Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 22 March 2012

အလွန်အကျွံ


အလွန်အကျွံအချစ်
တစ်ယောက်သောသူကို ကိုယ် အလွန်အကျွံ ချစ်မိသွားရင် မကောင်းနိုင်ပါဘူး။


ဘာလို့ လဲ လို့ မေးရင်
အမြဲတမ်း ကိုယ် ကရှုံးနေရလို့ ပါ။ အချစ်မှာ အနိုင် အရှုံး မရှိဘူဆိုတာက နောက်မှပါ ကိုယ့် အချစ်ကို
တန်ဖိုးထားတတ်တာကလည်း နောက်မှလှန်ကြည့်ရတဲ့ စာမျက်နှာတွေဖြစ်နေတယ်လေ။ ပစ္စုပ္ပန်တည့်တည့်
ကြည့်တက်ရင် လောလောဆယ် ခံစားရတာက ကိုယ်ကိုတိုင်ဆိုတာနဲ့  အဲဒီစိတ်ကြောင့် ခံစားရတဲ့ အချိန်မှာ
ကိုယ်တစ်ယောက်ထဲ ဖြစ်ပြီး ကိုယ့်ကို နားလည်ပါတယ်ဆိုတဲ့ သူငယ်ချင်းတွေကတောင် မင်း/နင် အရှုးပဲလို့ 
ပြောနေကြတော့ သူငယ်ချင်းရေ အချစ်မှာ အလွန်အကျွံ ချစ်မိသွားရင် မကောင်းနိုင်ပါဘူး။



အလုပ်
အလုပ်မှာ ငါလုပ်မှ ရမယ် ငါပါမှ ပြီးမယ် ငါမရှိ ရင်မပြီးနိုင်ဘူး ဆိုတဲ့ အလုပ်ပေါ်မှ စိတ်မချနိုင် သလို
စိုးရိမ်ပူပန်မှု့ တွေအရမ်း အလွန်အကျွံ ဖြစ်သွားရင် မကောင်းနိုင်ပါဘူး။



ဘာလို့ လဲ လို့ မေးရင်
အလုပ်ဆိုတာ လူပေါင်းများစွာ ကျွမ်ကျင်တဲ့ သူတွေများစွာ ဆိုတာထက် လူတွေနဲ့ တည်ဆောက်ထားတဲ့ အဖွဲ့ 
အစည်းတစ်ရပ်ပါ။ လူဆိုရင် လူလိုတော့ သိကြတာကြည့်ပါပဲ။ လူတစ်ယောက်မှာ ရှိသင့်ရှိထိုက်တဲ့ ယေဘုယျ
စိတ်တော့ ရှိကြမှာပါ။ စကားပုံတောင်ရှိပါတယ် တစ်ဗိုလ်ကျရင် တစ်ဗိုလ်တက်မယ်ဆိုတာလေ ။ အဲလိုမှမဟုပ်ပဲ
ဒီအလုပ်ကို ငါလုပ်မှရမှာ ဆိုတာနဲ့  ကျန်တဲ့ သူကို အသုံးမကျဘူးလို့  ပြောတာနဲ့ တူနိုင်တာမို့  ငါလုပ်မှရမယ်
ဆိုတဲ့ နေရာမှာ ငါသင်ပေးလိုက်ရင်ကော ဆိုတဲ့ အတွေးလေးတွေးပြီး သင်ပေးကြည့်ပါ။ လူညံ့ရယ် လူတော်ရယ်
ညံ့လည်းမညံ့ တော်လည်းမတော် ရယ်ဆိုပြီး ၃ မျိုးထွက်လာပါလိမ့်မယ် လူတော်ထဲကမှ အကြိုက်ဆုံးလူကို
ရွှေးချယ်လိုက်ရင် မင်းအတွက် စိတ်ချမ်းသာလိမ့်မယ်ထင်တယ်။ အဲလိုမှ မဟုတ်ဘဲ ငါလုပ်မှရမယ် ဘယ်သူ့ 
မှမယုံကြည်ဘူးဆိုရင်တော့ အလုပ်ပေါ်မှ စိတ်မချနိုင် သလို စိုးရိမ်ပူပန်မှု့ တွေအရမ်း အရမ်း အလွန်အကျွံ
ဖြစ်သွားရင် မကောင်းနိုင်ပါဘူး။ တစ်ခုတော့ သိထားပေါ့ ကားဆိုတဲ့ စက်ပစ္စည်း ဟာ မိမိပိုင်တယ်ဆိုပေမဲ့ မိမိမှ
မဟုတ်ဘဲ ကျွမ်းကျင်တဲ့ ဘယ် ဒရိုင်ဘာ တက်မောင်း တက်မောင်း မောင်းလို့ရပါတယ်။ ကားကတော့ ဒီလူ
မောင်းမှ စက်နှိုးမယ် လို့ တော့မရှိပါဘူး ။



