Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Saturday 24 March 2012

ဗုဒ္ဓ ဟောမြွက်တရားဦးဓမ္မစက်(၂)

“ဧကံ သမယံ”ဆိုတဲ့စကားက ဓမ္မစကြာတရားဟောတော်မူတဲ့ အချိန်အခါကို ပိုင်းခြားသတ်မှတ်ပြတဲ့
ပါဠိဖြစ်ပါတယ် မဟာသက္ကရာဇ်(၁၀၃)ခု ၀ါဆိုလပြည့်နေ့မှာ ဟောတော်မူတာဖြစ်ပါတယ်၊ သက္ကရာဇ်အ
နေနဲ့တွက်လိုက်ရင် မြန်မာသက္ကရာဇ်က (၁၃၄၆)ခု၊အဲဒီမြန်မာသက္ကရာဇ်ကိုဘယ်ကစပြီးရေတွက်သလဲဆိုတော့ ဘု၇ားပရိနိဗ္ဗာန်စံတဲ့မဟာသက္ကရဇ်(၁၄၈)ခုနှစ်ကို အရှင်မဟာကဿပနဲ့အဇာတသတ်မင်း တို့ကအကြွင်းမထားပဲ အကုန်ဖြိုခဲ့ပြီး အဲဒီကစလို့ သာသနာသက္ကရာဇ်နဲ့အတူ မြန်မာသက္ကရာဇ်ကို(၁)ကနေရေတွက်ခဲ့ပါတယ် ၊သာသနာသက္ကရာဇ်၊မြန်မာသက္ကရာဇ်(၆၂၄)ခုနှစ် အရောက် သရေခတ္တရာခေတ် သုမုန္ဒရီမင်းလက်ထက် ဒေါ၊ ဒေါ၊ ရသ ကိန်း(၆၂၂)ကိုဖြိုပြီးနှစ်ခုကြွင်းထားခဲ့ပါတယ်၊အဲဒီ(၂)ခုကစတင်ရေတွက်လျှင် (၅၆၂)ခုအရောက် ပုဂံခေတ်ပုပ္ပါးစောရဟန်းမင်း လက်ထက်မှာလဲ ခ၊ ဆ၊ ပဉ္စ ကိန်း(၅၆၀)ကိုဖြိုပြီး နှစ်ခုကြွင်းပဲထားခဲ့ပြန်ပါတယ် ၊ ဦးဇင်းတို့ မြန်မာသက္ကရဇ်ကို(၂) ခါဖြိုခံခဲ့ရပါတယ်ပေါ့၊ (၆၂၂နဲ့၅၆၀)ပေါင်းတော့ (၁၁၈၂)
ရပါတယ်၊ရောက်ဆဲမြန်မာသက္ကရာဇ် (၁၃၆၄)နဲ့ပေါင်းတော့(၂၅၄၆)၊ဒါကိုသာသနာသက္ကရာဇ် လို့ခေါ်ပါတယ် အကျည်ဆောင် ပုဒ်က “ရောက်ဆဲမြန်မာ၊နှစ်ကောဇာတွင်၊ဒွေနှင့်အဌ၊ ