Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 March 2012

သစ္စာတရားရဲ့----------ခွေးဘူတာလေးအကြောင်း

အေးချမ်းတဲ့ ချစ်ခြင်းမေတ္တာ တွေမှာ အလိုအပ်ဆုံးက ထာဝစဉ်ထားအပ်တဲ့ သစ္စာတရားပါ
ချစ်သူတို့ချစ်ပြီဆိုရင် ဘာလိုအပ်လည်း နားလည်မူ ချစ်ခြင်းတွေဆိုပင်မယ့် ထာဝရ ကြင်နာမူ သစ္စာတရာ့း အမြဲလိုအပ် နေတာပဲလေ သစ္စာတရားနဲ့ ခိုင်မြဲတဲ့ ချစ်ခြင်းကို ချစ်သူတိုင်း လိုချင်ကြတယ်လေ ဒီကြောင်းလေးနဲ့ ဆက်ဆက်ပြီး တစ်ခုပြောချင်တာက
ဂျပန်နိုင်ငံ တိုကျိုမြို့ က ဘူတာလေးတစ်ခု ကို ချစ်သူတိုင်း အိမ်ထောင်သည်တိုင်း အထိမ်းအမှတ် တစ်ခုအနေနဲ့ သွားဖြစ်တယ်တဲ့  ဘာလို့သွားတာလည်းဆိုတော့ ဒီသစ္စာတရား ရဲ့ အထိမ်းအမှတ် တဲ့လေ
ဒီဘူတာလေး ကိုတော့ အများအခေါ် ခွေးဘူတာလေးလို့ ခေါ်ကြတယ် ဒီခွေးဘူတာလေးမှာ သစ္စာတရား တွေရှိတယ် သခင်ပြန်လာမှာကို အမြဲတန်းစောင့်နေတက်တဲ့ ခွေးလေးကို ရည်ညွှန်းပြီး ခေါ်ဆိုထားတာတဲ့လေ
ဒီရထား ဘူတာလေးမှာ ညနေအချိန်ဆို သခင်ပြန်အလာကို အမြဲတန်းစောင့်နေတက်တယ်
တနေ့ မှာသခင်ဟာ ရထားပေါ်မှာတင် နုလုံးရောဂါနဲ့ ကွယ်လွန်သွားတယ် ဒါကိုမသိရှာတဲ့ ခွေးလေးက နေ့စဉ်နေ့တိုင်း ဒီဘူတာလေး ကိုလာလာပြီး သခင်ကို စောင့်နေရှာတယ်လေ သူသခင်များ ဒီရထားလေး ပေါ်ကများ ဆင်းလာလေ မလားလို့ပေါ့ နေ့စဉ်နေ့တိုင်း စောင့်နေတဲ့ခွေးလေးကို မြင်သူတွေကအစာလာကျွေးကြတယ် ရေလာတိုက်ကြတယ် သူတို့အိမ်ကို ခေါ်သွားဘို့လုပ်ကြတယ် ဒါပင်မယ့် ဒီခွေးလေးက ဘယ်သူခေါ်ခေါ် မလိုက်ဘဲ သူသခင်ပြန်လာမယ့် ရထားလေး ကို နေ့စဉ် ရက်ဆက်မျော်ရင်းနဲ့
အဲ့ဒီဘူတာလေးမှာ တင် ကွယ်လွန်သွားရှာတယ် သစ္စာတရားကို တန်ဘိုးထားတဲ့ ခွေးလေးကို ရည်ညွှန်းပြုပြီး
ဒီဘူတာလေးကို ခွေးဘူတာလို့ အလွယ်ခေါ်ခဲ့ကြပင်မယ့် ခွေးလေးရဲ့ သစ္စာကို တန်ဘိုးထားကြတာပါ
ခွေးလေးရဲ့ သစ္စာက သူသခင်အပေါ်မှာ ကြီးမားလှတယ်လေ ချစ်သူအိမ်ထောင်ရှင် အားလုံးလည်းသစ္စာတရားထား နိုင်ကြရင် လောကကြီးမှာ သစ္စာမဲ့တဲ့ ကွဲကွာခြင်းမျို ရှိပါ့မလားနော်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့