Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

“ကစ္ဆပနဒီရဲ့……မေတ္တာတေးသံ”

“ကစ္ဆပနဒီရဲ့……မေတ္တာတေးသံ”
ဘယ်ဘ၀ရယ် ဘယ်ရေစက်ရယ်
ဖန်လာလေတယ် ဒီရင်ထဲမယ်
ချစ်ခြင်းတွေရယ် သစ္စာတွေရယ်
ပေါင်းစုလာတယ် ဒီမြစ်သဖွယ်
စီဆင်းနေတယ် နှလုံးသားထဲဝယ်
ခိုင်မြဲခဲ့ပြီ ကစ္ဆပနဒီတဲ့……..
အတိတ်ကံရယ် ဖန်လာပြန်တယ်
လွမ်းသလားကွယ် အဆွေးသမားနှယ်
ပြောရခက်တယ် ဒီဘ၀၀ယ်
ငိုရှိုက်ချင်တယ် မျက်ရည်တွေရယ်
နှလုံးသားတေးသံ ပျံ့လွင့်နေဟန်
လှိုင်းခတ်သံရယ် မေတ္တာလေးရယ်
သစ္စာတည်တယ် ကတိတွေရယ်
ရှောင်ဖယ်ဝေးတယ် အတိတ်ဘ၀ရယ်
ဖန်လာပြန်တယ် ဒီဘ၀၀ယ်
ကြုံလာစေတယ် ကစ္ဆပနဒီရယ်…….
နှလုံးသားဝယ် ဘယ်သူသိမယ်
ပြောပြချင်တယ် မေတ္တာတွေရယ်
ဆွေးလေသလား ဝေနေလား
အကြိမ်ကြိမ်ဖန် ကံကံရယ်
ဖယ်ခွါစေသား ရင်ထဲစကား
ပင်လယ်ရေအလား ကျယ်ပြန့်စေသား
ပဲ့တင်သံရယ် အထပ်ထပ်ကွယ်
နှလုံးသားအက္ခရာ ကမ္ဗည်းတင်စရာ
ဒီတေးသံဟာ ရင်နင့်စေတာ မေတ္တာတည်ကမ္ဘာ
ချစ်တေးဖွဲ့ကာ ဖြစ်တည်လာတာ ဒီရင်တွင်းကဗျာ
နှိုင်းယှဉ်မမှီ ကစ္ဆပနဒီတဲ့……..

“အားလုံးကိုခင်မင်လေးစားလျှက်”

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့