Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Tuesday 20 March 2012
ချစ်တော့ချစ်တယ်............
ဘာသာခြားနဲ့ အိမ်ထောင်ပြုမယ်ဆို သူမအကြောင်းလေ နာထောင်နော်
သူမကို သူငယ်ချင်းတွေက 'မိုး အချစ်ရေး ကံကောင်းတယ်ကွာ၊မိုးချစ်သူက မိုးအပေါ်တော်တော်လေး ချစ်တာ ပဲ၊ဒို့ လဲ အဲလိုမျိုးတစ်ယောတ်လောတ်တောင်လို ချင်လာပြီး''
သူအပေါ်အဲလိုလေး ချီးကျူးစကားလေးတွေ ပြောလာခဲရင် သူမ မပွင့် တပွင့် လေး
ပြုံးနေခဲ့ ပါတယ်။ရင်ထဲမှာလဲ ကျေနပ်မှုတွေ အများ ကြီးနဲ့ ပေါ့ ။
ချစ်စရာကောင်းတဲ့  အပြုံးလေးတွေက မောင်ကို ဖမ်းစားခဲ့ ပါတယ်''
ချစ်သူရဲ့  အကြင်နာစကားလေးတွေဟာ သူမအတွတ်တော့  သာယာငြိမ်ညောင်းသော
ဂီတသံလေး ဖြစ်ခဲ့ တယ်....သူမရဲ့ချစ်သူဟာ သူမအတွတ်တော့ အကောင်းဆုံး
လတ်တွဲဖော်အဖြစ် သူမယုံကြည့် ခဲ့ တယ်...သူမချစ်သူနဲ သူမမှာ ကွားခြားချတ်လေး
တခုတော့ ရှိတယ်။အဲကွာခြားချတ်လေးကတော့  ဘာသာမတူတာပါပဲ.....
သူက xxxxဘာသာဝင်တစ်ယောတ်ပါ။
မိုးကို  မောင်ဘယ်လောတ်ချစ်လဲ မိုးသိပါတယ်။အားလုံး ကို ဆန့် ကျင်ပြီးတော့ 
မောင်မိုးကိုရွေးခဲ့ တာနော်၊မိုးနဲ့ မောင်ချစ်သူသတ်တမ်းလဲ မနည်းတော့ ဘူး။
မောင်အချစ်ကို ယုံကြည့် သင့် ပါတယ်"
"မောင်အချစ်ကိုမိုးယုံကြည်ပါတယ် ...မိုးတွေးနေတာက  မိုးနဲ့ မောင်နဲ့ က
ဘာသာမတူဘူးလေ..မိုးမိဘတွေလတ်ခံမှာ မဟုတ်ဘူး..
ပြီးတော့ မိုးလဲ မောင်တို့ ဘာသာထဲမ၀င်နိုင်သလို၊မောင်လဲ မောင်ဘာသာကို
မစွန့် နိုင်ဘူးမဟုတ်လားမိုးပြောတာ မှန်တယ်ဟုတ်"
"မိုးပြောတာ မမှားဘူး ၊မောင်လတ်ခံတယ်။မောင်တို့ ရဲ အချစ်ရေး၊အိမ်ထောင်ရေးမှာ
ဘာသာရေးက အရေးကြီးလား။မောင်တို့ ၂ယောတ် တဦအပေါ်တဦးနာလည်ပြီး
လတ်တွဲကြမယ်လေ။မိုးလဲ မိုးဘာသာကိုးကွယ် မောင်လဲ မောင်ဘာသာမောင်ကိုးကွယ်မယ်လေ"
မောင်သဘောလေးကို သိရတော့  ၀မ်းသာမိတယ်...မိဘ မောင်နှမ ဆွေးမျိုးတွေ ထင်သလို
မောင်ဘာသာထဲ မ၀င်ခိုင်းပဲ၊ သူမကို ဘာသာရေးလွတ်လပ်ခွင့် ပေးတဲ့ မောင်အပေါ် ပိုပြီး
အချစ်ပို ခဲ့ တယ်...မောင်ပြောသလို သူမအပေါ် ဘာသာရေး လွတ်လပ်ခွင့်  ပေမယ်ဆိုတာ လဲ
သူမယုံကြည်ခဲ့ တယ်...မောင်နဲ သူမချစ်သူဖြစ်ခဲ့ တဲ့  ၃နှစ်တာဆိုတဲ့ အချိန်မှာ
သူမဘုရားသွားကျောင်တတ်က အစ မောငိသူမနဲ့ အတူလိုတ်ခဲ့ တယ်..
သူမဘုရားဝတ်ပြုဆုတောင်းနေရင် အနာမှာ ထိုင်စောင့် နေတတ်ပြိး  ဘုရာပန်းတွေ ဘာတွေကပ်ရင်လဲ မောင်က ၀ိုင်ကူပြီး လုပ်ပေးပါတယ်၊။မောင်စကားနဲ့ မောင်လုပ်ရပ်တွေကို
ယုံကြည်ပြီး သူမမိဘဆွေမျိုး တွေကိုဆန်ကျင်ပြီးမောင်နောတ်လိုတ်ခဲ့ တယ်...
