- သူငယ်ချင်းတို့ရေ…
- လူတိုင်းမှာ အခက်အခဲဆိုတာတွေရှိနေကြတယ်
- ကိုယ့်အခက်အခဲမှ အကြီးဆုံးလို့ထင်နေကြတယ်
- ငါ့အခက်အခဲ ငါပဲသိပါတယ်ကွာ ၊ မင်းတို့နားမလည်ပါဘူးလို့
- ပြောနေသံတွေကြားနေရတယ်
- လူတယောက်မှာ အခက်အခဲဆုံးဆိုတာ ဘာလဲ
- ပြန်တွေးကြည့်ပါ
- ပြီးခဲ့တဲ့နှစ်က ကြုံတွေ့ခဲ့ရတဲ့ အခက်အခဲဆုံးဆိုတာက
- အခုအချိန်ပြန်တွေးကြည့်တော့ အတော်ကြီးတဲ့ အခက်အခက်လို့တွေးမိသေးရဲ့လား?
- လူတိုင်းအခက်အခဲနဲ့တွေ့ကြုံနေကြပါတယ်
- ဖြေရှင်းလို့ရမယ့်နည်းလမ်းလေးကို ပြောပြပေးမယ်လေ
- ဖွေးရဲ့ အခုအချိန်မှာတွေးလို့ရတဲ့ အဖြေပေါ့
- လူတယောက်က သူ့ရဲ့နောက်ဆုံးအချိန်ရောက်နေပြီဆိုတာ
- သိလိုက်တာနဲ့ .... ခေါင်းထဲမှာ အတွေးတခုဝင်လာတယ် အဲဒါဘာလဲ…
- “အချိန်တွေကို ငါဘာလို့အကျိုးရှိရှိမသုံးမိခဲ့ပါလိမ့်”
- “အခုအချိန်ကစပြီး ငါဘာလုပ်သင့်လဲ”
- အရင်ကအရေးကြီးပါတယ်၊
- ခက်ခဲလွန်းပါတယ် ဆိုတဲ့အရာတွေက အသေးငယ်ဆုံး အမှုန်အငွေ့လေးတွေ ဖြစ်သွားတယ်…
- ငါပျော်အောင်နေမယ်ဆိုတာထက် အခြားသူတွေငါ့လို မမှားအောင်
- ဘ၀ကို အကျိုးရှိရှိဖြတ်သန်းခွင့်ရအောင် ပြောပြချင်နေတယ်
- အသက်ရှင်နေခွင့်ရတဲ့ အချိန်တွေမှာ ဘာမဟုတ်တဲ့ အကြောင်းအရာတွေကို ပုံကြီးချဲ့ပြီး
- ငါဘာကြောင့် စိတ်တွေညစ်ခဲ့လဲ… အခုအချိန်မှာတော့ ငါအသိနောက်ကျခဲ့ပြီ
- သွေးကင်ဆာတဲ့ ဆေးရုံကလက်မခံတော့ဘူး
- ကျန်တဲ့အချိန်တွေမှာ စားချင်တာစား လုပ်ချင်တာလုပ်ခွင့်ရအောင် ပြန်ခိုင်းလိုက်တယ်
- သိပါတယ်
- ဖွေးနောက်ဆုံးအချိန်ရောက်နေမှန်း
- သူငယ်ချင်းတို့တွေရော အခုဘာအခက်အခဲတွေခံစားနေရလဲ
- ဖွေးရောက်နေတဲ့အခြေအနေလောက်ဆိုးလား
- သေခြင်းတရားဆိုတာ မနက်ဖြန်တိုင်းမှာ စောင့်ကြိုနေတယ်
- သေတော့မယ်ဆိုတာ သိသိချင်း ဘာကိုမှ မလိုချင်တော့ဘူး ဘာစိတ်ညစ်စရာမှမတွေးတော့ဘူး
- အရေးကြီးလှပါတယ်ဆိုတဲ့အရာတွေ ဘယ်ရောက်ကုန်လဲ
- ဘယ်တခုကမှ အရေးမကြီးတော့ဘူး
- တကယ်တော့ အခက်အခဲဆိုတာ ကိုယ်တိုင်ဖန်တီးယူထားတဲ့အရာမှန်း ခုမှသိခဲ့ပြီ
- ကိုယ်ကခက်ခဲတယ်လို့တွေးထားလို့ခက်နေတာ
- တကယ်တော့ ရိုးရိုးလေးပဲစဉ်းစားပါ
- လက်ရှိအချိန်ကို ပျော်အောင်နေကြပါ အကျိုးရှိရှိအသုံးချပါ သေခါနီးမှ နောင်တမရကြပါနဲ့…
- အခက်အခဲကြုံလာရင် ဖွေးခုရေးပေးခဲ့တဲ့ စာလေးတွေကို ပြန်သတိရပါ
- သူငယ်ချင်းတို့ ခက်ခဲနေတာတွေက သေခါနီးလူတယောက်ကြုံနေရတဲ့ အခြေအနေထက်တော့အများကြီးသာပါတယ် ဖြေရှင်းလို့ရပါတယ်
- ဖွေးဖွေး..ကိုမတွေ့ တော့ရင်..ဖွေးဖွေးမရှိတော့ဘူးလို့ မှတ်လိုက်ပါနော်..
- အားလုံးကိုခင်တဲ့ ဖွေးဖွေး
- မနက် ၃နာရီ
ညီမလေးရေရရရရ...
ငါတို့ မောင်နှမနှစ်ယောက်...တစ်ယောက်လက်.တစ်ယောက်တွဲ
တစ်ယောက်မျော်လင့်ချက်တစ်ယောက်မီးညှိပေးရင်းမျှဝေခံယူခဲ့ ကြတယ်လေ
လူ့ ဘဝဆိုတာ
အငိုနဲ့ စ..အငိုနဲ့ ဇာတ်သိမ်းရတာလား??
အဆင်ပြေလားဆိုတာနဲ့ စ..ဒီလိုပါပဲနဲ့ ပြီးရတာလား???
ညီမလေးရေ.....
ရက်စွဲဟောင်းတွေကိုပြန်ဖွ... ခဏဆိုမှ..ခဏလေးရယ်ပါ
""ဘာလို့မလွတ်မြောက်နိုင်ရမလဲ..အရာရာမှာဝင်ပေါက်..ထွက်ပေါက်ဆိုတာရှိတယ်လေ""
ငါဖြေတာ...ငါဖြေကြည့်တာပါဟာ.....
နင်မရှိတော့ တဲ့ နောက်..မိုးလင်းထဲကသောကနဲ့ ပရိဒေဝကိုစား
ငါ့ ရင်ဘတ်တစ်ခုလုံးကြေမွတွန့် လိပ်..ဆူဝေစိုးထိတ်မူ့ တွေနဲ့ 
အလိုလို..မျက်ရည်တွေယိုဖိတ်လာတယ်...
အခုတော့ 
အချိန်ဆိုတာကိုဘုရားသခင်ပေးတာလို့ အကြွင်းမဲ့ ယုံကြည်ရတော့ မှာပေါ့
ညီမလေးရေရရရရရ.......
ညီမလေး(သို့ )
No comments:
Post a Comment