သူငယ်ချင်းမောင်နှမများအားလုံးကောင်းသောနေ့လေးပါနော်....ညကပျင်းနေတာနဲ့ဆုဂျေ
ဂျာနယ်လေးတွေကောက်ဖတ်နေခဲ့မိပါတယ် ...အဲဒီမှာတင် တစ်နေရာလည်းရောက်ရော သင့်ချစ်သူဘယ်
လောက်လန်းလဲ ဆိုတဲ့ မေးခွန်းလေးတွေက ဆုဂျေအာရုံကိုဆွဲဆောင်သွားပါတော့တယ်
ဆက်လက်ဖတ်ရှုကြည့်လိုက်တော့ ဟိုးလတ်တလောတုန်းက သူ့ကိုသူလူပျိုဖြစ်ပြီလို့ကြော်ငြာ
ဝင်ထားတဲ့ အဆိုတော်ကောင်လေးက သူ့ကောင်မလေးရဲ့စတိုင်လ်နဲ့ပတ်သက်ပြီးဘယ်လိုမှတ်ချက်ပေးလဲဆိုတော့
" ကျွန်တော်ကတော့ သူကို လန်းလန်းလေးဝတ်တာကြိုက်တယ်ဗျ တိုရင်လည်းတို ရှည်ရင်
လည်းရှည် စကောစက ဒူးအောက်နားလောက်ဆိုရင်တော့မကြိုက်ဘူးဗျ။"
လို့ပြောသွားတာဖတ်လိုက်ရပါတယ်ခင်ဗျ..တိန်...ရာသီဥတုကပူနေတာနဲ့တင် သေချာပါတယ်သူ့ကောင်မလေး
တော့ဘယ်လိုဝတ်မလဲဆိုတာ ဟိဟိ။
အဲ..နောက်တစ်ယောက်ကတော့...သူ့ကိုယ်သူအရူးလို့သတ်မှတ်ထားတဲ့အဆိုတော်လေးရဲ့
ကောင်မလေးကတော့...ဘယ်လိုပြောလဲဆိုတော့...
"သမီးချစ်သူက သမီးကို အတိုတွေ လည်ဟိုက်တွေဝတ်တာမကြိုက်ဘူး တခြားကောင်မလေး
တွေဝတ်ရင်တော့ကြိုက်ရင်ကြိုက်မှာပေါ့နော်...သမီးဝတ်တာတော့သူမကြိုက်တာနဲ့ အဲလိုမ၀တ်ဖြစ်ပါဘူး တစ်ခါ
တစ်လေအလုပ်သဘောအရ၀တ်ရင်တော့လည်း နားလည်အောင်ပြောပြရတာပေါ့လေ.."
အိုကွယ်...အဲအဆိုတော်လေးကိုဆုဂျေဘရာဗိုပေးလိုက်ပါတယ်...ဒီလိုမှပေါ့နော့...ကောင်လေး
တိုင်းသာသူတို့ကောင်မလေးတွေကိုဒီလိုလေးထိန်းနိုင်ရင်ဘယ်လောက်မိုက်မလဲနော့...းP
အဲ...နောက်တစ်ယောက်ကတော့...ဆုဂျေရဲ့သူငယ်ချင်းမတစ်ယောက်ပေါ့...တစ်နေ့ကအဲမမ..
ဆုဂျေဆီအလည်လာတယ်လေ..ဒိဇိုင်းလန်းလန်းတွေမှဝတ်တတ်တဲ့လေဒီက ခုတော့မြန်မာဆန်ဆန်လေးနဲ့သိမ်မွေ့နေ
တာများကျက်သရေကိုရှိနေတာပဲ...ဘယ်လိုဖြစ်တာတုန်းမေးကြည့်တော့မှ ရှင်းတော့တယ်..
"ဟဲ့..ဘယ်လိုဖြစ်ရမှာလဲ ယောင်းမရဲ့..နာ့ဘဲပေါ့...အရင်လိုလန်းလန်းတွေဝတ်ရင်စကားများတယ်
်လေ...ကြာတော့လည်းကျုပ်ညစ်လာတာနဲ့ သူ့စိတ်ကြိုက်နေပေးလိုက်တယ်...ခုတော့လည်း..ဟိဟိနေသားကျနေပါပြီ။
သူကလည်းကျုပ်ကိုပိုချစ်လာတယ်လေ..။"
ကဲ..တစ်ယောက်တစ်မျိုးမရိုးအောင်ပြောနေပေမယ့်...ဒီဖြစ်ရပ်တွေကနေကြည့်မယ်ဆိုရင်..
ဆုဂျေတို့ကောင်မလေးတွေ...သူတို့ချစ်သူစကားကိုတော့တော်တော်နားထောင်ကြသားနော့..။ဒီမှာတင်အတွေးတစ်ခု
ရလိုက်တယ်..မိန်းကလေးတွေရဲ့ခေတ်လွန်ယဉ်ကျေးမှုဝတ်စားပုံတွေနဲ့ပတ်သက်ပြီး ဘယ်သူ့မှာတာဝန်ရှိလဲဆိုတာရယ်
ဘယ်သူထိန်းချုပ်ရင်ရနိုင်မလဲဆိုတာတွေးပူနေတဲ့ ဆုဂျေခင်မျာ ခုတော့ အဖြေတစ်ခုရလိုက်တာနဲ့ ဒီပိုစ့်လေးကို
တင်ဆက်လိုက်ရပါတယ်ရှင်...ဟီး ကိုကိုကာလာသများနဲ့ မောင်မောင်ကာလသားများ...ကိုယ့်ချစ်သူကိုနိုင်အောင်
ထိန်းနော် ။ဆုဂျေလည်းတူတူပဲ..နားထောင်နေရတယ်လေ...းP...
No comments:
Post a Comment