်း (၃၉) အထူးယာဉ် ကြိတ်
- မိုးအဆက်မပြတ် ရွာသွန်းသဖြင့် ရေကြီး ရေလျှံမှုများ မ...
- ပါကစ္စတန် အကျဉ်းထောင်ကို တာလီဘန်တွေက တိုက်ခိုက်ခဲ့
- ချင်းတွင်းမြစ်ရေ တိုက်စားမှုကြောင့် ကနီမြို့တာရိုြး...
- ကလေးတွေ ပြည့်တန်ဆာ အဖြစ် အသုံးချခံနေရတာကိုFBIနှိမ်...
- တရားဝင်မှတ်ပုံတင်ဖို့ ကားစာရင်း ပေးပို့ရန် တောင်ပိ...
- တရားရုံးက စီရင်လိုက်သည့်အမှုများကို ဝေဖန်နိုင်ပြီ
- မိန်းကလေး စိတ်ပေါက်နေသူနှင့် ခုနစ်နှစ်ကြာ ချစ်ကြို...
- ပရိသတ်ရင်ထဲလည်း မရောက်နိုင်ဘူးဆိုရင် မရိုက်ချင်တော...
- ကိုယ့်မြန်မာ ဝတ်စုံတွေကိုတော့ မပျောက်ပျက် စေချင်ဘူ...
- ကော လာ ဟ လ နဲ့ စံရတီမိုးမြင့်
- နှိပ်စက်ညှင်းပန်း ခြိမ်းခြောက်ပြီး ပရောဂါလို့ စွပ်...
- အဓမ္မပြုကျင့်ခံရသည်ဆိုသော သူငယ်တန်းကျောင်းသူနှင့် အ...
- မိခင်အလောင်းကို စားသောက်သူအဖြစ် သံသယရှိသူကို ရဲမျာ...
- ဆက်သွယ်ရေးဝန်ကြီးဟုဆိုကာ ငွေကျပ် သိန်း ၅၀ ကျော် လိ...
- တစ်လအတွင်း ဗီဒီယိုဇာတ်ကား ၂၁ ကား ဆင်ဆာထိနေ
- The Voice Weekly Vol.9/No.29
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာသံတော်ဆင့် အပတ်စဉ် ...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် Focus Online ဂျာနယ် အတွဲ(...
- ဇူလိုင်လ (၂၃)ရက်နေ့ ထုတ် ကုမုဒြာ ဂျာနယ် အတွဲ ၃၊ အမ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် ကြေးမုံ နေ့ စဉ် သတင်းစာ
- ဌာနေ ပြန်ချင်တဲ့ မလေးရှားရောက် မြန်မာတွေ အခက်တွေ့နေ
- Adobe Photoshop Cs4
- ဆက်သွယ်ရေးနှင့် သတင်း အချက်အလက်နည်းပညာ ၀န်ကြီးဌာန၊
- 'V Root အသုံးပြုပုံလေးပါ ...'
- 'Android Phone တော်တော်များများကို Root လုပ်ပေးနို...
- အရှင်သာရိပုတ္တရာ မထေရ်မြတ်၏ အမျက်ဖြေတရား"'
- 'အပျိုသီလ'
- Free Make Video Converter အရမ်းအသုံးတည့်ပါတယ်'
- 'wifi တွေကိုလွယ်ကူစွာရှာဖွေရင် wifi radar ကိုသုံးပါ'
- အလွယ်ကူဆုံး ထိုင်းစကားပြော စာအုပ်လေး
- ကိုယ်ချင်းစာ နာခဲ့ရပြီ'
- မန္တလေး ပေါက်ကွဲမှုအတွက် မသင်္ကာသူများကို စတင် စစ်ဆေး
- ဗိုလ်ချုပ်စိုးရှိန် သေနတ်ဖြင့် ခြိမ်းခြောက်မှု တောင...
- လက်ပံတောင်း ကြေးနီမိုင်း စက်တင်ဘာမှာ ပြန်စမည်
- အာဂျင်တီးနားနိုင်ငံမှ H1N1 ဗိုင်းရပ်ပိုးကူးစက်မှြုေ...
- ထိုင်းအစိုးရမှ လျှပ်စစ်စွမ်းအင် ကဏ္ဍအတွက် ဆိုလာပြားမ...
