Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

အချစ်အကြောင်း ဘယ်လောက် သိကြလဲ.....


အချစ်အကြောင်းဘယ်လောက် သိကြလဲ ဆိုတဲ့ ခေါင်းစဉ်လေးလဲတွေ့ လိုက်ရော မေသဇင့်ကို အချစ်အကြောင်း နှောကြေနေတဲ့ သူလို့ တော့ မထင်လိုက်နဲ့ ...အချစ်နဲ့  ပတ်သက်ရင် မေ ဘာတစ်လုံးမှ မသိဘူး...။ မသိလို့ ကို ဘယ်လောက်သိကြလဲလို့  သိတဲ့ သူတွေကို လှမ်းမေးတာ..။မေ က အချစ်ဆိုတဲ့ အဘိဓာန်ကို မကျေခဲ့တဲ့ ခပ်ညံ့ညံ့ အချစ်ကျောင်းသူ တစ်ယောက်ပေါ့...။  အချစ်ဆိုတာက စိတ်ဝင်စားဖို့ ကောင်းပြီး လေ့လာရန် ခက်ခဲတဲ့ ဘာသာရပ် တစ်ခုလို့  ပြောရင် လူတိုင်းနီးပါးလောက်ကတော့ လက်ခံကြမှာပါပဲ..။ တကယ်လဲ လေ့လာရင် လေ့လာသလောက် မကုန်နိုင်တဲ့ အပြောကျယ်တဲ့ ဘာသာရပ်ပါပဲ....။ လေ့လာလို့  မကုန်နိုင်ပါဘူ...။ဘာသာရပ် တစ်ခုလုံးကို လေ့လာဖို့  မဆိုထားနှင့် အချစ် ဆိုတာရဲ့  အဓိပ္ပါယ်တောင် ကမ္ဘာတည်စ ကတည်းကနေ ဖွင့်ဆိုလာတာ ခုချိန်ထိ အတိအကျ မည်သူမျှ ဖွင့်ဆိုလို့  မရသေးပါဘူး..။

                     အချစ်လို့  ဆိုလိုက်ရင်တော့ ဖော်ပြလို့  မရတဲ့ စိတ္တဇနာမ် ခံစားမှု တစ်ခုဆိုတာတော့ လူတိုင်းသိကြပါတယ်..။ ၅၂၈ မိဘနှင့် သားသမီး၊ မောင်ချစ်နှမချစ် လို အချစ်မျိုးကတော့ သိပ်ပြီး ပြောင်းလဲမှု မရှိတဲ့ တသတ်မတ်ထဲ ရှိတဲ့ အချစ်လို့  ဆိုရမှာမို့  မေ အကျယ်ချဲ့ ပြီး မေပြာချင်သေးဘူး...။ ပြောစေချင်ရင်တော့ နောက်ပို့ စ် တစ်ပုဒ်မှပဲ ပြောမယ်လေ..ခုတော့ မာယာတွေ စုံတဲ့ ၁၅၀၀ အချစ်အကြောင်း ကို သိချင်လို့  လေ့လာနေတာ...။
                မေ တို့  အချစ်အကြောင်းကို ဟင်းပွဲ တစ်ပွဲ နဲ့  နှိုင်းယှဉ်ပြီး ပြောမယ်ဆိုပါစို့ ...(မေ က အစားပုတ်တော့ အစားအကြောင်းပဲ ပြောချင်တယ်....ထမင်းစားနေရင်နဲ့  စိတ်ကူးရလာလို့  ဒီပို့စ်ကို ထရေးတာ....။) ဟင်းပွဲ တစ်ပွဲ ဖြစ်ဖို့  ဆိုတာ ချို၊ချဉ်၊စပ်၊ခါး ၊ပေါ့၊ငန်စတဲ့ ရသာလေးတွေစုံမှ ရသာ ကောင်းမွန်တဲ့ ဟင်းပွဲ တစ်ပွဲ ဖြစ်မှာပါ.....။အဲ့ဒီလို ရသာ မစုံပဲ ရှေ့ က ပြောခဲ့တဲ့ ရသာတွေထဲက ရသ တစ်မျိုးလောက်ပဲ ရှိမယ်ဆိုရင် တစ်မျိုးမျိုး လိုအပ်နေမယ်ဆိုရင် ဘယ်လိုမှ ကောင်းမွန်တဲ့ ဟင်းလျာ ဖြစ်မှာ မဟုတ်ပါဘူး...။
