Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ဘဝအဓိပ္ပါယ် နှင့် ဘဝပန်းတိုင်ကိုရှာခြင်း

လူ့ ဘဝကိုရနေသော်လည်း ပုထုဇဉ်သည် လူ့ ဘဝ၏အဓိပ္ပါယ်ကိုမသိ ၊ လူ့ ဘဝ၏ ပန်းတိုင်ကိုမမြင် ၊ ထို့ ကြောင့် ပုထုဇဉ်သည် ဘဝလမ်းပျောက်နေသူ ဘဝမှာ စမ်းတဝါးဝါး လမ်းမှားနေသူဟု
ရှုမြင်သင့်သည် ။သူသည် မျကိကန်းနှင့်လည်းတူသည် ဘဝအကြောင်းကိုကောင်းကောင်းမသိ မှန်မှန်ကန်ကန်မသိသဖြင့် ဘဝကိုလည်း အသုံးမခြတတ် ၊ ဘာလုပ်လျှင်အမှား ဘာလုပ်လျှင် အ
မှန် ကိုလည်းမခွဲခြားတတ် ၊ သနားစရာကောင်းသော လူဖြစ်ရှုံးသောသတ္တဝါဟု ထိုးထွင်းသိမြင်အပ်သည် ။သံသရာခရီးသွားအခြင်းခြင်းဖြစ်ကြရာဝယ် ပုထုဇဉ်သည် လူမိုက် (ဗာလ)ဖြစ်သည် ။
အရိယာသည် လူလိမ္မာ (ပဏ္ဍိတ) ဖြစ်သည် ။ ပုထုဇဉ်လူမိုက်သည် သံသရာ၏ အဆင်းလမ်းနှင့် အတက်လမ်းကိုမခွဲခြားတတ် ၊ မခွဲခြားနိုင် ။ ရေတွင်းထဲကဖားလို ကိုယ့်ဘဝကို အထင်ကြီးသည်၊
ကိုယ့်ဘဝကို အဆုံးထင်သည် ၊ ထို့ ကြောင့် မိမိသည် မှောင်ထဲကလာပြီး အမှောင်ထဲသို့ ပြန်သွားနေလေသူ အရူးတစ်ယောက် လူမိုက်တစ်ယောက်ဖြစ်နေသည်ကို ဘယ်သောအခါမှ မစဉ်းစားမိ။
အမှောင်ဘက်ကဘဝသည် ကျဉ်းကျုတ်သည် ၊ ကြမ်းတမ်းသည်၊ ခက်ထန်သည်၊ ဆင်းရဲသည်၊ ပင်ပန်းသည်၊ အန္တရာယ်များသည်၊ မလွတ်လပ် ။ အလင်းဘက်ကဘဝသည် ကျယ်ပြန့် 
သည်၊ သန့် ရှင်းသည်၊ ပြန့် ပြောသည် ၊ ပြေပြစ်သည်၊ သာယာသည်၊ ငြိမ်းချမ်းသည် ၊ မဆင်းရဲ၊ မပင်ပန်း ၊ အန္တရာယ်မရှိ ၊ ပကတိလွတ်လပ်သည်ကို ပုထုဇဉ်အားသိစေလိုသည် ။
ခရီးသွားကုန်သောသူတို့ သည် ခရီးသွားဖော်အချင်းချင်း အနည်းငယ်မျှသောရိက္ခာကိုပင် ခွဲခြမ်းဝေငှ၍ ပေးကုန်သကဲ့သို့ ၊ .. ထို့ အတူ........အကြင်သံသရာခရီးသွားအချင်းချင်းသည်
ပေးလှူအပ်သော အသိပညာကို ခွဲခြမ်းဝေငှ၍ ပေးအပ်သည်ဟု ဗုဒ္ဓမြတ်စွာ သာသနာဝယ် ဟောကြားထားအပ်သော အဆုံးအမစကားရှိ၏ ။ ( မစ္ဆရိသုတ်၊ သဂါထာဝဂ္ဂသံယုဂ် )
သံသရာခရီးသွားဖော်အချင်းချင်းတို့ အား အနည်းငယ်မျှဖြစ်သော်လည်း ပေးလှူအပ်သော အသိပညာကို ခွဲခြမ်းဝေငှ၍ ပေးကမ်းခြင်းကိစ္စလည်းဖြစ်ပါသည် ။ အမှောင်မှ အမှောင်သို့ 
သွားနေသူကို အမှောင်မှ အလင်းသို့ သွားတတ်အောင် ရှေ့ဆောင်လမ်းပြခြင်းကိစ္စလည်းဖြစ်ပါသည် ။ လူဖြစ်ကြတာခြင်းတူပါလျှက် လူဖြစ်ကျိုးနပ်သူနှင့် လူဖြစ်ရှုံးသူတို့ တွင် ပုထုဇဉ်သည် လူဖြစ်
ရှုံးသူ ၊ လူဖြစ်ကျိုးမနပ်သူဖြစ်သည် ။
လူသည်အသိညာဏ်ရှိသော သတ္တဝါဖြစ်သည် ။ သို့ ဆိုသော်လည်း ပုထုဇဉ်၏ အသိဥာဏ်သည် သူ့ ဘဝကိုမကယ်နိုင်၊ သံသရာဝဲသြဂထဲက သူ့ ကိုသူ ဆွဲမထုတ်နိုင် ၊ သူ့ ကိုယ်ထဲမှာ