စီးပွါးရေး
- စီးပွါးရေးမှာလည်း ငါက မရှိမဲ့ ရှိမဲ့ ပိုက်ဆံလေးနဲ့  ရင်းထားရတာ ဆုံးရှုံးသွားလို့ မရဘူး ။
- ငါ့မိဘတွေကတော့ချမ်းသာပါတယ် ဒါပေမယ် ဂုဏ်သိက္ခာ ကြောင့် ဆုံးရှုံးလို့  မရဘူး အောင်မြင်မှကို
ရမယ်ဆိုတဲ့ ဖြစ်ကို ဖြစ်ရမယ် ဆိုတဲ့ စိတ်ဟာ အလွန်အကျွံ့ ဖြစ်သွားရင် မကောင်းနိုင်ပါဘူး။



ဘာလို့ လဲ လို့ မေးရင်
အောင်မြင်မှု့ ကိုတော့ လူတိုင်းလိုခြင်တာကြည့်ပါပဲ ဒါပေမယ့် လူတိုင်းမရပါဘူး သူ့ နဲ့  ဆန့် ကျင်ဘက် ဆုံးရှုံးမှု့ 
ဆိုတာကို လူတိုင်း လူတိုင်း မလိုခြင်ပါဘူး ဒါပေမယ့် အကုန်လုံး ရရှိခဲ့ပါတယ်။ ဥပမာ။ ။ မိဘ သူတို့ ဟာ
တစ်ချိန်ချိန်မှာ သေရမှာပါ ဒါဟာ လဲလှယ်ယူလို့ မရတဲ့ ဆုံးရှုံးမှု့ ဆိုရင် သူငယ်ချင်းလက်ခံပါသလား ။
နောက်တစ်ခု ကျွန်တော်တို့ နိုင်ငံမှာ ဆယ်တန်း စာမေးပွဲဖြေကြတာတွေ အများကြီးပါ ။ ကျတဲ့ သူတွေလည်း
အများကြီးပါပဲ လူတိုင်းတာ ဖြေတိုင်းအောင်နေရင် စာမေးပွဲဆို တာ စစ်စရာမလိုတော့ပါဘူး ။ သူငယ်ချင်းရေ
အောင်မြင်မှု့ ဆိုတာ ကံ ညဏ် ၀ရိယ နဲ့ လည်းဆိုင်တာမို့  အရမ်းကြီး မျော်လင့် မထားပါနဲ့ စီးပွါးရေးမှာလည်း
ဆုံးရှုံးရတာတွေများလို့ လည်းစိတ်ဓါတ်မကျပါနဲ့ ဒါကို အရမ်း မျှော်လင့် ထားတဲ့ မျှော်လင့်ချက်တွေ အလွန်အကျွံ
ဖြစ်သွားရင် မကောင်းနိုင်ပါဘူး။ မြေတစ်ကွက်အတွက် သင့်တော်တဲ့ ပျိုးတစ်ပင်တော့ ရှိပါ လိမ့်မယ် ။
ပူပြင်းခြောက်သွေ့တဲ့ သဲကန္တာရမှာ ရှားစောင်းပင်တွေတောင် လှပတဲ့အပွင့်နဲ့ရှင်သန် ပေါက်ရောက် နိုင်သေး
တယ်။ ဘယ်နေရာ၊ ဘယ်ဒေသပဲ ရောက်ရောက်ကိုယ်နဲ့သင့်တော်တဲ့ နေရာတစ်ခုတော့ ရှိပါတယ်။ သင့်တော်
တဲ့ နေရာမှာကိုယ်စွမ်းသလောက် လှပတဲ့ အပွင့်တွေကို ဖူးပွင့်နိုင်အောင် ကြိုးစားလိုက်ပါ။
ကျန်တာတော့ နောက်များမှပေါ့။