                      အချို........ ။ အချိုအရသာကို လူတော်တော်များများက ကြိုက်ကြပေမဲ့ အချိုလွန်ကဲတဲ့ ဟင်းကိုတော့ လူကြိုက်များမယ် မထင်ပါဘူး...။အချိုလွန်ကဲတဲ့ ဟင်းက ထမင်းမြိန်ဖို့  ခံတွင်းမတွေ့ စေနိုင်ပါဘူး...။ ဒီလိုပဲလေ...စကားလုံးချိုချိုတွေကို လူတိုင်းက နှစ်သက်ပေမဲ့ ချစ်သူနှစ်ဦးကြားမှာတော့ အမြဲတမ်း ချိုနေပြီး အပြောင်းအလဲ မရှိ တစ်သတ်မတ်ထဲ သွားနေမယ်ဆိုရင် ကြာလာရင် ငြီးငွေ့ ဖွယ်ရာ အဖြစ်လေးတွေ ကြုံလာနိုင်တယ်လေ...။ ဒီတော့ ငြီးငွေ့ ဖွယ်ရာ အရသာ မဖြစ်ရအောင် တစ်ခါတစ်လေ တခြားသော ရသာလေးတွေပါ ပေါင်းထည့်ပေးရမျာပေါ့...။
                     အချည်.......။အချည်အရသာက ခံတွင်းကို မြိန်စေတယ်လို့  ဆိုကြပါတယ်...။ တစ်ယောက်ယောက်က အချည်စားသုံးနေတာကို တွေ့ လိုက်ရင်ပဲ တွေ့ မြင်သူပါ စားသုံးချင်လာတဲ့ စိတ် ဖြစ်ပေါ်လာလေ့ ၇ှိပါတယ်...။သရေလေးပါ ကျချင်လာသေးတယ်..။ အချည်က လူတစ်ယောက်ရဲ့  စိတ်ကို နိုးကြွစေပါတယ်..။ ဒါပေမဲ့ စားတာ များသွားရင်တော့ သွားတွေ ကျိန်းပြီး နောက်ထပ် တခြားအစားတွေ မစားနိုင်အောင် ထိုအချည်က စွမ်းဆောင်နိုင်ပါတယ်...။ ဒီလိုပဲလေ..လူ့ ရဲ့ စိတ်ကို တိမ်းညွန့် စေမဲ့ အချစ်ရဲ့  အရသာ တစ်ခုကို (ဥပမာ - အနမ်း) စားသုံးနေမယ်ဆိုရင် တွေ့ မြင်ရသူတွေလဲ သရေကျစရာ ရင်တဖိုဖို ဖြစ်လျက် စားသုံးသူကိုယ်တိုင်ကလဲ နိုးကြွ လန်းဆန်းနေမှာပေမဲ့ အမြဲတမ်း စားသုံးနေဖို့ ဆိုတာကျတော့ ရိုးအီပြီး ငြီးငွေ့ သွားတတ်ပြန်ရော...အဲ့ဒီလို အခြေအနေမျိုး ဆိုရင် အသစ် ဆိုတာကို တွေးတောလာနိုင်တာမို့  စားသုံးသူတွေ အနေနဲ့  ရသာလေး မရိုးခင် တခြားရသာပါဝင်တဲ့ ခံစားမှု တစ်ခုကို ပြောင်းလဲ ထပ်ဆောင်းပေးရမှာပေါ့.....။
