Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

မိန်းမကို ကလေးတပြွှတ်ပြွှတ်မမွေးအောင် .. လုပ်ချင်ရင် လွယ်လွယ်လေး ...

သိတယ်မဟုတ်လား .. တူတူမအိပ်နဲ့ပေါ့ .. ဟီးဟီး ..
အဲ့ဒါဆို ၀ိုင်းတုတ်ကြမှာ :P
အောက်မှာရေးထားတာလေးအတိုင်းပဲပေါ့ ... ( snake အပိုအာချောင်သည် )

သားသမီး ဝေးလိုသောသူများအတွက် အစွမ်းထက် ထိကရုံးပင်

ကျွန်တော်တို့ ငယ်စဉ်က ထိကရုံးပင်လေးတွေကို တွေ့လျှင် အရွက်တွေကို လက်နှင့် တို့ကစားလိုက်ပါက ထိကရုံးအရွက်များသည် ပြန့်နေရာမှ အရွက်များ ကပ်သွားပြီး ပိတ်သွားကြသည်။ ဤသည်ကို ကျွန်တော်တို့က ကစားစရာကဲ့သို့ ယူဆပြီး ကစားခဲ့ကြသည်။

ယခုအရွယ်ရောက်၍ တိုင်းရင်းဆေးပညာကို လိုက်စားလာသောအခါ ထိုထိကရုံးပင်များ၏ အစွမ်းသတ္တိ ထူးခြားမှုတွေကို တွေ့မြင်ရသည်။
ထိုအခါ ထိကရုံးပင်များ၏ တန်ဖိုးကို ထားလာတတ်သည်။ ထူးခြားမှုမှာ ထိကရုံးပင်သည် သားသမီးဝေးလိုသူများအတွက် အားကိုးအားထား ပြုထိုက်ပုံကို အထူးဂရုပြုမိလာသည့်အတွက် ဖြစ်ပါသည်။


ထိကရုံးပင်၏ သားသမီး ဝေးလိုသူများအတွက် အစွမ်းသတ္တိ ထက်မြက်မှု တွေ့ရှိပုံမှာ ကျွန်တော့်မိတ်ဆွေ၏ ဇနီးသည် သားသမီးတွေကို တစ်နှစ်ကျော် တစ်ယောက်နှင့် မွေးဖွားလာရာ သားသမီးများများလာသဖြင့် စီးပွားရေး အခက်အခဲ အလွန်ကြုံတွေ့နေရသည်။


သို့သော်လည်း ကျွန်တော့်မိတ်ဆွေက ခေတ်ပေါ်နည်းဖြစ်သည့် အင်္ဂလိပ်ဆေးထိုး၊ ဆေးစား၊ သားအိမ်ထဲသို့ ပစ္စည်းထည့် စသည်တို့ကို လုံးဝမပြုလုပ်စေဘဲ ကလေးတွေကိုသာ ဆက်ပြီး မွေးခိုင်းသည်။
ဇနီးကလည်း ယောက်ျားစကား နားထောင်ပြီး အင်္ဂလိပ်နည်းအရ ကလေးခြားစေရန် မပြုလုပ်ဘဲနေသည်။ သို့သော် သားသမီးများ တစ်စထက်တစ်စ များလာ၍ စီးပွားရေး အခက်ကြုံတွေ့နေရသဖြင့် သားသမီးများ မွေးဖွားမှု ခြားစေရန် တိုင်းရင်းဆေးနည်းကို အားကိုးပြီး ပြုလုပ်ရာ ကလေးမွေးဖွားမှုနှုန်း သုံးနှစ်ခန့်အထိ ဝေးသွားကြောင်း တွေ့ရသည်။


ယင်းနည်းမှာ---
ထိကရုံး ပဉ္စငါးပါး (တစ်ပင်လုံး) ကို လက်တွင်း တစ်ဆုပ်ခန့်လောက် နုတ်ယူပြီး မြေအိုးနှင့် ရေသုံးခွက် တစ်ခွက်တင် တစ်အိုးတည်း ကျိုသောက်သောနည်း ဖြစ်သည်။
အကယ်၍ ထိုနည်းအတိုင်း ပြုလုပ်ပြီး နှစ်အိုးလောက် ပြုတ်သောက်ပါက သားသမီး ခြောက်နှစ်ခန့် ခြားနိုင် ပါသည်။ ဉာဏ်နှင့်ချင့်ချိန်၍ အသုံးပြုကြပါလေ။


အထူးသဖြင့် ပြောလိုသည်မှာ ကလေးမွေးဖွားပြီးစ ထိကရုံးပြုတ်ရည်ကို သောက်မှသာ သားသမီးများကို ခြားစေနိုင်ကြောင်း တွေ့ရပါသည်။
အသုံးပြုရမည့် ထိကရုံးပင်ကတော့ ကုန်း-ထိကရုံးပင် ဖြစ်ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့