Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 March 2012

ချမ်းသာစေသော နည်းလမ်းတစ်သွယ်.......သို့ ပေမယ်……


သူ့ ရဲ့ဘ၀ကို စတင်မြင်တဲ့ အချိန်က ၁၉၉၇ ရဲ့ ဇူလိုင်လရဲ့ မိုးနေ့ တစ်နေ့ မှာပါ။

ဘ၀ဟာ စုပ်ပြက်နေတာများ မြို့  ပတ်ရထားတောင် ခိုးစီးနေရတဲ့ ဘ၀ပါ။ လိုင်းကား မစီးနိုင်လို့  လမ်းလျှောက်
နေရတဲ့ သူနဲ့  ဇူလိုင်လရဲ့ နေ့  တစ်နေ့ မှာ လမ်းလျှောက်ရင်းနဲ့  သိခဲ့ရပါတယ်။ သူက တွေ့ တဲ့ အချိန်တုန်းက
ယခု အောင်မင်္ဂလာ အဝေးပြေး လုပ်ထားတဲ့ ၀န်းက ကားဝန်းမဖြစ်သေးပါဘူး ။ အဲဒီတုန်းက ကားမှတ်တိုင်က
ရိုးမြေကျ ဆိုတဲ့ နာမည်နဲ့ ပေါ့။အဲဒီဝန်းထဲမှာ အသေးစား ပလက်စတစ် စက်ရုံလေးတွေရှိပြီး သူကအဲဒီ
စက်ရုံထဲက စက်ဆွဲအလုပ်သမားပါ။ တစ်ရက်ကို ဆွဲရင်ဆွဲသလောက်ဘဲ ပိုက်ဆံရတဲ့ အလုပ် ဖြစ်ပြီး ဆိုက်ကား
နင်း တာထက်ပိုပင်ပန်းတဲ့ အလုပ်ပါ။ လမ်းလျှောက်ရင်းနဲ့  သူပြောတဲ့ စကားတွေက….


“ ကျွန်တော်လည်း ဘ၀မှာ ချမ်းသာခြင်တာပေါ့ ဗျာ ။ တစ်ချို့ က ပြောကြတယ်။ လူဆိုတာဘ၀မှာ (၃) ကြိမ်
ကံကောင်းတက်ကြတယ်တဲ့ ။ ကျွန်တော်ဘ၀မှာ တစ်ခါမှ ကံမကောင်းခဲ့ပါဘူး ။ ကျွန်တော် ဘွဲ့ ရပြီးသားပါ။
ရတဲ့ အလုပ်က ပင်ပန်းပါတယ် ဒါပေမယ့် လောလော ဆယ်မှာ ကျွန်တော့်မိသားစု ရဲ့ စားဝတ်နေရေးကို
လက်တလေးဖြေရှင်းပေးနိုင်တယ်။ ကုမ္မဏီ အလုပ်ကို ကျွန်တော်လည်း သဘောကျပါတယ် သို့ ပေမယ့်
လက်တွေ့ မှာ သူက ဘ၀ရဲ့ အခက်အခဲကို နေ့ စဉ်မဖြေရှင်းနိုင်ဘူး ဂုဏ်ရှိတာကလွဲရင်ပေါ့။ ”

“အခု ကောအဆင်ပြေရဲ့လား ”


“ ပြေတယ်တော့ ဘယ်ဟုပ်မလဲ အကိုရယ် လုပ်ရတဲ့ အလုပ်က လျှပ်စစ်မီးနဲ့ လုပ်ရတာလေ
မီးမလာတဲ့ရက်ဆိုရင်တော့ တော်တော် ဒုက္ခ ရောက်တယ်။ မီးလာနိုးလာနိုးနဲ့  တညလုံးမှ မီမလာရင်တော့
ဒီညလိုပေါ့ အလုပ်ရှင်ကလည်း မီမလာတဲ့ ရက်တွေဆို ကြိုတင်ငွေ တောင်းရင်တော့ ပေးပါတယ်။ တစ်ခါတစ်ခါ
ကြတော့လည်း မတောင်းခြင်ဘူး အကိုရယ် ရှက်တာရယ် အားနာတာရယ်ကြောင့်ပါ။ ဒီနေ့ ဆို ပိုက်ဆံ ထုပ်
မလာရဘူးအကို ညကလည်း မီးမလာဘူး ဒီတော့ အိမ်ရောက်အောင် လမ်းလျှောက်ပြန်နေတာလေ။ အကိုက
ကျမ်းမာရေးအရ လမ်းကို လျှောက်တယ် ကျွန်တော်က ပိုက်ဆံမရှိလို့ လမ်းလျှောက်တယ် အခြေအနေက
မတူဘူးလေ။ ”


