Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ငါ့မောင်တို့အတွက် “တို့မြန်မာ ယောက်ျားကောင်းများ” နှင့် ကိုရီးယားစနက်တံ

အိုင်တီခေတ်မှာ တဖြည်းဖြည်းလူတောတိုးလာကြမယ့် ငါ့မောင်တို့ကို ပြောပြချင်တယ်။ အတုယူတွေမှားနေကြတယ်။ လွယ်သမျှသင်ပြီးလွဲနေကြတယ်။ လွှမ်းမိုးလာတဲ့ ကိုရီးယားယဉ်ကျေးမှုနဲ့ ညီမျှနဲ့ အသိပညာပေးမှုလိုက်မလာတော့ ပိုပိုဆိုးလာနေကြတယ်။ လူတောတိုးပြီးသားကိုပဲ လူငယ်လေးတွေက ပိုများကြည့်ကောင်းနေသလားထင်နေကြတဲ့ ငါ့အစ်ကိုကြီးတို့ကိုလည်း သိစေချင်တယ်။
ကိုရီးယားက ယောက်ျားတွေဟာ တို့မြန်မာယောက်ျားတွေ လောက် တည်ကြည်မှုတွေ ခန့်ညားမှုတွေမရှိကြပါဘူး။ ကိုရီးယားလူမျိုး တစ်ယောက်ကို သေချာကြည့်ကြည့်စမ်း။ မျက်အိတ်တွေ အိတယ်။ မျက်ခမ်းအောက်နားတွေ မို့တယ်။ ခေါင်းရှည်ရှည်လည်ပင်းရှည်ရှည်နဲ့ တကယ်တည်းချောတယ်ဆိုတာ မနုနုအောင်ပြင်ထားတဲ့ ဖြူပိန်ရှည် အမျိုးအစားတွေပါကွယ်။
တကယ်တော့ ကိုရီးယားကယောက်ျားတွေရဲ့ဘ၀ဟာ အောက်ကျနောက်ကျနိုင်တယ်မထင်ဘူးလား။(သူတို့ဟာသူတို့တော့ အဆင်ပြေမပေါ့) တို့မြန်မာ့သားကောင်းတွေကတော့ မျက်နှာပန်းလှပါတယ်။ မယုံရင်ဆက်ဖတ်ကြည့်လေ။
တို့ နိုင်ငံက မြန်မာယောက်ျားတွေဟာ ကိုယ့်ကိုယ်ကို ပိုင်တဲ့ လူတွေဖြစ်တယ်။
ကိုယ့်ရဲ့ ချစ်သူကို ရဲရဲတင်းတင်းရွေးချယ်ခွင့်ရှိတယ်။
အိမ်သူသက်ထားဇနီးမယား ကိုလည်းအလေးထားပြီး တစ်အိုးတစ်အိမ်နဲ့ လုပ်ကျွေးနိုင်ကြတယ်လေ။
ကိုယ်ကျင့်တရားကောင်းမွန်တယ်။ ကောင်းမွန်တဲ့ အဆုံးအမတွေလည်းရှိတယ်။
အရက်သမား သောက်စားနေပစေဦး သားမယားကို ကာကွယ်နိုင်တဲ့ အစွမ်းရှိကြတယ်။
ကိုယ့်ခြေထောက် ပေါ်ကိုယ်ရပ်တည် ပြီး ရှာဖွေစားသောက် နိုင်တဲ့ တို့ မြန်မာယောက်ျားတွေပါ။
ကိုရီးယားကားထဲက ယောက်ျားတွေလို ဟိုမိန်းမလည်း အလိုက်အထိုက် ဒီမိန်းမလည်း မကောင်းတတ်လို့ ဆိုပြီး အားမနာတတ်ကြဘူး။
ပြတ်သားတယ်။ ရဲရင့်တယ်။ အခွင့်ကောင်းမယူဘူး။ ဒါတွေဟာ တို့မြန်မာယောက်ျားကောင်းတွေရဲ့ အမူအကျင့်တွေပဲ။
ပုဆိုး၊ ဘောင်းဘီကို ခါးမှာ သေသေသပ်သပ် ၀တ်ပြီး အလုပ်ကို အားကြိုးမာန်တက်ဆောင်ရွက်တတ်ကြသေးတယ်။
ယောက်ျားဟေ့ မျက်ရည်မကျဘူး ဆိုတဲ့ စိတ်ဓာတ်နဲ့လည်း ပြည့်စုံတယ်။
