Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

မလာခဲ့နဲ့

၁။ ကျီးမဲတွေက ဖြူ
ဗျိုင်းဖြူတွေမဲလာတဲ့နေ့
ကျက်ကလေးတွေ လေဟုန်းပျံ့ပြီး
သိန်းငှက်တွေ မြေပြင်ရှပ်ပြေးတဲ့
နေ့တစ်နေ့မှ မင်းအချစ်ကို  ရခဲ့မယ်ဆိုရင်...
၂။ ကိုယ်ကတော့ ....
မြင်းတွေကပင်လယ်ပြင်ကိုလက်ပစ်ကူး
လိပ်ကလေးတွေ  တာတိုကို  ဒုန်းစိုင်းပြေး
ယုန်းကလေးတွေ နှေးကွေးစွာလမ်းလျှောက်တဲ့နေ့မှ
မင်းရင်ခွင်ကို ပတ်ကျိလို့
အပြေးသောပြီးရောက်အောင်လာခဲ့မယ်...
၃။ အင်း ...မင်းကိုချစ်လိုက်မိတဲ့
ငါ့လိုကောင်တစ်ယောက်ကို ...
မင်းမိဘအသိုင်းဝိုင်းတွေက
ပေးလိုက်တဲ့ ဂုဏ်ဘွဲ့တစ်ခုက
သိုးရေခြုံထားတဲ့  ၀ံပုလွေတဲ့ ...
သြော်  ..သင်္ခန်းစာပါလား ....
မင်းဘ၀လေးကို  သားကောင်လို့
သဘောထားပြီးတော့ ....
မြေခွေးကို ကိုးကွယ်
သမင်လို အလစ်သုတ်မယ် လူကိုတော့
မင်း အသိုင်းဝိုင်းက  ပြောတဲ့
ဟဲ့ကောင်စုတ်  မသိရင်မှတ်ထား
ဒါက  ......
ဂုဏ်သရေ ရှိလူကြီးမင်းတဲ့
အင်း ....ဒါလဲ သင်္ခန်းစာပဲလား ။။။။။
ဂုဏ်ပကာသနတွေကိုအဖော်ပြု
စိန်တစ်လက်လက်နဲ့ ရွှေရောင်ရှိမှ လူလို့   သတ်မှတ်တဲ့
မင်း  တို့ ရဲ့ ဘ၀ထဲကို  ..
ဝင်လာဖို့  မရဲပါဘူး ....
မင်းကိုချစ်လို့  ပြောလိုက်မယ်နော်
ဂုန်း ခလွမ် ဆိုတဲ့ အိုးခွက်ပုဂံသံတွေနဲ့
သာယာနားပျော်ဖွယ် မရှိတဲ့ 
ငါ့ဘ၀လေးထဲကို မင်း မလာခဲ့ပါနဲ့နော်..
တစ်နေ့တစ်မနက်ရဲ့တစ်ဝမ်းတစ်ခါးလှဖို့
ပဲပြုတ်နဲ့ထမင်းကြမ်းကို  အဖော်အဖြစ်
ဝမ်းစာဖြည့်ရင်း ခရီးသွားသူတစ်ယောက်မို့
မကျေနပ်ချက်တွေများတိုင်း
နေမင်းကြီးကို မျက်စောင်းထိုး
အံကလေးကြိတ်ပြီး ...
သီချင်းတစ်ပုဒ်တော့  ဆိုညဉ်းလိုက်ပါရစေ နော်
ဘာလဲ အော် သိပြီး
းး အချစ်ရေ  မလာခဲ့နဲ့းးး
နင်မသိတဲ့  အပြင်က  လက်တွေ့ဘ၀ဟားး
အန္တရယ်သိပ်များလွန်းတယ် ..တဲ့
မျိုးကြီးက  ပြောထားတယ်လေး 
အချစ်ရေ  မလာခဲ့ပါနဲ့.......................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့