“ အဲဒီတော့ ဒီနေ့  အိမ်ရောက်ရင် ……

“ အကိုရယ် မီးလည်းလာတယ် အလုပ်လည်းရှိလို့ ကတော့ ဘယ်ပြောကောင်းမလဲ အကြွေးကျေအောင်ဆွဲပြီး
ပိုတဲ့ ပိုက်ဆံလေးနဲ့  အိမ်ကိုပြန် ကျွန်တော် အပြန်ကိုစောင့်နေတဲ့ အမေရယ် မိန်းမရယ် ခလေးရယ်ကို
သားအတွက်မုန့်  မိန်းမအတွက်ဈေး ဖိုး အမေအတွက် လက်ဖက်ရည်ဖိုး လေးပေး ကျွန်တော်ကတော့ ရေဆွဲ
မီးမွေး ထမင်းအိုးတည် မိန်းမပြန်ရောက်လို့  ဟင်းအိုးတည်ပြီဆိုတာနဲ့  အိပ်ပေါ့။ ဒီနေ့ လို နေ့ မျိုးဆိုရင်တော့
အခုလိုစောစောပြန် အိမ်က အ၀တ်အစားလေးကို ပေါင်နှံ ဖို့ အတွက် မိုးမလင်းခင် အပေါင်ဆိုင်က စောင့်
ပိုက်ဆံရပြီဆိုတာနဲ့  အိမ်ကိုပြန်ပေါ့ အကိုရယ်။ကိုက အိမ်ထောင်ဦးစီးလေ လုပ်ရတော့မှာပေါ့။ ”

“ညီလေး ဒီအချိန်မှာ အချစ် ဆိုတာ…………….

“ အကိုရယ် နောက်ပေါက်က ဆင်းသွားတာ ကြာခဲ့ပေါ့ ”
“ ညီဒီတိုင်းဘဲ ဘ၀ကို သွားတော့မှာလား ”


“ ကျွန်တော် တွေးထားတာ တစ်ခုတော့ရှိတယ် အကို မြင်မြင်ခြင်း အကို့ ကိုလည်း ခင်တော့ မှားလားမှန်လား
 ဆုံးဖြတ်ပါ။ကျွန်တော် ဗုဒ္ဓ ဘာသာ တစ်ယောက်ပါ။ အကို သို့ ပေမယ် ဗုဒ္ဓဘုရားရှင်ကို အတ္တကြီးတယ်ဆိုရင်
အကိုလက်ခံပါ့မလား ။ ဒါက ကျွန်တော် တစ်ယောက်ထဲရဲ့ အမြင်နော် ဘာသာကို စောကားတာမဟုပ်ဘူး။
ဘုရားရှင်က အတုမရှိတဲ့ သဗ္ဗညုတညဏ်တော်ကို ရဖို့ အတွက် မိဘ၊မိန်းမ၊ မွေးကင်းစ ခလေး အားလုံးကို
စွန့် လွတ်ခဲ့တယ်။ တခုတော့ရှိတယ် အားလုံးပြည်စုံစွာနဲ့ ပေါ့ ။ ကျွန်တော်လည်း ရတဲ့ပိုက်ဆံကို ကြိုးစားရှာစု
အတိုင်းအတာ တခုကို ပြည့်ပြီဆိုရင်တော့ ကျွန်တော် အားလုံးကို စွန့် လွှတ်လိုက်တော့မယ်.။ ကျွန်တော် လိုခြင်
တဲ့ အတိုင်းအတာ မပြည့်စုံ မချင်း ကျွန်တော် ကြိုးစားရှာမယ်။ သို့ ပေမယ် နောက်တော့ လုံးဝ လှည့်မကြည့်
တော့ဘူး နောက်ဆုံးအကိုရယ် မိဘ ဆုံးရှုံးတယ် ဆိုရင်တောင် ရည်မှန်းချက် မပြည်စုံသေးရင် နောက်လှည့်
မကြည့်ဘူး ။ ဘုရားရှင်တောင် ကြိုးစားအားထုပ်မှု့ ကြောင့် သဗ္ဗညုတညဏ်တော်ကို ရရှိခဲ့တယ်။ရရှိတဲ့ အချိန်က
စပြီး လူမှု့  ရေးလုပ်ငန်းတွေ ပရဟိတ လုပ်ငန်းတွေ လုပ်ဆောင်ပြီး လောကကောင်းကျိုးကို လုပ်ဆောင်
နိုင်ခဲ့တယ်။ ကျွန်တော်လည်းရည်မှန်းချက်တွေ ပြည့်စုံပြီဆိုတာနဲ့  မိသားစုကောင်းကျိုးကို နှစ်စတိုးလုပ်မယ်လို
့မှန်းတယ်အကို။ ”


