လွန်ခဲ့တဲ့ နှစ်အနည်းငယ်က စိတ်ဝင်စားစရာလည်း ကောင်း၊ စိတ်ပျက်စရာလည်း ကောင်းတဲ့ အပြုအမူအပေါ်
အခြေခံတဲ့ စိတ်ပညာစမ်းသပ်မှု တစ်ခုကို ရေးလ်တက္ကသိုလ်က စတန်လေမီလ်ဂရမ်က ဦးဆောင်ပြီး လုပ်ခဲ့ပါတယ်။
အလွှာအသီးသီးက လူ ၄ဝ ကို သူတို့ မကြိုက်နှစ်သက်တဲ့ အပြုအမူတစ်ခုကို ခေါင်းဆောင်က (ဥပဒေအရ) အမိန့်
ပေးလို့ ဆောင်ရွက် ရတဲ့အခါမှာ ဘယ်လောက် အတိုင်းအတာအထိ လိုက်နာ ဆောင်ရွက်သလဲ ဆိုတာ
စမ်းသပ်ခဲ့တာ ဖြစ်ပါတယ်။
ဒီလူတွေဟာ ဆရာနေရာကနေ အစမ်းသပ်ခံရမှာ ဖြစ်ပြီး၊ ဒီစမ်းသပ်ချက်က ပညာရေးအတွက် အရေးကြီးတယ်လို့
လည်း ပြောပြထားခဲ့ပါတယ်။ အဲဒီ ဆရာတွေရှေ့မှာ ခလုပ်၃ဝ ပါတဲ့ ခလုပ်ခုံတစ်ခု ချပေးထားပါတယ်။ ခလုပ်တွေ
ဟာ လျှပ်စစ်ဗို့ အမှတ်အသားပြသကေတတွေသာဖြစ်ပြီး၊ ၁၅ ဗို့ကနေစပြီး ( ခလုပ်တစ်ခုကို ၁၅ ဗို့စီ တိုးတိုးသွာ်း)
နောက်ဆုံး ခလုပ်ဟာ ဗို့အား ၄၅ဝ ရှိမှာဖြစ်ပါတယ်။ သူတို့ရှေ့မှာ (ငှားရမ်းထားတဲ့ သရုပ်ဆောင်)ဲ ကျောင်းသားတစ်
ယောက် ရှိနေမှာပါ။
အစီအစဉ်အရ ဆရာတွေက အဲဒီကျောင်းသားကို မေးခွန်းတွေ မေးရမှာဖြစ်ပြီး။ ကျောင်းသားက အမှားဖြေရင် ပထမ
၁၅ ဗို့ကနေစပြီး အပြစ်ပေးရမှာ ဖြစ်ပါတယ်။ ကြိုတင်စီစဉ်ထားတာဖြစ်လို.တကယ်လည်း အမှားဖြေရမှာပါ၊
နောက်မေးခွန်းတွေ တစ်ခုပြီး တစ်ခုမေးပြီး၊ အမှားဖြေတိုင်းလည်း ၁၅ ဗို့စီ တိုးတိုးပြီး အပြစ်ပေးသွားရမှာ ဖြစ်ပါ
တယ်။ အဲဒီတော့ အမှားတွေ များလာတဲ့အခါမှာ ဗို့အားကလည်း တဖြည်းဖြည်းပိုများလာမှာပါ။
ကျောင်းသားနေရာ မှာ သရုပ်ဆောင်ရတဲ့ သူကလည်း အပေါ်က ခလုပ်တစ်ခုကို နှိပ်လိုက်တာနဲ့ နာကျင်တဲ့ပုံစံ
ညည်းညူပြ၊ အပြစ်ပေးတဲ့ ဆရာကိုရော၊ စမ်းသပ်ချက်လုပ်တဲ့သူကိုပါ ကျိန်ဆဲတာ၊ ကန့်ကွက်တာတွေလုပ်မှာ
ဖြစ်ပါတယ်။ ဗို့အား ၃ဝဝ လောက် ရောက်လာတော့ ဆရာလုပ်တဲ့သူတွေက ဆက်ပြီး အပြစ် မပေးချင်တော့ပါဘူး။
လက်လွန်သွားမှာ ကြောက်လာကြပါပြီ။ ဆက်လက် အပြစ် မပေးနိုင်တော့ဘူး ဆိုပြီး ပြန်ပြီး ကန့်ကွက်လာကြပါ
တယ်။ အဲဒီလိုဖြစ်လာတော့ စီစဉ်သူမီဂရမ်က ဒီစမ်းသပ်ချက်ဟာ ပညာရေးအတွက် အရေးပါတယ်။ အပြစ်ပေးခြင်း