မိဘစကားနားမထောင်တဲ့ သမိးမိုတ်ကို မိဘတွေက အဆတ်အသွယ် ဘယ်သူမှမလုပ်ရဆိုပြီး
၇ ရတ်လောတ်နေတော့ မောင်မိဘတွေ ရောတ်လာပြီး မောင်ကို နာလည်ပေးကြောင်း
မောင်နဲ့ ပတ်သတ်ပြီးဆို့ တော့  ဘာပဲဖြစ်ဖြစ်သူမက သူရဲ့ သမီးဖြစ်ကြောင်း ၊သူတိုမှာလဲ
မိဘတိုတာဝန်တွေရှိတဲ့ အတိုင်းဆောင်ရွတ်ပေးစရာရှိတာ ဆောင်ရွတ်ပေးလို့ ရအောင်
ပြန်လိုတ်ခဲ့ပါဆိုလိုမောင်ကော မောင်ကောကျွန်မပါမောင်မိဘအိမ်ကို ပြန်လိုတ်သွားပါတယ်....
မောင်အိမ်ရောတ်တော့  မောင်မိသာစုက သူမအပေါ်ဆတ်ဆံရေးဟာ သူမထင်တာထတ်
နွေးထွေးမှုပိုရှိနေပါတယ်...သူမအပေါ်အဲလိုဆတ်ဆံတာကို ခံရတော့ သူမအရမ်းပိတိဖြစ်ခဲ့ ရတယ်
အရမ်းလဲပျော်ခဲ့ တယ်...မင်္ဂလာဆောင်တဲ့ နေမှာပဲ မောင်ရဲအပြောတွေကြောင့်  သူမအပျော်တွေ ပျက်ဆီးခဲ့ ရတယ်.....
"မိုး မောင်တို့ ဘာသာထဲဝင်ရမယ်"
"မောင်ပြောခဲ့ တာတွေ ကတိပေးခဲ့ တာတွေ မောင်မေ့ နေပြီးလားမောင်"
''မောင် မမေ့ပါဘူး၊ခုက မောင်မိဘတွေသဘောပါ၊မိုးမောင်တို့ ဘာသာထဲ့ ဝင်ပြီး မောင်တို့ 
့ဘာသာလိုမင်္ဂလာဆောင်မှမိုးကို တရာဝင် ဇနီးအဖြစ် မောင်မိဘအသိုင်းအ၀ိုင်းက
လတ်ခံကြမှာလေ"
                   ..........................................................
''အိမ်ထောငိကျပြီးမှ နင်က ငါတို့ အိမ်တောင်မလာတော့ ဘူး ...နင်ကံကောင်းပါတယ်ဟာ
နင်ဘ၀မှာ လိုလေသေမရှိအောင် ကိုလွင်ကြီးက ထားတယ်နော်''
မတွေ့ တာကြာလို့ အိမ်ကို အလည်လာသော သူငယ်ချင်ဖြစ်သူအေးအေးရဲ
စကားကိုဘာမှပြန်မပြောပဲ ပြုံပြီးနေခဲ့ ပါတယ်....သူငယ်ချင်းရယ်
ငါဘ၀ကို ပြီးပြည့် စုံတယ်တဲ့ လား...ရင်ထဲကနေပြောမိနေပါတယ်.....
"အော်မေ့နေလို့ မိုး၊မိုးမိဘတွေက ဒီနှစ် လမ်းကထိန်မှာ သူတူလေးတွေကို
ရှင်ပြုပေးမယ်လို့ ကြားတယ်၊ မိုးလာခဲ့ ပါလား ကထိန်ပွဲကို"
''အေပါ...လာဖြစ်မယ်ထင်တယ်"
ပြောသာပြောရသည် ...မိုးလာနိုင်မယ်မထင်..မိုးဘာသာပြောင်းထာပြီးထဲ က မိုးဘုရားပွဲတွေ၊
ကထိန်ပွဲတွေ၊မရောတ်ဖြစ်ခဲ့ တာ မိုးအသိပါ...အပျိုဘ၀က ဘုရားပွဲဆို မိုးထိပ်ဆုံး
လမ်းတွင်တနှစ်တခါကျင်ပလေ့ ရှိသော ကထိန်ပွဲတွင် သူငယ်ချင်းတွေနဲ့  ပျော်ပျော်ပါးပါး
တတ်တတ်ကြွကြွ ၀ိုင်းလုပ်တတ်တဲ့  မိုး။ခုတော့ မိုး အဲတာတွေ ဆုံရှုံးခဲ့ရတာကြာပါပြီး၊။
"မိုး ငါပြန်တော့ မယ်နော်"
ပြန်သွားသော သူငယ်ချင်းကို ငေးကြည့် ပြီး အိမ်ထဲသို့  သူမအ၀င်
"မိုး မောင်လေးတွေ ရှင်ပြုပွဲ မိုး မသွားရဘူးနော်"
"ဘာပြုလို လဲမောင်"
''မိုးက မောင်တို့ ဘာသာဝင်လေ။မိုး အဲပွဲကို သွားရင်မောင်မိဘ
အသိုင်အ၀ိုင်း ကြားမှာမောင်ဘယ်လို နေရမလဲ၊ဘာပဲဖြစ်ဖြစ်အဲပွဲကို မိုးမသွားရဘူး"
မောင်ပြောနေဆိုနေပုံကို ကြည့် ပြီး မောင်တော်တော်လေး ပြောင်လဲ လာတာကို
သိလိုတ်ရတယ် မောင်ကို အရင်ကမောင်တောင်ဟုတ်ရဲလားလို့  ပြန်မေးယူလောတ်ရမယ်ထင်တယ်
သို့ ပေမယ် မိုးစိတ်ထဲမှာ ဆုံဖြတ်ချတ်တခုကို ခိုင်မာစွာ ချမှတ်လိုတ်တယ်......