- စပိန်နိုင်ငံတွင် မီးရထားလမ်းမတော်တဆမှု ဖြစ်ပွားခဲ့
- ဂျပန်မြေအောက်မီးရထားအတွင်း ဖက်ရှင်ရှိုးတစ်ခု ကျင်းပ...
- ယခုလ အတွင်း အာရှဒေသမှ ဘုရာဖူး အများအပြား ရွှေတိဂုံေ...
- ဂျပန်နိုင်ငံမှ လှူဒါန်းသည့် မီးသတ်ယာဉ်များအား အမြန...
- တန်ချိန် ၃၃၃ တန်ရှိ ကြေးသွန်း ခေါင်းလောင်းကြီး တစ်...
- ဆီးဂိမ်းအတွက် ဆိုင်းဘုတ်ကိုင် အမျိုးသမီး Volunteer...
- ဂျာမနီနိုင်ငံမှ တရားဥပဒေပိုင်း ဆိုင်ရာတွင် ကူညီမှုမ...
- မလေးရှားပြန် အလုပ်သမား ၅၃၀ အား အလုပ်နေရာများ ပြန်လ...
- အာမခံ ကုမ္ပဏီ ၃ ခုအား သြဂုတ်လဆန်းပိုင်း ခန့်တွင် လု...
- ဇူလိုင်လ ၂၆ရက်နေ့ အတွက် မိုးလေ၀သ ခန့်မှန်းချက်
- ပင်လယ်ပြင် ငါးဖမ်းဆီးရေးကို ၇၅ ရာခိုင်နှုန်းထက် မပိ...
- ကံစမ်းမဲပေါက်သည်ဟု ပြောဆို လိမ်လည်သူတွေ ဖမ်းမိ
- သမီး ယောက်ဖချင်းစကားများ ရန်ဖြစ်ရာမှ လူသတ်မှုဖြစ်
- လွှတ်တော် ဥပဒေ မူကြမ်း ကိစ္စ လွှတ်တော်နဲ့ သမ္မတ သဘော...
- ရေအောက် cable ဆက်ကြောင်းပြင်ဆင်မှု ကြိုးစားဆဲ
- စာချုပ်သစ်အတိုင်း ကြေးနီစီမံကိန်း ကို အကောင်အထည်ေ...
- လက်ပန်းတောင်းတောင် စာချုပ်သစ်အပေါ် ဆန္ဒပြ
- ဧရာဝတီတိုင်းတွင် ရေကြီးရေလျှံမှု ဖြစ်ပွား
- ပါရမီ/အဓိပတိ ယာဉ်မောင်းနှင့် ယာဉ်နောက်လိုက်အား အရေ...
- ထိုင်းနယ်စပ်က၀င်သည့် နိုင်ငံခြားသားများ နှစ်သက်ရာလ...
- အဂတိလိုက်စားမှု တိုက်ဖျက်ရေး ကော်မရှင်အဖွဲ့ဝင်များ ...
- ဧရာဝတီတိုင်းတွင် ရေကြီးမည့် ဘေးအန္တရာယ်ရှိဟု မိုးလေ...
- ၂၀၁၅ မြန်မာနိုင်ငံတွင် နိုင်ငံခြားရင်းနှီးမြှုပ်နှ...
- ထားဝယ်တွင် ရေကြီး
- ပုသိမ် ရေနက်ဆိပ်ကမ်းဆောက်ရန် ဒေသခံ လယ်သမားများငြင်...
- စည်းမဲ့ကမ်းမဲ့ သစ်ခိုးထုတ်မှူကြောင့် မေယူတောင်တန်း...
- တရုတ်သို့ရောင်းချမည့် ခွေးနှစ်ရာ ပြန်ရွေးရန်ငွေလို
- ဝန်ကြီးအပြောင်းအလဲတွေအပေါ် သုံးသပ်ချက်
- အမ်းမြို့နယ်တွင် ကျောင်းဆရာမ တစ်ဦး ရဲဒင်းဖြင့် ခုတ...
- ဇူလိုင်လ (၂၇)ရက်နေ့ ထုတ် Net Guide Journal Vol 2 I...