ဟာ ကျောင်းသားရဲ့ ပညာ လေ့လာဆည်းပူးမှု အပေါ် ကောင်းလား ဆိုးလားဆိုတာလေ့လာတာ၊ တပည့်ဘာပြော
ပြောဂရုမစိုက်ဘဲ အပြစ်ပေးစရာ ရှိတာကိုသာ ဆက်လက်ပေးဖို့ ဆိုတာ မျိုးတွေပြောပြီး ဆရာတွေကို အချော့သတ်
ရပါတယ်။ ဒါပေမယ့် တကယ်တမ်းသူသိချင်တာက အပေါ်မှာပြောခဲ့သလိုပဲ "လူတစ်ယောက်ဟာ ပုဂ္ဂိုလ်ရေးအရ၊
ကိုယ်ကျင့်သီလသဘောအရ မလုပ်သင့် မလုပ်ထိုက်တဲ့ အလုပ်တစ်ခုကို စမ်းသပ်ချက်လို့ပြောတဲ့ စည်းကမ်းဥပဒေ
တွေအရ ဘယ်လောက် လိုက်လုပ်တတ်သလဲ?" ဆိုတာကို သိချင်ကြတာပါ။
ဒီစမ်းသပ်ချက်မတိုင်ခင်က မီဂရမ်က စိတ်ပညာရှင် အကျော်အမော်တွေ ၃၉ ယောက်ကို အဲဒီ စမ်းသပ်ချက်
အကြောင်း ပြောပြပြီး၊ လူဘယ်လောက်များများဟာ သူတို့မပေးချင်ပေမယ့် စည်းကမ်း သတ်မှတ်ချက်တွေ အရ
ကိုယ့်ဆန္ဒကို လျှစ်လျူရှုပြီး အမြင့်ဆုံး ဗို့အားတွေကို ပေးကြမလဲလို့ မေးကြည့်ပါတယ်။ အဲဒီအခါမှာ သူတို့အားလုံး
ခန့်မှန်းကြတာကတော့ ဆရာအားလုံးနီးပါးဟာ ဒီစည်းကမ်း စည်းမျဉ်းတွေကို ဆန့်ကျင် ကြလိမ့်မယ်လို့ ဟောခဲ့ကြ
ပါတယ်။ အများစုက ဗို့အား ၁၅ဝ ထက်ကျော်ပြီး အပြစ်ပေးကြမှာ မဟုတ်သလို၊ ဗို့အား ၃ဝဝ အထိ ပေးမယ့်သူက
လေးရာခိုင်နှုန်းလောက်ပဲ ရှိလိမ့်မယ်လို့ ခန့်မှန်းပြောဆိုကြပါတယ်။
၁ဝဝဝ မှာ တစ်ယောက်လောက်ပဲ အရူးလိုမျိုး ဗို့အား ၄၅ဝ အထိ ပေးလိမ့်မယ်လို့ သူတို့က မဲပေးကြပါတယ်။
တကယ့်ရလာဒ်ကို လေ့လာကြည့်တဲ့အခါမှာတော့ ဆရာ ၆ဝ ရာခိုင်နှုန်းကျော်ဟာ ဗို့အား ၄၅ဝ အထိ အပြစ်ပေး
တာကို တွေ့ရပါတယ်။ ဒီရလာဒ်ကို မကျေနပ်တဲ့အတွက် တခြားနိုင်ငံတွေမှာ ထပ်မံစမ်းသပ်တဲ့အခါမှာ ရလာဒ်ဟာ
ကျမသွားဘဲ ပိုတိုးလာပြီး၊ နိုင်ငံတစ်ခုမှာဆို ၈၅ ရာခိုင်နှုန်းအထိတောင် ဗို့အား ၄၅ဝ ကိုအသုံးပြုခဲ့တာကို တွေ့နေ
ရပါတယ်။ အခုလို ဘာဖြစ်လို့ ဖြစ်ရသလဲဆိုတာကို လေ့လာကြည့်တဲ့အခါမှာ ဖြစ်နိုင်စရာ အချက်နှစ်ချက်ကို
တွေ့ကြရပါတယ်။ ပထမအချက်က လူတွေမှာ တိရစ္ဆာန်လိုမျိုး ကြမ်းတမ်း ခက်ထန်တဲ့စိတ်ရှိလို့ လို့ တွေ့ရပါတယ်။
အဲဒီစိတ်ကို လူဟာ မျိုသိပ်ထားပေမယ့် စည်းကမ်းဥပဒေနဲ့ ညီညွှတ်တယ်လို့ ခွင့်ပြုလိုက်တဲ့အခါမှာ အပြင်ကို လွတ်
လွတ်လပ်လပ် ပေါက်ကွဲထွက်လာတာဖြစ်မယ်လို့ တွေ့ရှိရပါတယ်။ ဒါဟာ ဟိုကျောက်ခေတ် ကာလတွေတုန်းက
ကျန်တဲ့ ကိုယ့်ထက် အင်အားကြီးမားပြီး၊ အစွယ်တွေ၊ လက်သည်းတွေ ရှိကြတဲ့ တိရစ္ဆာန် အရိုင်းတွေကို ဘာမှမရှိတဲ့
လူက ရင်ဆိုင်တိုက်ခိုက်ခဲ့ရတဲ့ သနားလို့မရတဲ့ ကြမ်းတမ်း ခက်ထန်တဲ့ ဘဝက ဒေါသစိတ် မျိုးဗီဇလို့ သူတို့ ကဆို
ပါတယ်။ သဘာဝအတိုင်း ဖြစ်လာတာပေါ့ဗျာ။ နောက်တစ်ခု ဖြစ်နိုင်ချေရှိတာကတော့ စမ်းသပ်ချက်က သတ်မှတ်ပေး
လိုက်တဲ့ ပတ်ဝန်းကျင် စည်းမျဉ်း စည်းကမ်းတွေကြောင့်လို့ ပြောပါတယ်။ ဆရာအများစုက သူတို့ရဲ့ဆောင်ရွက်ချက်
ဟာ ပညာရေး အတွက် သိပ္ပံနယ်ပယ် အတွက် အရေးကြီးလွန်းတယ်လို့ ခံယူထားပြီး၊ ဒီအချက်ကြောင့် သူတို့လုပ်ရပ်
ဟာ မလုပ်သင့်မှန်းသိပေမယ့် (စည်းမျဉ်းစည်းကမ်းအရ) လုပ်ရမှာပဲလို့ တွေးကြတယ်လို့ ဆိုပါတယ်။
ကိုယ့်ကျောင်းသားတစ်ယောက်ကို အခုလိုမျိုး ပြင်းပြင်းထန်ထန် အပြစ်ပေးတာဟာ ကိုယ်ကျင့်တရားအရ ဘယ်လို
မှ မဖြစ်နိုင်ဘူး၊ လူယုတ်မာ အလုပ်လို့ ဆိုပေမယ့် ဒီအနေအထားမှာတော့ လုပ်ရမှာပဲလို့ သူတို့က တွက်ဆထားကြ
ပုံရတယ်လို့ ဆိုပါတယ်။ ဒါက လူဟာ ပတ်ဝန်းကျင်ရဲ့လွမ်းမိုးမှုကို ခံစားနေရတက်ပြီး၊ ပတ်ဝန်းကျင်နဲ့ အုပ်ချုပ်သူ
တွေကြောင့် ကိုယ့်ရဲ့သစ္စာရှိမှုတွေ၊ ကိုယ်ကျိုးစွန့်မှုတွေ၊ စည်းကမ်းတွေလိုမျိုး လူ့ဂုဏ်သိက္ခာတွေ ကို စွန့်လွှတ်ကြရ
တတ်တယ်လို့ ဆိုပါတယ်။ တနည်းအားဖြင့် မကောင်းတဲ့ ပတ်ဝန်းကျင်က မကောင်းမှုလုပ်ဖို့ ပျိုးထောင်ပေးလိုက်
တာလို့ ဆိုလိုပါတယ်။
အဲဒီတော့ လူတွေ ဘယ်အချိန်မှာ မဟုတ်တာ၊ မတရားတာ လုပ်လဲဆိုရင် အပေါ်မှာဖော်ပြထားတဲ့ စမ်းသပ်ချက်က
နေဆက်စပ် စဉ်းစားလို့ရတာကတော့ ဘဝရှင်သန်ရေးအတွက် တိုက်ခိုက်ရတော့မယ့် အချိန်မျိုးမှာရယ်၊ နောက်တစ်
ခုက ကိုယ်ရဲ့အသိဆန္ဒမှာ မတရားမှန်းသိပေမယ့် ပတ်ဝန်းကျင်က အတင်းဖိအားပေးလာတဲ့ အချိန်မျိုးတွေမှာ
လုပ်တတ်ကြတယ်လို့ ဆိုနိုင်ပါတယ်။ ဒီနေရာမှာ ဖိအားပေးတယ်ဆိုတာက ဓါးထောက်ပြီး ခိုင်းတာမျိုးကို
ဆိုလိုတာ မဟုတ်ပါဘူး။
ဥပမာ ကိုယ့်ပတ်ဝန်းကျင်ကလူတစ်ယောက်လောက်က လာဘ်ပေး လာဘ်ယူလုပ်ပြီး ကြီးပွားသွားတယ်ဆိုပါတော.