မှတ်သားနိုင်စေဖို့ ပါ။
အခါတစ်ပါး၌ မြတ်စွာဘုရားရှင်သည် ကောဠိယနိဂုံးဝယ် သီတင်းသုံးနေတော်မူ၏။ ကောဠိယ၏သား ဒီဃဇာဏု
 မည်သော အမျိုးသားက- “အရှင်ဘုရား ၊ တပည့်တော်တို့သည် လောကီစည်းစိမ် ခံစားလျက် သားမယားဖြင့်
နေကြပါကုန်၏။ အမွှေးနံ့သာ သုံးစွဲပါကုန်၏။ ရွှေငွေရတနာတို့ကိုလည်း နှစ်သက်ပါကုန်၏။ လောကီ
လူ့ဘောင်တွင် နေကြရသော တပည့်တော်တို့အား ဤဘ၀၊ နောက်ဘ၀များ၌ စီးပွားဥစ္စာ ကြွယ်ဝချမ်းသာနိုင်
သော တရားနည်းလမ်းကောင်းများ ညွှန်ပြတော်မူပါ”ဟု လျှောက်ထား၏။ ထိုအခါ မြတ်စွာဘုရားရှင်က-


“ချစ်သား၊ ဤလောကတွင် လူတစ်ဦးသည် အသက်မွေးဝမ်းကျောင်း တစ်မျိုးမျိုးဖြင့် အသက်မွေးရသည်။
မည်သည့်အလုပ်မျိုးကို လုပ်သည်ဖြစ်စေ ၊ ထိုအလုပ်၌ ကျွမ်းကျင်မှု ရှိရမည်။ မပျင်းမရိ လုံ့လရှိရမည်။ စူးစမ်း
နှိုင်းချိန်တတ်သော ဥာဏ်စွမ်းလည်း ရှိရမည်။ စီမံခန့်ခွဲတတ်ရမည်။ ဤသို့သော အကြောင်းတရားနှင့်
ပြည့်စုံလျှင် ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံသည်ဟု မှတ်ရမည်။ ဥဋ္ဌာနသမ္ပဒါနှင့် ပြည့်စုံ၍ တရားသဖြင့် ရရှိလာသော
စီးပွားဥစ္စာတို့ကို ရန်သူမျိုးငါးပါး မဖျက်ဆီးနိုင်အောင်လည်း စောင့်ရှောက်တတ်ရမည်။ ဤသည်ကို အာရက္ခ
သမ္ပဒါဟု မှတ်ရမည်။ မိမိနေရာ၊ မြို့၊ ရွာ နိဂုံး၌ သဒ္ဓါ သီလ စသော မိတ်ဆွေကောင်း အရည်အချင်းနှင့် ပြည့်စုံ
သူများ၊ ကြီးပွားရေး၊ စီးပွားရေး စသည်တို့၌ အောင်မြင်နေကြကုန်သောသူများနှင့် ပေါင်းသင်း ဆက်ဆံရမည်။
မိတ်ဆွေကောင်းနှင့် ပေါင်းသင့်သောသူသည် ထိုမိတ်ဆွေကောင်း၏ အရည်အချင်းကောင်းပုံကို အတုလိုက်၍
မိမိလည်း သဒ္ဓါတရားကောင်းသူ၊ သီလရှိသူ၊ ကြီးပွားအောင်လုပ်နိုင်သူ ဖြစ်လာမည်။ အသိ အလိမ္မာ တိုးပွားလာ
တတ်သည်။ ဤသည်မှာ ကလျာဏ မိတ္တသမ္ပဒါ၏ အကြောင်းအကျိုး ဖြစ်သည်။ သမဇီဝိတ သမ္ပဒါနှင့်
ပြည့်စုံဖို့လည်း လိုပေသေးသည်။ မိမိရှာဖွေရရှိထားသော စီးပွားဥစ္စာကို ၀င်ငွေ ထွက်ငွေ စနစ်တကျ မျှတ
အောင် အသက်မွေး တတ်ရမည်။ ဤ သမ္ပဒါတရားလေးပါးတို့နှင့် ပြည့်စုံသူတိုင်း ဤဘ၀၊ နောက်ဘ၀တို့၌
စီးပွားဥစ္စာ ကြွယ်ဝချမ်းသာပေလိမ့်မည် ချစ်သား ” ဟု မိန့်ကြားခဲ့ပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့