Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

မျက်ရည်

ပျော်လို့ ကျတဲ့မျက်ရည်
လွမ်းလို့ ကျတဲ့မျက်ရည်
ဝမ်းနည်းလို့ ကျတဲ့မျက်ရည်
်လမ်းခွဲလို့  ကျတဲ့မျက်ရည်
နှုတ်ဆက်လို့ ကျတဲ့မျက်ရည်
ကျွန်တော့်မျက်ရည်ကတော့ ။။။။။။။။။။။။။
ကျွန်တော်တို့ ချစ်သူဘ၀မှာတစ်ယောက်နဲ့ တစ်ယောက်ပြောခဲ့ကြတဲ့စကားလေးတွေကတော့ ။
တကယ့်ကိုကြည်နူးစရာပါ ။
္ဂမောင်  မောင့်ကိုသိမ့် ဘယ်တော့မှမခွဲဘူးသိလား -- ဘယ်သူတွေ ဘယ်လိုဖျက်ဖျက် ။
အကြောင်းရယ်လို့ ဖြစ်လာခဲ့ရင် -- မောင့်နောက်ကို မျက်စိမှိတ်ပြီးလိုက်မယ်မောင် ။
သိမ့်ကိုစိတ်ချနော် ။
သိမ့်ပြောသောစကားတွေကို  သိမ့်လက်လေးနှစ်ဖက်ကို ဆုပ်   သိမ့်မျက်နှာလေးကို တစိမ့်စိမ့်ကြည့်ပြီး။
နားထောင်ရတာ ကျွန်တော့်အတွက်တော့   တကယ့်ကို ကြည်နူးခဲ့ရပါတယ် ။
အင်းပါသိမ့်ရယ် မောင်လည်း သိမ့်ကိုအရမ်းချစ်ပါတယ် -- မောင်လည်းသိမ့်ကို ဘယ်တော့မှ  မခွဲဘူးလို့ ဂတိပေးပါတယ်။
ဒီလိုနဲ့ ၂ လလောက်ကြာတော့ ကျွန်တော့် သူငယ်ချင်း မောင်သက် စာတစ်စောင်လာပေးပါတယ်  ။
ရော့ဇော်ဇော် ဖတ်ကြည့် သိမ့်ပေးခိုင်းလိုက်တာ  ။
မောင်
သိမ့်ကို အိမ်ကမိဘတွေက --  သူတို့ လူကြီးခြင်းသဘောတူထားတဲ့သူနဲ့  -- ပေးစားတော့မယ် ။
တနင်္ဂနွေနေ့ ည ၁၂ နာရီလောက် --  သိမ့်တို့ ခြံထောင့်ကပိတောက်ပင်ကြီးအောက်မှာလာစောင့်နေပါ ။
သိမ့်ထွက်လာခဲ့မယ် -- မောင့်ကိုမခွဲနိုင်ဘူး ။
ဟာမောင်သက်  --သိမ့်က သူ့ ကိုလာခိုးဖို့  အကြောင်းကြားတာကွ -- ဒီနေ့ ဘာနေ့ လဲ ။
ဒီနေ့ စနေလေကွာ  ။
ဟာဒါဆို မနက်ဖြန်ပဲ -- မောင်သက် မင်းလဲငါနဲ့ အဖေါ်လိုက်ခဲ့နော် ။
အေးပါကွာငါကူညီပါ့မယ် -- ဒါမျိုးဆိုငါဝါသနာပါ ပါတယ်ကွ ။
တနင်္ဂနွေနေ့ ည ၁၁ နာရီကျော်လောက်ကတည်းက ကျွန်တော်တို့  ၂ ယောက်သွားစောင့်နေခဲ့ပါသည်။
ကံဆိုးချင်တော့ အဲဒီညက သိမ့်တို့ တစ်အိမ်လုံး မီးလင်းနေပြီး လူဝင်လူထွက် အနည်းငယ်ရှိနေတာကိုလည်းသတိထားမိသည်။
၃ နာရီထိစောင့်ပါသော်လည်း ကျွန်တော့်ချစ်သူသိမ့်ထွက်မလာခဲ့ပါ ။
နောက်နေ့ သိမ့်တို့ အိမ်နီးချင်းများကိုစုံစမ်းကြည့်တော့ - - ညကသိမ့်စေ့စပ်ပွဲဆိုပါကလား ။
ကြားကြားချင်းကျွန်တော်မယုံချင် နောင်နေ့ မနက် လမ်းထိပ်လ္ဘက်ရည်ဆိုင်တွင် ထိုင်နေစဉ် ။
သိမ့်တို့ ခေါင်းရင်းအိမ်မှအန်တီထားကိုတွေ့ သဖြင့် မေးကြည့်တော့ ။
ဟုတ်တယ်ဇော်ဇော် -- သူနဲ့ ပေးစားမဲ့ကောင်လေးက ဂျပန်ကကုမ္မဏီတစ်ခုမှာ အလုပ်လုပ်နေတာ ။
ခွင့်က ၂ လပဲရတယ်တဲ့ -- ဒါကြောင့်မိဘတွေက အားခြင်းစေ့စပ်ပွဲလုပ်ပြီး -- လက်ထပ်ပွဲတောင် မြန်မြန် လုပ်မယ်ထင်တယ်။