                     အစပ်..........။စပ်တဲ့ အရသာကတော့ မကောင်းပါဘူး...။ အဝင်ဆိုး အထွက်ဆိုးနဲ့ ခံစားချက်ပြင်းတဲ့ ဒီအစပ်အရသာက ပူလောင်စပ်ကာ စားသုံးသူကို အတော်လေး ခံရခက်စေပါတယ်...။ဒါပေမဲ့လဲ လူတော်တော်များများက ဒီပူစပ်တဲ့ အရသာကိုပဲ မစားရမနေနိုင်လောက်အောင် စွဲလမ်းနှစ်ခြိုက်တတ်ပါတယ်...။ အချစ်မှာလဲ ဒီလိုပဲလေ..တစ်ခါတစ်လေ နားထဲ အဝင်ဆိုးတဲ့ စကားလုံးလေးတွေ ပြောပြီး သဝန်တိုမှု တစ်ချို့ ရယူကာနွေးထွေးတဲ့ အချစ်တစ်ခုရဖို့  စကားလုံးကြမ်းတွေ အပြုအမူကြမ်းတွေ သုံးရတာပဲ မဟုတ်လား...ဒါတွေဟာ မချိုမြိန်ဘူးဆိုပေမဲ့ ချစ်သူတွေ ကြားထဲမှာတော့ မရှိမဖြစ်လိုအပ်တဲ့ ရသာထူးလေးပေါ့...။တစ်ချို့ ကလဲ ဒီဝန်တိုမှု ရသာထူးလေးကိုပဲ နှစ်သက်မြတ်နိုးရှာဖွေ တတ်ကြပြန်ရော...ဒါပေမဲ့ အစပ်လွန်ကဲတဲ့ ရသာက မကောင်းသလို ဝန်တိုမှုတွေ များတဲ့ အချစ်ကလဲ သောက များရပြန်ရော...ဒီတော့ အစပ်ကိုလဲ မများရအောင် လျော့ပေါ့ပြီး တခြားရသာတွေနဲ့  သမရအုံးမှာပေါ့နော်...။
                    ခါး........။ခါးတဲ့ အရသာက ကောင်းလား...။အားလုံးနီးပါးကတော့ မကောင်းဘူးလို့  ပြောကြမှာပေါ့....အခါးကြိုက်တဲ့သူ နည်းလှပါတယ်...။ ဒါပေမဲ့ ဆေးဘက်ဝင် အတော်များများဟာ ခါးတဲ့ အရသာ ရှိပါတယ်....ဒါကြောင့် အခါးကို မကြိုက်ကြပေမဲ့ ဆေးဘက်ဝင်အဖြစ် မရှိမဖြစ် သုံးကြရတယ်..။  အချစ်မှာလဲ ခါးသီးမှုဆိုတာ မကောင်းပေမဲ့ အချစ်နဲ့  တွေ့  ကြုံဖူးသူတိုင်းက ခါးသီးမှုဆိုတဲ့ ခံစားမှုကို အနည်းနှင့်အများကြုံတွေ့ ရမှာပဲနော်..။ ခါးလွန်းရင်တော့လဲ ရသာပျက်တဲ့ ချစ်ခြင်းဖြစ်သွားနိုင်တာပေါ့...။ဒါကြောင့် ကိုယ့်ရဲ့  ချစ်ချင်းတွေ မခါးလွန်းရအောင် သေချာဂရုစိုက် ထိန်းသိမ်းပေးရမယ်နော်...။တစ်ခါတစ်လေတော့လဲ ခပ်ပေါ့ပေါ့ အခါးတစ်ချို. ကိုတော့ ခပ်ပါးပါးလေး ထည့်ရမှာပါပဲ...။ ဒါမှသာ မရိုးတဲ့ ချစ်ချင်းအဖြစ်နဲ့  ဆေးဘက်ဝင်မှာလေ...။