အပါယ်မျိုးစေ့ အပြည့်ပါလာသည်ကို သူမသိရှာ ။ သူ့ မှာ သုတဗုဒ္ဓိ ဥာဏ်မျက်စိမရှိ ၊ ဥာဏ်မျက်စေ့မရှိသောကြောင့် သူရထားသော ခန္ဓာအကြောင်းကို သူကောင်းကောင်းမသိ ။ ဓာတ်အကြောင်း
အာယာတနအကြောင်း ၊ သစ္စာအကြောင်း ၊ ပဋိစ္စသမုပ္ပါဒ်အကြောင်း ၊ သတိပဌာန်အကြောင်း ၊ တစေ့တစောင်းလည်းမလေ့လာ၊ ဘာဆိုဘာမှသူမသိ ။ သူ့ အသိမှာငါရှိသည် ၊ ပုဂ္ဂိုသတ္တဝါ ၊
ယောင်္ကျားမိန်းမ ၊ ပစ္စည်းဥစ္စာ၊ တိုက်တာအိမ်ယာ၊ အာဏာဂုဏ်ရှိန် ထိန်ထိန်ညီးညီး ပြီးပြည့်စုံလျှင် ဘဝတွင်ကိစ္စအဝဝ ၊ ဆုံးခန်းသို့ ကျပြီထင်ကာ ရွှင်ရွှင်ပြပြ ကြွကြွ မော်မော် ပျော်ပျော်ပါးပါး
အားရဝမ်းသာရှိနေရှာသည် ။ ဂင်္ဂါမြစ်မှာမျောပါလာသော ဆင်သေကောင်ပေါ်မှာနားနေသော ကျီးမိုက်ပမာ သမုဒ္ဒရာသို့ ရောက်၍ ဆင်သေကောင်နစ်မြုပ်ပျောက်ကွယ်မှ ဘဝမှာဆောက်တည်ရာ
မဲ့ဖြစ်ရသည် ။
လူသည် လက်ရှိဘဝကို ဘာကြောင့်ရခဲ့သည် ဘယ်လိုရခဲ့သည်ဆိုသော ဘဝ၏ အလွန်နက်ရှိုင်းသော သိဖွယ်ကိစ္စကိုမူ ဘယ်သူမျှ သိနိုင်စွမ်းမရှိခဲ့ကြချေ ။ အဝိဇ္ဇာ သင်္ခါရကြောင့် ခန္ဓာ
ငါးပါး ရုပ်နာမ် တရားကို ဝိပါက ဝဋ်အဖြစ်ဖြင့် ရခဲ့ကြခြင်းဖြစ်သည်ဆိုသော အလွန်ရဲရင့်သော အဖြေကို ဗုဒ္ဓရှင်တော်မြတ်ဘုရားမှတစ်ပါး ဤလောက၌ ဖြေကြားနိုင်သောသူ တစ်စုံ တစ်ယောက်
မျှမရှိခဲ့ချေ ။ ဇာတိ ပဋိသန္ဓေ နေရသောသတ္တဝါတိုင်းမှာ မွေးကတဲက သေမိန့် ကျပြီးသူကဲ့သို့ ဝိပရိနာမဘေးကြီး အပြီးပါလာခဲ့သည်။ မုချရင်ဆိုင်ရမည် ၊ သို့ သော် သေခြင်းသည် ဘဝ၏ အဆုံး
မဟုတ်သေး သံသရာမှာ အပါယ်ဘဝများ၌ တစ်ဖန် ပဋိသန္ဓေနေရခြင်း ဆိုသော ဝိနိပါတ ဘေးကြီးကလည်း ရှိသေးသည် ။ သေမိန့် ကျထားသော ခန္ဓာများစွာ သံသရာ၌ အဖန်တလဲလဲ ကျင်လည်
ရခြင်းဝဋ်ဆင်းရဲမှ လုံးဝလွတ်မြောက်ရေးသည်သာ လူ့ ဘဝ၏ ပန်းတိုင်ဖြစ်ကြောင်း ဝဋ်ဆင်းရဲအပေါင်းမှ လွတ်မြောက်ရာ လမ်းဖြောင့် လမ်းမှန်ဖြစ်သော အဌင်္ဂီက မဂ်ကို ဟောဖော်ညွှန်ပြ ဆုံးမ
နိုင်သောသူကား ဤလောက၌ ဗုဒ္ဓတစ်ပါးတည်းသာလျှင်ရှိသည် ။
လူသားသည် သံသရာမှထွက်မြောက်ရာဖြစ်သော နိဗ္ဗာန် မဂ်ဖိုလ်ကို မရမီ စပ်ကြားဝယ် သုံးဆယ့်တစ်ဘုံတွင် အစုန် အဆန် ကျင်လည်ကြရဦးမည် ။ ထိုအခါ အပါယ်ဘဝများသို့  ကျသွား
နိုင်သော အခွင့်အလမ်းကလည်း အလွန်များပြားသည် ။ လူ့ ခန္ဓာမှာ သေလျှင် အပါယ်သို့ ဆွဲချသွားမည့် အပါယ်မျိုးစေ့ ဒိဋ္ဌိက အပြီးပါလာသည်။ ထိုမျိုးစေ့ကို အပါယ်ဘဝ၌ အပင်မပေါက်နိုင်အောင်
ယခုမျက်မှောက် လူဖြစ်စဉ်ခဏဝယ် ဥာတပရိညာ၊ တိရဏပရိညာ၊ ပဟာနပရိညာ စသော ပရိညာ သုံးပါးဖြင့် အပြီးပါယ်သတ်ကြရမည်၊ သို့ မှသာအပါယ်တံခါးပိတ်၍ ဘဝအဓိပ္ပါယ် ရှိပြီးဘဝပန်းတိုင်
ကိုရှာတွေ့ နိုင်သောသူဖြစ်ပါလိမ့်မည်ခင်ဗျား ။ ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့