ခွန်အားဗလသန်မာတယ်။ ကြံခိုင်တယ်။ သန့်ရှင်း တဲ့ အကျီကို စနစ်တကျဝတ်ဆင်တယ်။
ဘာလိုင်နာမှသုံးမထားတဲ့ အရေပြားခပ်ကြမ်းကြမ်းဟာ တို့မြန်မာတွေရဲ့ ခန့်ညားမှုပဲ။
တို့မြန်မာယောက်ျားတွေရဲ့ အဓိက အရည်အချင်းမှာ လှဖို့ ပဖို့ ဘာမှမလိုဘူး။
လက်ကြောတင်းဖို့နဲ့ အရည်အချင်းရှိဖို့ပဲလိုတယ်။
တို့မြန်မာယောက်ျားတွေဟာ အမှားကို ငုံ့ခံမနေကြဘူး။ အမှန်ကို ရဲရဲဝံ့ဝံ့ ရင်ဆိုင်ဖြေရှင်းရဲကြတယ်။
အသက် ဖင်ဆောင့်နေလည်း အမေကိုပြန်အားကိုး ကပ်ရပ်မီခိုနေတာမျိုးမရှိဘူး။
အိမ်သူသက်ထားကို နေရာပေးကြတယ်။ အရေးပေးပြီး အကြံဥာဏ်ရယူကြတယ်။
မလွှဲသာမရှောင်သာကလွဲရင် မိန်းမဟာအိမ်ထောင်ကျတာနဲ့ အလုပ်ထွက်ရမယ် ဆိုတဲ့ အတွေးလည်း မရှိကြပါဘူး။
တို့မြန်မာယောက်ျားတွေဟာ ကြင်နာတတ်တဲ့ နေရာမှာ ပြိုင်စံရှားပဲ။
အိမ်သူသက်ထားနဲ့အတူ အ၀တ်ကူလျှော်တယ်ကူလှမ်းတယ်။ တစ်အိမ်လုံးအလုပ်လုပ်ရလည်းပဲ မညည်းညူကြရှာပါဘူး။
တို့မြန်မာယောက်ျားတွေဟာ အိမ်သူကို အပေါင်းအသင်းထက်တန်ဖိုးထားတတ်တယ်။
အားတိုင်းယားတိုင်းလည်း ဆိုဂျူသောက်မနေကြပါဘူး။
စကားပြောတိုင်း ဆိုဂျူပါနေတဲ့လူမျိုးတွေနဲ့ တို့မြန်မာယောက်ျားကောင်းတွေယှဉ်လို့ဖြစ်နိုင်မလား။
တို့မြန်မာယောက်ျားကောင်းတွေ ဆင်းသက်ခဲ့တဲ့မျိုးရိုးဟာဆိုရင်လည်း မိန်းကလေးတွေကို နှိပ်ကွပ် သိမ်ငယ်စေခဲ့တဲ့ မျိုးရိုးမရှိခဲ့ဘူး။
ဒါ့အပြင် ပြောတော့သာရင်ပေါင်တန်းတယ်နဲ့ ယောက်ျားမျိုးရိုးသာခံစေ ဆိုတဲ့ အမူအကျင့်လည်း မရှိပါဘူး။
ဒီတော့ တို့မြန်မာမိန်းမကောင်းတွေရဲ့ အမြင်မှာ တို့မြန်မာ ယောက်ျားကောင်းတွေဟာပဲနေရာယူပါတယ်။ အပြန်အလှန်သဘောလည်းသက်ရောက်ပါတယ်။ ဘာမဟုတ်တဲ့ ပျော့ပျော့နွဲ့နွဲ့ အခြောက်သာသာ ပုံစံတွေကို ငါ့မောင်တို့ ခေတ်လူငယ်တွေ ဘာအတွက်များ လိုက်တုချင်ပါသလဲ။
တို့တွေဟာ မြန်မာလူမျိုးတွေပါ။ ၀င်လာသမျှ လိုက်ကနေရမယ်ဆိုရင် တို့မြန်မာအတွက် ဘာကျန်မလဲ။ နောက်ဆုံး အနှစ်တွေပျောက်ပြီး အကာဟောက်ပက်ကြီး ကျန်တဲ့အခါ ဘယ်နိုင်ငံကမှ လာပြီး အနှစ်ဖြည့်ပေးမှာမဟုတ်ဘူး။ အဖြူကို ဘယ်လိုမည်းတယ်ပြောပြော အဖြူဟာ အဖြူပါပဲ။ အမှန်တရားဟာ ပျောက်ကွယ်မသွားပါဘူး။ မြန်မာဟာမြန်မာရုပ်ပါပဲ။