                  အပေါ့ အငန်..........။ ဟင်းကောင်းတစ်ပွဲဖြစ်ဖို့ အပေါ့အငန်က အရေးကြီးဆုံးသောချက်ပါပဲ..ပေါ့လွန်းတဲ့ ဟင်းက ရသာမရှိသလို ငန်လွန်းတဲ့ ဟင်းကိုလဲ ကြာရှည် စားနိုင်ကြမှာ မဟုတ်ပါဘူး...။အပေါ့ အငန် အချိုးကျ သမမျှတမှ  စားသုံးချင်စရာ ကောင်းမွန်လှတဲ့ ဟင်းတစ်ပွဲ ဖြစ်မှာပါ...အချစ်မှာရော....အင်းးးး    အရာရာကို ပေါ့ပျက်ပျက် သဘောထားပြီး ချစ်နေမယ်ဆိုရင်တော့ ဆက်ပြီး စားသုံးချင်စရာ မကောင်းတော့တဲ့ ဟင်းတစ်ခွက်လိုပဲ ရင်ခုန်မှုတွေ မရှိတော့ပဲ ဆက်ချစ်ချင်တော့မှာ မဟုတ်ဘူးနော်......။ ငန်လွန်းတဲ့ စကားလုံးကြမ်းတွေ အပြုအမူကြမ်းတွေ တင်းကြပ်မှုတွေနဲ့  ဆိုရင်လဲ ဆက်ပြီးစားသုံးချင်စရာ မကောင်းတဲ့ ဟင်းတစ်ပွဲလိုပဲ လှည့်ကြည့်ချင်တော့မှာ မဟုတ်တဲ့ အချစ် တစ်ခု ဖြစ်လာမှာပါ....။
                    ကဲ...ဒီတော့ လှပတဲ့ အချစ်တစ်ခုအတွက် အားလုံး အချိုးကျ ညီညွတ် မျှတအောင် ရသာစုံ ထည့်ပေးရတော့မှာပေါ့...။
                       နောက်ထပ် တစ်ခု သတိထားစရာကတော့ ဟင်းပွဲ တစ်ပွဲ ဖြစ်လာခဲ့တာ ဒီ ရသာစုံ တွေနဲ့  မပြီးဘူးနော်...။ ဟင်းတစ်ပွဲဖြစ်ဖို့  မီး ဆိုတဲ့ အပူကို ခံရသေးတယ်....။ မီးနဲ့  ချက်ပြုတ်မှ ကျက်မှာပါ...။ အချစ်တစ်ခုကို ခံစားတဲ့ နေရာမှာလဲ လောင်ကျွမ်းမှု တစ်ချို့ ကို အရှိန်ညှီးညှီး ခံစားရသေးတယ်.....။ နာကျင်မှုတွေ လွမ်းဆွေးမှုတွေနဲ့  ငိုကျွေးနေရတာတွေက အချစ်ရဲ့  မီးပဲပေါ့....။ လှပတဲ့ အချစ် တစ်ခုဖြစ်ဖို့  ဒီအပူမီး တစ်ချို့ ကို ခံနိုင်ရေရှိစွာ ဖြတ်ကျော်ရမှာပဲနော်...။
            
                        မေ ရှေ့ က ပြောခဲ့တာတွေ ခံစားမှုပေါ်မူတည်ကြပြီး မှန်ချင် မှန်မယ် မှားချင်မှားမယ်....။ မေ အစကတည်းကနေ အချစ်အကြောင်းမသိဘူးလို့  ကိုယ့်ညံ့ဖျင်းချက်ကို ကြိုပြီး ဝန်ခံထားတာကြောင့် မှားခဲ့ရင် ခွင့်လွတ်ပေးကြနော်....။

ချစ်ကြသူတိုင်း လှပတဲ့ ချစ်ချင်းတရားကို ပြည့်ဝစွာ ခံစားနိုင်ကြပါစေလို့  မေ ဆုတောင်းပေးခဲ့တယ်နော်.....။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့