Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 23 March 2012

တဖြည်းဖြည်းနဲ့ သိလာတယ်...

တိတ်ဆိတ်ခြင်းဆိုတာ...မိန်းကလေးတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး နာကျင်ခြင်း

ကိုယ့်အပေါ်တကယ်ချစ်တဲ့ မိန်းကလေးတစ်ယောက်ကို ငိုအောင်လုပ်လို့ရတယ်... စိတ်ဆင်းရဲအောင် လုပ်လို့ရတယ်...ဒါပေမဲ့ သူ့ကို တိတ်ဆိတ်သွားအောင် မလုပ်သင့်ဘူး... ဘာလို့လဲဆိုတော့ တိတ်ဆိတ်ခြင်းဆိုတာ...မိန်းကလေးတစ်ယောက်ရဲ့ အနက်ရှိုင်းဆုံး နာကျင်ခြင်းတွေကို ဖော်ပြတဲ့ ငိုသံဖြစ်နေလို့ပါပဲ...မိန်းကလေးတွေက စကားပြောရတာကြိုက်တယ် ...ဘယ်လောက်ပဲ ပင်ပန်းမှု အခက်အခဲဆိုတာ တွေ ရှိနေပါစေ... သူမ စိတ်ထဲမှာတော့ နှစ်ယောက် အတူတူ သူမရဲ့ အကြောင်းတွေ တိုင်ပင်ချင်သေးတယ်လေ...ဒါဟာ သူမရဲ့ အချစ်တွေကို သက်သေပြတဲ့ အကောင်းဆုံးလုပ်ဆောင်မှု တစ်ခုပါပဲ... တကယ်လို့ တနေ့နေ့မှာ ကိုယ့်ချစ်သူ ကောင်မလေး တိတ်ဆိတ်သွားမယ်ဆိုတော့...ကိုယ် ပိုင်ဆိုင်ရမဲ့ အရာဟာ နောင်တတရားတွေပဲ ဖြစ်ပါလိမ့်မယ်...
ကိုယ်ရဲ့ ဘ၀လက်တွဲဖော်ကို ရွေးချယ်ခြင်းက အရေးကြီးတယ်... သူက ကိုယ့် ဘ၀တစ်လျှောက်ရဲ့ အပြုအမူတွေကို ပဲ့ကိုင်ပေးမဲ့သူဖြစ်လို့ပဲ....

ကိုယ် ရွေးချယ်တဲ့လူ ဘယ်သူဆိုတာ ပို အရေးကြီးတယ်...သူက ကိုယ့်ဘ၀ရဲ့ အခြေအနေ အဆင့်အတန်းကို ဆုံးဖြတ်ပေးမဲ့သူဖြစ်နေလို့ပါပဲ....

ဒါကြောင့် အလျင်စလို ဘ၀လက်တွဲဖော်ကို မရွေးချယ်မိပါစေနဲ့... ရွေးချယ်မှု မှန်ကန်ဖို့ လိုအပ်ပါတယ်...

အထီးကျန်ဆန်လို့ အချစ်မှားတာမျိုး မဖြစ်စေနဲ့...အချစ်မှားလို့ တစ်ဘ၀လုံးတော့ အထီးကျန် မဆန်ပါစေနဲ့...
အချစ်ဆိုတာ စာအုပ်တစ်အုပ်လိုပဲ....ဘာသာပြန်တာ လွဲချော်ခဲ့ရင်...မှားယွင်းတတ်သလို...သေချာ ဖတ်မိ ပြန်ရင်လဲ...မျက်ရည်ကျတတ်ပြန်တယ်...

တဖြည်းဖြည်းနဲ့ သိလာတယ်... သူတစ်ပါးကို အရေးစိုက်လွန်းရင် ကိုယ်ကိုယ်တိုင် ခံစားရတတ်တယ်ဆိုတာကိုပါ...
တဖြည်းဖြည်းနဲ့ သိလာတယ်...ကိစ္စအများစုဟာ တောင်းဆိုတိုင်း မရနိုင်ဘူး... တစ်ချို့အရာတွေဟာ တစ်သက်မှာ တစ်ကြိမ်သာ ရရှိနိုင်တယ် ဆိုတာကိုပါ....
တဖြည်းဖြည်းနဲ့ သိလာတယ်... မင်းအပေါ် တချိန်က ကောင်းခဲ့တဲ့ လူတိုင်းဟာ အမြဲတမ်း မကောင်းနိုင်ဘူးဆိုတာကိုပါ
တဖြည်းဖြည်းနဲ့ သိလာတယ်... လူတစ်ယောက်ကို စိတ်ကောင်းထားတိုင်း တူညီတဲ့ တုံ့ပြန်မှု မရနိုင်ဘူးဆိုတာကိုပါ...
တဖြည်းဖြည်းနဲ့ သိလာတယ်... မင်း လျစ်လျူရှုထားတဲ့ လူဟာ မင်းကို ဂရုအစိုက်ဆုံး လူဖြစ်နိုင်တယ် ဆိုတာကိုပါ.

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့