အန်တီထားစကားကို ကျွန်တော်မကြားတစ်ချက်ကြားတစ်ချက် ကမ္ဘာမြေကြီးလည်သွားသလို ခံစားလိုက်ရသည် ။
ရင်ထဲမှာလဲဆို့ နင့်တင်းကြပ်လာသည် ။
ဇော်ဇော်  စိတ်ကိုထိမ်းပါကွာ ။
ငါသူ့ အိမ်ကိုသွားတွေ့ မယ်ကွာ ။
ဟာမလုပ်ပါနဲ့ သူငယ်ချင်းရယ် -- သူကစေ့စပ်ပြီးပြီဆိုတော့ -- မင်းအဲဒီလို လုပ်လို့ မဖြစ်ဘူးလေ -- စိတ်ကိုလျော့ပါကွာ ။
မောင်သက်စကားကမှန်နေသည်မို့  ကျွန်တော်ဘာမှမပြောသာတော့ ။
ဒီလိုနဲ့  ၃ ပတ်လောက်ကြာတော့ မောင်သက်ရောက်လာသည် ။
ရော့ ဇော်ဇော် ဖတ်ကြည့် ငါ့ကိုပေးလိုက်တာ ။
ဘာလဲကွ မောင်သက် ။
ဖွင့်ဖတ်ကြည့်လိုက်ပါကွာ ။
စာအိပ်ကနဲနဲကြီးသည်  ကျွန်တော်ဖွင့်လိုက်တော့ ပန်းနုရောင်ဖိတ်စာတစ်စောင် ။
မောင်ရဲနိုင် နှင့်  မသိမ့်သိမ့်ထွေး
          တို့ ၏
မင်္ဂလာဧည့်ခံပွဲဖိတ်ကြားလွှာ
ကျွန်တော်ဖိတ်စာကိုဖွင့်မကြည့်တော့ စာအိပ်ထဲပြန်ထည့်ပြီး မောင်သက်ကိုပြန်ပေးလိုက်သည် ။
ရော့ကွာ ငါမကြည့်ချင်တော့ဘူး -- ဒီဖိတ်စာကိုဖတ်ဖို့ စွမ်းအားလည်း --ငါ့မှာမရှိဘူးကွာ ။
မဟုတ်ဘူး သိမ့်ကသေသေခြာခြာ ပြောလိုက်တာ -- ဖိတ်စာကြားထဲမှာ မင်းအတွက်စာပါတယ် ။
မောင်သက်က စာပါတယ်ပြောသဖြင့် ကျွန်တော် ဖိတ်စာကို ကမန်းကတန်းဖွင့်ကြည့်လိုက်သည် ။
စာရွက်ဖြူဖြူ လေးတစ်ရွက်ကိုတွေ့ လိုက်ရသည် ။
မောင် ရှောင်မသွားပါနဲ့ နော် --
မောင့်ကို နောက်ဆုံးတွေ့ ဆုံခြင်းအနေနဲ့ သိမ့်တွေ့ ပါရစေ --
လာမဲ့စနေနေ့  ၂ နာရီမှာ ကန်တော်ကြီးက -- တွေ့ နေကျနေရာလေးမှာစောင့်နေပါနော် --
သိမ့် သူငယ်ချင်းမေသူနဲ့ -- လိုအပ်တဲ့ပစ္စည်းတွေဝယ်မယ်ဆိုပြီးထွက်လာခဲ့မယ် ။
စောင့်ဖြစ်အောင်စောင့်ပါမောင် --
                                သိမ့်--
ဘာတွေရေးထားတာလဲကွဇော်ဇော် ။
ကျွန်တော်ဘာမှမပြော စာကိုသာမောင်သက် လက်ထဲကိုထည့်ပေးလိုက်သည် ၊၊
ဟာမင်းကိုတွေ့ ဖို့ ချိန်းထားတာပဲ -- မင်းဘယ်လိုလုပ်မှာလဲ ။
ငါသွားတွေ့ တော့ကော ဘာထူးမှာမို့ လို့ လဲကွာ --သူကမင်္ဂလာတောင်ဆောင်တော့မှာပဲ ။
ဒီလိုတော့ မလုပ်နဲ့ လေကွာ -- မင်းပဲတွေ့ ချင်နေတယ်ဆို --သူကခေါ်ပြန်တော့ မင်းကရှောင်မလို့ လား ။
သွားတွေ့ လိုက်ပါကွာ -- သူဘာပြောချင်လို့ လဲမှမသိတာ ။
ကန်တော်ကြီး အလယ်ကျွန်း ရေစပ်နားတွေ့ နေကျ ကုက္ကိုပင်ကြီးအောက်တွင် ကျွန်တော်ထိုင်စောင့်နေလိုက်သည် ။
မောင်
ခေါ်သံကြောင့် ကျွန်တော်မတ်တပ်ရပ်ပြီးလှည့်ကြည့်လိုက်သည် ။ ကျွန်တော့်ချစ်သူသိမ့် ကျွန်တော့်ကိုအတင်းပြေးဖက်ပြီး ။
