Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday, 22 March 2012

.............ချစ်သူဆိုဆိုတာ................

ယောက်ျားလေးချစ်သူဆိုတာ……………. ၁)မိုးသက်လေပြင်းကျချိန် ချစိသူ စိုမှာစိုးလို့  အကာအကွယ်ပေးပြီး လိုက်မိုးပေးသူ ၂)သူ့ လက်ကို တွဲမိချိန် ကိုယ့်စီက ကြောက်ရွံ့ မှုတွေ အဝေးကို ပြေးစေသူ ၃)ချမ်းအေးတဲ့  ဆောင်းမနက်မှာ ကိုယ့်ကို နွေးထွေးတဲ့ လက်တစ်စုံပေးသူ ၄)ကိုယ့်စိတ်ပျက် အားငယ်လို့ မျက်ရည်ကျချိန် အားပေးစကားပြောတတ်သူ ၅)ဂျုလီယာ ရောဘတ်ကို ကြိုက်ပေမယ့် ဒီကမ္ဘာမှာ အကောင်းဆုံး အလှဆုံးဟာကိုယ်ပါလို့ ပြောသူ ၆)ဂျက်ကီချန်းကားတွေကြိုက်ပေမယ့်  လွမ်းဆွေးစရာ ကိုးရီးယားကားတွေကိုမပျင်းမရိဘဲ ကိုယ်နဲ့ အတူ လိုက်ကြည့်တက်သူ ၇)ကောင်းကင်က ကြယ်တွေကို ကိုယ့်နဲ့ အတူ စိတ်ရှည်လက်ရှည် လိုက်ရေတက်သူ ၈)ကိုယ်မွေးနေ့ ကိုမှတ်မိပြီး လက်ဆောင်ပစ္စည်းဝယ်ဖို့ မေ့တက်သူ ၉)မျိုမကျပေမယ့် ကိုယ်ချက်တာ အကောင်းဆုံးဆိုပြီး အားပါးတရ စားပြတတ်သူ............. မိန်းကလေးချစ်သူဆိုတာ………………. ၁)ငြင်းခုံရန်ဖြစ်ချိန် ခေါင်းငုံ့ အရှုံးပေးချင်ပေမယ့် တင်းခံပြီး ပြန်ငြင်းတတ်သူ ၂)ချစ်သူရဲ့ ဂတိသစ္စာတွေကို နှလုံးပေါ်မှာ ထွင်းတားပေမယ့် ”ကျွန်မကို ချစ်မိတာ နောင်တ မရဘူးလား” လို့  လိုက်မေးတက်သူ ၃)လပ်းဖြတ်ကူတဲ့ အချိန် ချစ်သူရဲ့ ခြေလှမ်းအတိုင်း လိုက်လှမ်းချင်တဲ့ သူ ၎)ချစ်သူရဲ့ရှေ့ မှာ မလှဆုံး၊ချစ်စရာ မကောင်းဆုံးဖြစ်မှာကို စိုးရိမ်တတ်သူ ၅)လေပြင်းမုန်တိုင်းကျနေပါစေ ချစ်သူရဲ့လက်ကို တင်းတင်းဆုတ်ကိုင်ပြီးကျော်ဖြတ်ရဲသူ ၆)အချက်အပြုတ် မတတ်ဘဲ မီးဖိုတစ်ခုလုံးကို မွှေနှောက် ချစ်သူကို ကိုယ်တိုင် ချက်ကျွေး ချင်တဲ့ သူ ၇)ဗေဒင် လက္ခဏာတွေတွက် ယတြာတွေ လိုက်ချေပြီး ချစ်သူနဲ့  ပေါင်းဖက်ရအောင်လုပ်သူ ၈)ချစ်သူကို တစ်နေ့ မမြင်ရင် နံရိုးတစ်ချောင်း လျော့နေတယ်လို့ ထင်သူ ၉)ချစ်သူ မောပန်းတဲ့ အချိန်၊ စိတ်ညစ်တဲ့ အချိန်တွေမှာ အားပေးနှစ်သိမ့်ပေးချင်သူ ၁၀)ပျော်ရွှင်မှုတွေကို နွေးထွေးတဲ့  အပြုံးနဲ့ ချစ်သူကို မျှဝေးပေးတက်သလို စိတ်ညစ် ၀မ်းနည်းမှုတွေကို မျက်ရည်နဲ့ အတူချစ်သူ ကိုရင်ဖွင့်တက်သူ ဟုတ်တယ်…ဒါဆိုချစ်သွားပြီထင်တယ် ၁)ဘယ်လောက်ပဲ အလုပ်ရှပ်နေပါစေ သူ့ ဖုန်းကိုစောင့်နေမိတယ် offline မှာ message ထားခဲ့မလားဆိုပြီးကြည့်နေတတ်မယ်ဆိုရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။ ၂)သူနဲ့ အတူ နှစ်ယောက်တည်း လမ်းလျှောက်ရတာကို နှစ်သက်တယ်ဆိုရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။ ၃)အတူရှိနေတဲ့ အချိန် သူ့ ကို ဂရုမစိုက်ချင် ဟန်ဆောင်နေပေမယ့် ကိုယ့် မြင်ကွင်းထဲကနေ သူပျောက်သွားရင် အပူတပင် လိုက်ရှာတတ်တာ သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။ ၄)သူဖျားနာနေရင်၊ ထိခိုက်ဒဏ်ရာ ရလာရင် လိုတာထက် ပိုစိုးရိမ်မိရင် သူ့ ကို ကိုယ်ချစ်မိ သွားလို့ ပဲ။ ၅)တစ်ခြားလူအပေါ် သူစေတနာပိုမိလို့  ကိုယ့် စိတ်ထဲ ကနေ မနာလို အူတို မိရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။ ၆)သူ့ ရဲ့ချိုမြိန်တဲ့ အပြုံးတွေကိုကြည့်ပြီး ကိုယ့်နှုတ်ခမ်းလေးတွေပါ လိုက်တွန့်  တတ်ရင် သူ့ ကို ကိုယ်ချစ်မိသွားလို့ ပဲ။ ၇)ဒီစာကို ဖတ်နေချိန်မှာ တစ်စုံတစ်ယောက်ကို ကိုယ်သတိရနေမိရင် သူ့ ကိုကိုယ်ချစ်မိသွားလို့ ပဲ။ ဆုတောင်း ချစ်တဲ့သူ ပျော်ပါစေ။ ကျွန်မ ချစ်သောသူ ၊ သူ ချစ်သောသူနှင့် ပျော်ရွှင်ကြည်နူးနိုင်ပါစေ။ သူတို့နှစ်ယောက် ပျော်ပျော်ရွှင်ရွှင်လက်တွဲ နိုင်ပါစေ။ မတော်တဆ ကွဲကွာသွားကြလျှင်လဲ ပြန်လည်အဆင်ပြေကြပါစေ။ ချမ်းချမ်းသာသာ နေနိုင်ကြပါစေ။ မပင်ပန်းကြပါစေနဲ့။ ချစ်သောသူနှင့် သူ့ ချစ်သူတို့ သဘောထားမတိုက်ဆိုင် သဖြင့် ခွဲခွာရလျှင်မူကား ချစ်သောသူကို နွေးထွေးစွာ ဆီးကြိုနိုင်သော ကိုယ်ဖြစ်ရပါစေ။ ချစ်ချင်သူကို ချစ်ရ၍ ချစ်သောသူက ပြန်ချစ်သောသူဖြစ်ရပါလို၏။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့