“ မင်းစကားက ငါတော့ တော်တော် စဉ်းစားရမယ်။ အဖြေတော့မပေးလိုဘူး သို့ ပေမယ် ညီငယ် အလုပ်
လုပ်မယ်ဆိုရင်တော့ ပြီးဆုံးအောင် လုပ်ပါ လမ်းတ၀က်ကတော့ လှည့်မပြန်ပါနဲ့ လောလောဆယ် ရည်ရွယ်
ချက်ကတော့ နောက်ပေါ့ မင်း ရဲ့ မိသားစု လောလောဆယ် စားလောက်အောင် အကိုမှာပါတဲ့ ပိုက်ဆံ ၁၀၀၀၀
ကို လက်ဆောင်ပေးလိုက်တယ် ။”


“ သူများလို တော့ ကျွန်တော် မငြင်းဖူး အကို ဒါပေမယ့် ကျေးဇူးတင်ပါတယ် ဘယ်တော့မှလည်း မမေ့ပါဘူး ”
ဒီလိုနဲ့  ပေါ့ ၂၀၁၀ ရဲ့ ဇူလှိုင်လ မိုးသည်းတဲ့ နေ့ လေးမှာ ထီးလေးတစ်ချောင်းနဲ့  ဒီလမ်းကို လမ်းလျှောက်ရင်း
ဘာမဆိုင်ညာမဆိုင် ဒီကောင်လေးကို သတိရမိတဲ့ အချိန်မှာပဲ ဘေးနားကို ကားတစ်စီး ထိုးစိုက်လာခဲ့
တယ်။လှမ်းကြည့်လိုက် မှတ်မှတ်ရ ရှိမိတဲ့ ညီငယ်လေးပါလား။

“ အကို မှတ်မိလို့ ထင်ပါတယ် ”


“ သိတာပေါ့ ညီငယ်ရယ် ၁၃ နှစ်တောင် ကြာခဲ့ပေမဲ့ အကို သတိရတယ် ညီက အကို့ ကို စဉ်းစားရမယ့် ချမ်းသာ
နည်း လေး ပေးသွားခဲ့တယ် ပြီးတော့ လက်တွေ့ ကျင့်သုံးခဲ့တယ် မင်းစီက အဖြေကို မမေးခင် ဒီပုံစံမြင်တာနဲ့ 
ညီအောင်မြင်ခဲ့တယ်ဆိုတာ သိပါတယ် ။”


“ ဟုတ်ပါတယ် အကို ကျွန်တော် ရေစာနေတဲ့ အချိန်မှာ ရေလေးတစ်ပေါက်တိုက်ခဲ့တာရယ်။ကျွန်တော်
လုပ်ခြင်တဲ့ ရည်ရွယ်ချက်ကို ပထမဆုံး တိုင်ပင်ဘူးတဲ့ အကိုတစ်ယောက် အနေနဲ့ ကို ရင်ထဲမှာ မှတ်မှတ်ရ ရှိခဲ့
ပါတယ်။ အကို့  စကားအတိုင်းပဲ အလုပ်လုပ်မယ်ဆိုရင်တော့ ပြီးဆုံးအောင် လုပ်ပါ လမ်းတ၀က်ကတော့
လှည့်မပြန်ပါနဲ့  ဒီထုံးကိုလည်း မှတ်သားထားခဲ့တော့”