ဒီအချိန်မှာ မသိသာသေးပေမယ့် နောင်တစ်ချိန်နှစ်တွေကြာလို့ ဘာယဉ်ကျေးမှုမှ ထိန်းသိမ်းစရာမကျန်ရင် ကမ္ဘာမှာ မြန်မာတွေ မျက်နှာဘယ်နားသွားထားကြမလဲ။ ယဉ်ကျေးမှုမထွန်းကား မထိန်းသိမ်းနိုင်တဲ့ လူမျိုးစုရယ်လို့ နာမည်တွင်သွားမှာပေါ့။ ဘန်ကောက် ကို သတိရပါ။ မိုက်ကယ်ဂျက်ဆင်ကို သတိရပါ။ ဘန်ကောက်ဟာ ဆိုရင် ခုဆို အင်တာနေရှင်နယ် မြို့တော်ဖြစ်နေပါတယ်။ ရှိသမျှ အကျင့်ပျက် မျိုးစုံရော အကောင်းအဆိုးရောပြီး စာရိတ္တတွေပျက်ပြားနေကြတယ်လို့ မှတ်ချက်ချကြပါတယ်။ မိုက်ကယ်ဂျက်ဆင်ဟာ လူဖြူဖြစ်ချင်တာနဲ့ အရေပြားကို ဆာဂျရီလုပ်ခဲ့ရာကနေ မသေခင်မှာပဲ ဖန်ပေါင်းချောင်နဲ့ အိပ်ခဲ့ရပါတယ်။ အကြွေးတင်တွေတင်ခဲ့တယ်။ ဆေးဖိုးဝါးခတွေ အများကြီး အကုန်အကျခံခဲ့ရတယ်။ ဒါပေမယ့် ကပ္ပလီကတော့ မပြောင်းလဲပါဘူး။
ရှိသမျှပြင် တတ်သမျှဆင်ပြီး မင်းသားလေးလိုလှနေတဲ့ မိန်းမချော မြန်မာ့သားကောင်း သားချော သားပျော့လေးတွေ ရှိပါတယ်။ လိုက်ဖက်သွားလို့လေ။ ပင်ကိုရုပ်ပျောက်သွားပြီး ဘာလူမျိုးလဲလို့ မေးရတဲ့ပုံစံမျိုးပေါ့။ မလိုက်ဖက်လို့တော့ ကိုယ့်မှာရှိရင်းစွဲပင်ကိုရုပ်ပါ ပျောက်သွားပြီး ဂေါ်ခြောက်လိုလို အပုန်းလိုလိုနဲ့ အောက်တန်းစားရုပ်ပေါက်သွားပါတော့တယ်။ ကိုယ့်ကိုကိုယ်တော့ မသိဘူး ဟုတ်လှပြီမှတ်နေတယ် ဘေးလူကကြည့်ရတာ မြန်မာ ယောက်ျားတွေအားလုံး ကိုယ်စားရင်နာပါတယ်။ ကိုယ့်မျိုးရိုး အိုကီနဲ့လျှော်ထားလို့ပဲသန့်သန့် ကိုယ့်သွင်ပြင်က ကိုယ်နဲ့ မလိုက်ဖက်တဲ့အတွက် ညစ်ပတ်သွားပါပြီ။ ပြင်သာပြင်တယ် ဒုံရင်းကဒုံရင်း ဟိုမရောက် ဒီမရောက် လေးတွေလည်းဒုနဲ့ဒေးပါ။ ဘာလုပ်မှာလဲ ပိုက်ဆံပိုကုန်တာပဲရှိတာပေါ့။ ကိုယ်နဲ့လိုက်လား မလိုက်လား စဉ်းစားချင့်ချိန်ကြပါ။ မြန်မာ လူမျိုးဖြစ်ရခြင်းရဲ့ ကြီးမြတ်မှုကို နားလည်ကြပါ။ ကိုယ့်လောက်မှ အရည်အချင်းမရှိ။ ကိုယ့်တိုင်းပြည်နဲ့ နှိုင်းလိုက်လို့ စိတ်ဓာတ်ချင်းလည်း မတူနိုင်တဲ့သူမျိုးတွေကို ဘာလို့များလိုက်တုနေတော့မလဲ။ ကိုယ့်အရည်အချင်းကို ကိုယ်မြှင့်တင်ပြီး မြန်မာ လူမျိုးဆိုတာကို

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့