xxx ဟာ ဒီလူ မကောင်းတာ လုပ်တယ်လို့ ဝိုင်းပြောကြလိမ့်မယ်။ ဒါပေမယ့်ကိုယ့်ပတ်ဝန်းက လူဆယ်ယောက်လောက်
အဲလိုလုပ်ပြီး ချမ်းသာသွားလို့မှ ကိုယ်ကလိုက်မလုပ်ဘူးဆိုပြန်ရင်လည်း ကိုယ်က မကောင်းလုပ်ရာ ကျတတ်ပြန်
တယ်ခင်ဗျ။ ဒါမျိုးကလည်း ဖိအားတစ်မျိုးပါပဲ။ ပထမတစ်မျိုးကို အရိုင်းစိတ်လို့ ခေါ်ဝေါ်သတ်မှတ်မယ်ဆိုရင် ဒုတိယ
တစ်မျိုးကိုတော့ အယဉ်စိတ်လို့ သတ်မှတ်ရမယ် ထင်ပါတယ်။ ခုခေတ်မှာတော့ အရိုင်းစိတ်နဲ့ လုပ်တာတွေက
တော်တော်လေး ရှားသွားပြီလို့ ဆိုနိုင်ပါတယ်။
ကျွန်တော်အမြင်အရဆိုရင်တော့ လူဟာ ယဉ်ကျေးမှုမြင့်မားလေ လိမ်လည်လှည့်စား တက်လာလေပဲ လို.ထင်ပါ
တယ်။ မဟုတ်တာပိုလုပ်တက်လာလေ ပေါ.ဗျာ။ အဲဒီတော့ ကိုယ့်ရဲ့မကောင်းမှုကို အမှန်အဖြစ် လှည့်စားပြနိုင်ဖို့
အတွက် ပတ်ဝန်းကျင်ကို ပြန်အသုံးချ တတ်ပြန်ပါတယ်။ ပတ်ဝန်းကျင်ကို လက်ညိုးထိုး ပြတာပေါ့။ ခုလိုမျိုး ဥပဒေနဲ့
တရားဝင် ခွင့်ပြုလိုက်တာမျိုး ဆိုရင်တော့ ပိုကောင်းတာပေါ့။ ကျွန်တော် ပြောချင်တာက ဒီလိုပါ။ ကျွန်တော်တို့ နိုင်ငံ
မှာလည်း မတရားမှန်းသိသိနဲ့(လုပ်ပိုင်ခွင်.ကိုအလွဲသုံးစားလုပ်ပြီး) လုပ်စားနေကြတဲ့သူတွေ အများကြီးရှိပါတယ်။
သူတို့အနေနဲ့ကိုယ့်ကိုယ်ကို တိရစ္ဆာန်စိတ် ဘယ်လောက် ပါဝင် ပေါ်ပေါက်နေသလဲ ဆိုတာကိုယ့်အကြောင်း ကိုယ်
သိကြဖို့ ဒါမှမဟုတ်လည်း ဒါဟာ ပတ်ဝန်းကျင် အခြေအနေကြောင့်ပါ ဆိုပြီး ကိုယ့်ကိုယ်ကို အပြစ်ကနေ ကာကွယ်
နိုင်ဖို့ပါပဲဗျာ။ ဟုတ်ကဲ့ ... တွေးတတ်တော့လည်း သက်သာတာပေါ့။ နိုင်ငံရေးနည်းနည်းပါတယ်ဆိုပြီးတော့
မဖတ်ဘဲနဲ့တော့မနေနဲ့နော်ဗျာ ဖတ်ကြည်အုံးသယ်ရင်းတို့ရင်ထဲကို ရောက်မယ်ဆိုရင် ကျေနပ်ပါတယ်
No comments:
Post a Comment