………………မျက်ရည်လေးတွေ ၀ိုင်းလာပြီး


“ အကို ချမ်းသာပါတယ် ချမ်းသာခဲ့ပါတယ်။ လိုခြင်တဲ့ ရည်ရွယ်ချက်တွေ ပြည့်စုံပါတယ်။ ဒါပေမယ့်ဗျာ ပေးဆပ်
ရတာလည်း အများကြီးဘဲ ပထမ အမေဆုံးတယ် ။ ဒုတိယ မိန်းမဆုံးတယ် ။တတိယ သားသမီးတွေနဲ့  အရမ်း
စိမ်းသွားတယ် မိသားစုရဲ့ နွေးထွေးမှု့ ဆိုတာ မရှိတော့ဘူး ။ ဖြစ်သင့်ပါတယ် အကိုရယ် ကျွန်တော်လို ဆင်းရဲသား
တစ်ယောက်က ၁၃ နှစ်ဆိုတဲ့ ကာလမှာ ဒီလိုချမ်းသာဖို့ ဆိုတာ မလွယ်ပါဘူး ရိုးသားမှု့  ဆိုတာမရှိသလို
မေတ္တာတရားဆိုတာ ပိုဝေးပါတယ်။ သားရေ အမေ့ဆေးထိုးခြင်လို့  ဆေးဘိုး ဆိုလည်း မပေးခဲ့သလို အမေ့
နေမကောင်းလည်း အမေ့ နားမှာ မရှိခဲ့ပါဘူး။မိန်းမက ခလေးတွေနဲ့  ဘုရားသွားမယ်ဆိုလည်း မအားဘူး
အလုပ်ရှိတယ်ဆိုပြီး ငြင်းခဲ့တာတွေ များခဲ့တော့ သားသမီးတွေက ဖခင်ဖြစ်သူကို စိမ်းတယ်ဆိုတာ နည်းပါ
သေးတယ်။ လိုခြင်တာတော့ ပြည့်စုံပါတယ် ဒါပေမယ့် ကျွန်တော်မပျော်ဘူး အခုဆိုရင် သားသမီးတွေက အဖေ
ပိုက်ဆံ ဆိုတာဘဲ။ အဖေ ခါးနာနေလို့  နင်းပေးပါဆိုရင်တောင် မသိခြင်ယောင် ဆောင်နေတက်တယ်။
ကျွန်တော် လေ အချိန်ဆိုတာ ပြောင်းလို့ ရရင် အရင်လိုဘဲ ဆင်းရဲသားဘ၀နဲ့  ငတ်တလက်ပြက်တလက်
နေခြင်လိုက်တာ အရမ်းချစ်ခဲ့တဲ့ အမေ။အရမ်း အလိုက်သိတဲ့ မိန်းမ ကိုငွေဆိုတာနဲ့  လဲလိုက်ရတာ မတန်လိုက်
တာ အကိုရယ် ကျွန်တော် မှားသွားတယ်ဗျာ။ အစွန်းရောက်သွားတယ်။ကဲအကို ကျွန်တော်နဲ့  မနက်ဖြန် ဒီနေရာ
မှာတွေ့ ပြီး ကျွန်တော့်ဖြစ်စဉ်တွေကို အသေးစိတ်ပြောပြမယ် အခုတော့ သွားလိုက်အုံးမယ်အကို မနက်ဖြန်
ဆက်ဆက်စောင့်နေနော် ”


ပြောပြောဆိုဆို ကားမောင်းထွက်သွားတဲ့ သူ့ ကိုကြည့်ရင်း……….. ကျွန်တော်မေးခြင်တဲ့ ချမ်းသာနည်းလေးပါ။
သူလိုလုပ်ရင် ချမ်းသာရပါမယ် ဒါပေမယ့် သူ့ လို ပေးဆက်နိုင်ပါ့ မလား ဆိုတာတွေးရင်း လမ်းလေးကို
ဆက်လျှောက်ခဲ့ပါတယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့