- ဇူလိုင်လ (၂၆)ရက်နေ့ ထုတ် EURO SPORTS Journal (VOL....
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် အားကစားမြင်ကွင်း ဂျာနယ် အ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် 7Day News ဂျာနယ် အတ...
- ဝိုင်းမော်မြို့နယ်အတွင်း စိတ်ကြွဆေးပြား ၊ ဘိန်းဖြူ...
- ယနေ့ ည မြစ်ကြီးနားမြို့ မှာ သိန်းရာနှင့်ချီ တန်းဖု...
- စင်္ကာပူလို ဖြစ်ချင်ရင် ဒါတွေကိုပါ အတုခိုးဖို့ လိုမယ...
- ဆံပင်ကျွတ်ခြင်းကို ကာကွယ်နိုင်သော အစားအစာ အုပ်စုေ...
- ချမ်းသာဖို့ နည်းလမ်း(၇)သွယ်
- ကြေးနီစီမံကိန်း ကော်မရှင်အကြံပြုချက်များ အကောင်ထည်...
- ယာဉ်ဖြတ်ကူးစဉ် တံတား ကျိုးကျသော်လည်းထိခိုက်ဒဏ်ရာ ...
- ခရီးသွားများ လူနေအိမ် နေခွင့်မရှိ
- မြစ်ရေတင်စီမံကိန်းအတွင်း အဓမ္မလုပ်အားပေးခိုင်းစေ ဟုဆို
- အင်ဒိုနီးရှားငါးဖမ်းလှေပေါ်မှ မြန်မာလုပ်သားများကို ...
- မန္တလေးပေါက်ကွဲမှု သံသယရှိသူများကို ဖမ်းဆီးစစ်ဆေးနေ
- ပြည်နယ်နှင့် တိုင်းအစိုးရများ ငွေကို စနစ်တကျသုံးစွ...
- အမျိုးသားကျန်းမာရေးမူဝါဒ လွှတ်တော်တင်ရန် ကြန့်ကြာမည...
- ပြည်ပ ရင်းနှီးမြုပ်နှံမှုတွင် အဟန့်အတားဖြစ်နေသောေ...
- ငါးဖမ်းစက်လှေ၌ လူသေအလောင်း ပါရှိလာ
- မလေးရှာနိုင်ငံမှ နိုင်ငံကူးလက်မှတ်စာအုပ် အတုများဖြ...
- သမီးဖြစ်သူ အသက် ၁၃ နှစ်အရွယ်ကို ရည်းစားက အဓမ္မကျင့်...
- သြစီခိုလုံခွင့်တောင်းခံသူ မူဝါဒသစ်ကို အင်ဒိုဝေဖန်
- ဗီဒီယိုရိုက်ကွင်း ဖြစ်လာတဲ့ ဦးခင်ညွန့်ရဲ့ ကော်ဖီဆိုင်
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် မြန်မာ့အလင်း နေ့ စဉ် သတင်းစာ
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် SHADE ဂျာနယ်၊ အတွဲ(၇)၊အမှ...
- ဇူလိုင်လ (၂၄)ရက်နေ့ ထုတ် ကျန်းမာရေးနှင့် အလှအပ ဂျာ...
- ဇူလိုင်လ (၂၅)ရက်နေ့ ထုတ် ပြည်မြန်မာသတင်း ဂျာနယ် အမ...
- ကင်ဆာ တိုက်ဖျက်ရန် ဆေးသစ် ထုတ်လုပ်နိုင်ပြီဟု ကျူးဘ...
- ကော့သောင်းမြို့ နယ်စပ်စခန်း မှ နိုင်ငံခြားသားများ ...
- ပွဲတော်လာလှည်းတို့ရဲ့ ကျက်သရေ
- တပ်သားများ အဓမ္မ စုဆောင်းခြင်း မရှိဟု ကာကွယ်ရေး ဒုဝ...
- တက္ကစီနှင့်ဆိုင်ကယ် မျက်နှာချင်းဆိုင်တိုက်၊ နှစ်ဦးသေ
- အကြမ်းဖက်ဝါဒနှင့်အကြမ်းဖက်လုပ်ရပ် ပြင်း ထန်စွာ ရှုတ...
-
▼
July
(645)
No comments:
Post a Comment