Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

မိန်းမနှင့်ပက်သက်သော အဆိုများ -


- မိန်းမတို့၏အဆင်းကား ၊ လင်ကိုမြတ်နိုးခြင်းတည်း ။

- မိန်းမတို့၏ဥစ္စာကား ၊ အဆင်းတည်း ။

- မိန်းမတို့သည် လင်ရှိကုန်မှသာလျှင် တင့်တယ်ကုန်သည် ။

- တော်လှစွာသော မယားဖြစ်မူလည်း လင်နှင့်တစ်လကင်းမူ ပျက်တတ်သည် ။

- မိန်းမသည် ယောက်ျားရှိမှသာလျှင် မွေ့လျော်တတ်၏ ။

- မယားကိုအရွယ်လွန်မှ ချီးမွန်းရာ၏ ။

- နှစ်လင် သုံးလင်ကွာပြီးသောမိန်းမသည် များသောမာယာရှိတတ်သည် ။

- မကောင်းသောမိန်းမတို့ကို စည်းစိမ်ကိုမအပ်နှံသဖြင့် ယဉ်စေရာ၏ ။

- လင်ကင်းသောသတို့သမီးသည် မတင့်တယ် ။
- လင်သည်ဥစ္စာကိုဖြစ်စေအပ်ပြီး ၊ မယားကလုံစေရမည့်တာဝန်ရှိသည် ။

- ယောက်ျားသည် ပဓာနဖြစ်၍ မိန်းမကားအပ်၌ သီထားသောချည်နှင့် တူ၏ ။

- မိန်းမတို့သည် ဆိတ်ငြိမ်သောအရပ်ကို ရသည်ရှိသော် မကောင်းမှုကိုပြုတတ်၏ ။

- အကြင်မိန်းမသည် ငြင်းခုံတတ်သော အလေ့ရှိသည် ။

- ငြူစူစောင်းမြောင်း၍ ပြောဆိုလေ့ရှိ၏ ။

- မြင်တိုင်းကိုလည်း တပ်နှစ်သက်တတ်သည် ။

- များစွာလည်းချက်စားတတ်၏ ။

- လင်၏အဦးအဖျားကို စားတတ်လေ့ရှိသည် ။

- သူတစ်ပါးအိမ်သို့ သွားလာလည်တတ်သည် ။

- ထိုမိန်းမမျိုးကို သားတစ်ရာပင် ဖွားစေကာမူ စွန့်အပ်၏ ။

- အကြင်မိန်းမသည် စားသောအခါ၌လည်းကောင်း ၊ အ၀တ်တန်ဆာ ပြုပြင်ဆင်ယင်သောအခါ၌လည်းကောင်း
အမိကဲ့သို့ နှစ်သက်ဖွယ် ပြုပြင်တတ်၏ ။ လျှို့ဝှက်အပ်သော မကျစ်မလစ်သော အရာတို့မှ နှမကဲ့သို့ လွန်စွာ
ရှက်တတ်၏ ။

- အမှုလုပ်သောအခါ၌လည်းကောင်း ၊ လင်၏အပါးသို့သွားသောအခါ၌လည်းကောင်း ကျွန်မကဲ့သို့ ရိုသေစွာ
ပြုတတ်သည် ။ ဘေးဘယာရှိသောအခါ တိုင်ပင်ဖက်ရသည် ။ အိပ်သောအခါတို့၌ လင်ကိုမွေ့လျော်စေတတ်၏ ။

- အရောင်အဆင်းပြုပြင်ခြင်း၌ တင့်တယ်စွာပြုပြင်တတ်၏ ။ အမျက်ထွက်သောအခါ၌ သည်းခံတတ်၏ ။

- ထိုမိန်းမသည်မြတ်၏ဟု ပညာရှိတို့ ဆိုကြသည် ။ ထိုမိန်းမသည်သေသည့်နောက် နတ်ပြည်သို့ရောက်ရ၏ ။

- အကြင်မိန်းမငယ်သည် ရွှေသောအသားအရေရှိ၏ ။ သမင်မမျက်စိကဲ့သို့ ညိုသောမျက်စိရှိ၏ ။

- ခါးသည်း ၊ တင်ကျယ် ၊ ငယ်သောဝမ်းရှိ၏ ။

- ဆင်နှာမောင်းကဲ့သို့ အရင်းမှသည်အဖျားတိုင်အောင် သွယ်သောပေါင်ရှိ၏ ။

- ဖြေချ၍ နောက်သို့လှန်သော် ရှည်သော ၊ အဖျားကော့တက်သော ဆံပင်ရှိ၏ ။

- ကြီးငယ်မထင် ညီညွတ်သောသွားအစဉ် ရှိ၏ ။ နက်သော ချက်ရှိ၏ ။

- ကောင်းသောအလေ့အကျင့်ရှိသည် ။ ထိုမိန်းမငယ်ကို ယုတ်သောအမျိုး၌ဖြစ်သော်လည်း ဆက်ဆံထိမ်းမြားရာ၏ ။

- မယားတို့တွင် အဆင်းလှသောမိန်းမသည် မြတ်၏ ။

- ယောက်ျားအဖြစ်ကို အလိုရှိသောမိန်းမသည် သိကြားမင်း၏မယားသည် သကြားမင်းကိုရိုသေစွာလုပ်ကျွေးသကဲ့သို့
လင်ကိုရိုသေစွာလုပ်ကျွေးရသည် ။

- အသက်ကြီးသောယောက်ျားသည် တည်သီးငယ်မျှသားမြတ်ရှိသောမိန်းမငယ်ကို ယူထားပါက ထိုမိန်းမငယ်သည်
မိမိအလိုရှိရာမပါသည့်အတွက် လင်ကြီးကိုငြူစူတတ်၏ ။လင်တစ်ယောက်၌သာ မွေ့လျော်လိမ့်မည်ဟု မယုံကြည်ရ ။
မယားငယ်ငယ်ကိုယူခြင်းသည် ပျက်စီးအံ့သောအကြောင်းရှိသည် ။

- သားသမီးကိုအလိုရှိသောလင်သည် မိန်းမငယ်ငယ်ကို ယူရသည် ။

- အမျိုးကောင်းသမီးသည် အရှက်မရှိမူ ပျက်စီး၏ ။

- လောက၌ မီး ၊ ရေ ၊ မြွေ ၊ မင်း ၊ သူမိုက် ၊ မိန်းမတို့ကို မထိမပါး ရှောင်ရှားသွားရမည် ။ ထိုသူတို့သည် လတ်တလော
အသက်ကို သေစေတတ်၏ ။

- လောက၌ မကင်းသောမယားနှင့်ပေါင်းဖော်သောသူသည် သေရမည်သာအမှန်ဖြစ်သည်ကို ယုံမှားမရှိရာ ။

- ယုတ်မာသောမိန်းမနှင့်အိမ်ထောင်ဖက်ပြုသဖြင့် ပညာရှိပင်ဖြစ်လင့်ကစား နစ်မွန်းတတ်ချေသည် ။

- မိန်းမတို့၏အစာစားခြင်းကား ယောက်ျားတို့ထက် နှစ်ဆလွန်သည် ။ ပညာသည်လေးဆလွန်သည် ။

- လုံ့လသည် ခြောက်ဆလွန်သည် ။ ကာမဂုဏ်တပ်မက်ခြင်းကား ရှစ်ဆလွန်သည် ။



( လောကနီတိ )

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့