Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

သင်၏ တန်ဘိုးကို အမြင့်မားဆုံး ဘယ်လောက် သတ်မှတ်ထားပါသလဲ?

။ သူတစ်ပါးကိုလည်း မထိခိုက်၊ မိမိအလိုဆန္ဒကိုလည်း ပြည့်ဝစေရန် ပြောဆိုနိုင်သော အရည်အချင်းသည် လူသားတို့၏ ထူးခြားမှုစွမ်းရည်။
၂။ ဘယ်နေရာ ဘယ်အလုပ်တွင်မဆို၊ လုပ်ရိုးလုပ်စဉ်ထက် ပိုမိုကောင်းမွန်အောင် လုပ်နိုင်သူအား အလုပ်ရှင်တိုင်းက အလိုရှိသည်။
၃။ ကျွမ်းကျင်သော အရောင်းဈေးသည် သည် ဝယ်သူ၏ စိတ်တွင်း အခြေအနေကို သိရှိသည်။
၎။ ကျွန်ုပ်တို့အားလုံးသည် ရာထူးတည်မြဲရေးနှင့် ရာထူးတိုးတက်ရေးအတွက် အရည်အချင်းများကို ရောင်းစားနေရသည်။
၅။လူတစ်ဦးနှင့်တစ်ဦး ပူပေါင်းကြိုးပမ်း အားထုတ်မှု မှန်သမျှသည် အရောင်းဈေးသည်ဘဝနှင့် အကျုံးဝင် နေသည်။
၆။ အခွင့်အလမ်းများကို မိမိကိုင်တိုင် ဖန်တီးယူမှ ရမည်။ အချင်းချင်းပူးပေါင်းဆောင်ရွတ်မှသာ အခွင့်အလမ်း များ ဆက်တိုက်ရရှိနိုင်မည်။
၇။ အရောင်းဈေးသည်ဆိုသည်မှာ ကုန်ပစ္စည်းများ ထုတ်လုပ် ရောင်းချခြင်းသာမက မိမိအရည်အသွေးကိုလည်း ရောင်းစားနိုင်ရမည်။
၈။လူ့ဘဝဆိုသည်မှာ သက်တမ်းတလျောက်လုံး၊ မဆုံးနိုင်အောင် ဆက်ကာဆက်ကာ မိမိကိုယ်ကို ရောင်းချနေခြင်း ဖြစ်သည်။
၉။မွေးစကလေးသည်ပင် အရောင်းဈေးသည်ဖြစ်ရချေသည်။ နို့ဆာသည့်အခါ ပိုက်ထွေးခံလိုသည့်အခါ ငို၍ သူ့ဆန္ဒပြည့်ဝစေသည်။
၁၀။သင်၏ ကုန်ပစ္စည်းကို အရည်အသွေး မြှင့်တင်ထားမှ သင်ရှိရာဆီသို့ ဝယ်သူ အများအပြား လာရောက် အားပေးကြမည်။
ဆက်လက်ဖော်ပြပါဦးမည်။
စာဖတ်သူအားလုံးသက်ရှည်ကျန်းမာစိတ်ချမ်းသာ၍ လိုရာဆန္ဒများပြည့်ဝကြပါစေ။
အရှင်ဝိမလဝံသ(နာလန္ဒာတက္ကသိုလ် အိန္ဒိယနိုင်ငံ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့