ကျွန်တော့်ပုခုံးပေါ်တွင် သူ့ ခေါင်းကိုတင်ထားသည် ။ ဘာမှမပြော ။ကျွန်တော်လည်း သူ့ ကိုယ်လေးကို အသာအယာ ။
အလိုက်သင့် ပြန်ဖက်ထားလိုက်သည် ။ခဏလောက်ကြာတော့မှ ကျွန်တော့်ပုခုံး စိုစွတ်လာသည်ကိုသတိထားမိလိုက်သည် ။
ကျွန်တော် သိမ့်ပုခုံး ၂ ဖက်ကိုကိုင်ပြီး လူချင်းခွာလိုက်သည် ။ သိမ့်မျက်နှာကို ကြည့်လိုက်တော့ မျက်ဝန်းအိမ်မှာ မျက်ရည်အပြည့် ။
ပါးပြင်ပေါ်မှာလည်း မျက်ရည်များရွှဲနစ်လျှက် ။ ကျွန်တော်ဘာမှမပြော သိမ့်မျက်နှာကိုသာ စေ့စေ့ ကြည့်နေလိုက်သည် ။
ချစ်သူငိုတာမြင်တော့ ကျွန်တော့်ရင်ထဲ ဗလောင်ဆူလာသည် ။
ထိုအခိုက် သိမ့်ကကျွန်တော့်ကို ထပ်ဖက်ပြန်ပါသည်ပြီးတော့ စောစောကကဲ့သို့ ပင် ငိုပြန်ပါသည် ။ ကျွန်တော်လဲ အလိုက်သင့်ပင်ပြန်ဖက်ထားလိုက်သည် ။
ဒီတစ်ခါတော့ ရှိုက်သံသဲ့သဲ့ ပင်ကြားလာရသည် ။ ကျွန်တော့် ပုခုံးနှင့်ကျောပြင်မှာလည်း သိသိသာသာ စိုရွှဲလာသည် ။
၁၀  မိနစ်လောက် ကျေနပ်လောက်အောင်ငိုပြီးမှ လူချင်းခွာလိုက်ပြီး သိမ့်ကကျွန်တော့်ကိုပြောသည် ။
မောင် သိမ့်သွားတော့မယ် --
ထိုအပြောကြောင့် သိမ့်ကို ကျွန်တော် ကျောခိုင်းလိုက်သည် ။သိမ့်ကထပ်ပြောသည် မတိုးမကျယ် ညင်ညင်သာသာလေး ။
မောင့်ကိုသိမ့်အရမ်း ချစ်ခဲ့ရပါတယ်မောင် -- တစ်သက်တာအတွက် -- နှုတ်ဆက်ခဲ့ပါတယ်မောင် -- သိမ့်သွားပြီ --
ကျွန်တော့် ရင်ထဲဘယ်လို ခံစားနေမည်ကို ချစ်သူသိမ့် သိမည်ထင်ပါသည် ။ ကျွန်တော်သိမ့်ကိုလုံးဝလှည့်မကြည့် ။
မျက်ခင်းကိုရှပ်တိုက်သွားသော ခြေသံပျောက်သွားသည်အထိ ကျွန်တော်ရပ်နေမိသည် ။
ရင်ထဲမှာ နာကျည်းစိတ် ကျေကွဲစိတ် ၀မ်းနည်းစိတ်တို့  ပေါင်းစည်းလျှက် ကျွန်တော့်မျက်ဝန်းမှမျက်ရည်တို့  အတောမသပ် စီးကျနေသည်။
မျက်ဝန်းမှတဆင့် ပါးပြင်ကိုဖြတ်ပြီး မျက်ခင်းသို့ တိုင်အောင် ။ ကျွန်တော်အားရပါးရ ငိုနေလိုက်မိပါသည် ။။။။။။။
                 
                     မျက်ရည်
မင်းမျက်ဝန်းကစီးကျမျက်ရည်  ငါလေမကြည့်ရက်ပါဘူး
နင်ငိုရင်လေ ငါ့ရင်ထဲမှာ  ကြေကွဲ မတပ်ခံစားရပါတယ်
မသုတ်နဲ့ အချစ်လေး  အားရအောင်ငိုစမ်း
တို့ နှစ်ယောက်ရဲ့  ချစ်နိဂုံးမှာ  မင်းမျက်ရည်ကအမှတ်တရပါလေ ။။။
မင်းနှုတ်ဖျားကလမ်းခွဲစကားသံ  ငါလေမကြားရက်ပါဘူး
နင်ပြန်ရင်လေ  ငါ့ဘ၀လေးဟာ တစ်ယောက်ထဲအထီးကျန် အဖော်မဲ့ပြီပေါ့
နှုတ်ဆက်မနေနဲ့  သွားတော့အချစ်လေး
တို့ နှစ်ယောက်ရဲ့  ချစ်နိဂုံးမှာ  ငါ့မျက်ရည်လည်းအမှတ်တရပါလေ ။။။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့