ဖြစ်နိုင်မယ်ဆိုရင်လေ
ရာသီဓလေ့စရိုက်ထဲ
နှလုံးသားကို ပုံသွင်းလိုက်ချင်တယ်....။
ဖူးသစ်စ ရွက်နုလို
လတ်ဆတ်နိုင်မလားလို့...
မျှော်လင့်ကြည့်တာပါ...။
ကြွေအံ့ဆဲဆဲနှလုံးသား
ဒါဏ်ရာများနဲ့ဆိုတော့.....
နှုတ်ခမ်းတစ်စုံရဲ့ ဆွဲငင်အားက
ရင်ခွင်ကိုကြေမွစေသတဲ့လား......။
အကြောင်းတရားတွေနဲ့ မင်းထားခဲ့တော့
အပြင်မတင်လိုတော့ပါဘူး....။
ငယ်တဲ့အသည်း အဆုံးထိပဲ ကွဲလိုက်မယ်.
အဲဒီအပြုံးလေး ထပ်မမြင်ပါရစေနဲ့....
အားပေးစကားတွေထပ်မကြားပါရစေနဲ့.....
သံယောဇဉ်နွယ်တဲ့ စကားတွေနဲ့ မရူးသွပ်ချင်တော့လို့...
နားလည်ပေးနိုင်ပါတယ်.....ငါ့လိုမိန်းကလေးက
နင့်ဘေးကကောင်မလေးတွေလောက်
နင့်ကိုပျော်အောင်မထားနိုင်မှတော့...
မညီမျှခြင်းရဲ့ဆုံမှတ်ကို လက်ခံလိုက်ရတော့မှာပေါ့........
အချစ်ဦးဖြစ်ခွင့်ရခဲ့ပေမယ့်
နောက်ဆုံးရင်ခွင်ဆိုတာလည်း
မျှော်လင့်ခွင့်မရနိုင်မှတော့
နှုတ်မဆက်ဘဲထွက်ခွာတဲ့
နွေဦးရဲ့ညမှာ
နှင်းခါးကို တမ်းတရင်း
ငါ့အတွေးတွေ
မြူလိုမှိုင်းနေဆဲ..........။။။။။။။။။။။။။။။။။။။။
♥ ♥လျှိဝှတ်ဥယျာဉ် ♥ ♥
No comments:
Post a Comment