      ......................................................
                                  "..ဗုဒ္ဓံ သရဏံ ဂစ္ဆာမိ.......၊
                                       ဓမံ္မ သရဏံဂစ္ဆာမိ....၊
                                      သံဃံ သရဏံ ဂစ္ဆာမိ။ "
ုဘုန်းဘုန်းတိုင်ပေးသေ သရဏဂုံ ၃ ပါးကိုလိုတ်ဆိုရင်း သူမသရဏဂုံဆောတ်တဉ်ပြိးသားလို့ 
သတ်မှတ်လိုတ်တယ်။ပြီးတော့  မိဘတွေကို နုတ်ဆတ်ကာ..ကိုရင်လေးတွေကို ကန်တော့ ကာ
အိမ်သို့ ပြန်လာခဲ့ ပါတယ်...အိမ်ကိုရောတ်တယ်ဆိုရင်ပဲ
"မိုး မောင်ပြောတာ နာမထောင်ဘူး၊မသွားပါနဲ့ ဆိုသွားတယ်၊ မိုး ကိုယ်မိုး ပြန်မေး ကြည့် ပါအုံး..
ဘာ ဘာသာဝင်လဲဆိုတာ"
''အရင်က မိုးသေချာမသိခဲ့ ဘူး၊ခုတော့ မိုးသိသွားပြီး မိုးဘာ ဘာသာဝင်လဲဆိုတာ  မိုးသရဏဂုံ
ဆောတ်တဉ်ပြီးပြီး"
''ဒါဆို မိုးက မောင်တို့ ဘာသာဝင်မဟုတ်ဘူးပေါ့ ၊မောင်တို့ ဘာသာဝင်ပြီးမှ အဲလိုထွတ်သွားလို့ 
ရတယ်ပေါ့ ..ရတယ်လေ မိုးနဲ့ မောင်က မိုးဘာသာပြောင်ခဲ့ တယ်ဆို  ဘာမှမဆိုင်တော့ ဘူး
မောင်နဲ့ မိုး လမ်းခွဲကြတာပေါ့  ..... မိုးကမောင်ချစ်သလိုမောင်အပေါ်မချစ်ဘူး"
ပြောရတ်လိုတ်တာမောင်ရယ်...ပြီးတော့ မောင်ကပဲပြောရသေးတယ်မောင်ချစ်သလို
မချစ်ပါဘူးတဲ့ လေ၊မောင်ကို ချစ်လို မိသာစု အသိုင်းအ၀ိုင်တွေ စွန်ပစ်မှု ၊ဘာသာရေး ဓလေ့ တွေ
ကိုစွန့် ပြီး မောင်ဘ၀နဲ့ ထပ်တူကျအောင်နေခဲ့ ပါတယ် လို့ စိတ်ထဲကနေပြောရင်း
မျတ်ရည်လေးတွေ ပါးပြင်ပေါ်သို့ ကျဆင်းလာပါတယ်...ကျဆင်းလာသော မျတ်ရည်စလေးတွေကို
သုတ်လိုတ်ပြီး မိုးဆုံဖြတ်ချတ်တခုကို ခိုင်ခိုင်မာမာ ချလိုတ်ပါတော့ တယ်...
.မောင်ကို ကျောခိုင်းလိုတ်ပြီး လှည့် ထွတ်ခဲ့ ပါတယ်.....
မောင်ကကော သူကိုကျောခိုင်ပြီး အဝေးကိုထွတ်ခွာ နေတဲ့ သူကို ဘယ်လို နာလည်မလဲ....
တစ်ခုတော့ မောင်ကို သိထားစေချင်ပါတယ်...ခုလိုမိုးလုပ်သွားတာ မောင်ကို
မချစ်လို့ မဟုတ်ဘူးနော်........
မှတ်ချတ်.....ကျွန်တော်ရေးသာခဲ့ သော စာသည် မည်သည်ဘာသာကိုမှ စော်ကားလိုစိတ်မ၇ှိပါ
ဘာသာမတူသော သူကိုယူခဲ့ မိသော သူငယ်ချင်းရဲ ခံစားချတ်လေးတွေကို
အမှီပြုပြီးရေးသားထားတာပါ
                                                             သူငယ်ချင်းအားလုံးပျော်ပါစေ
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့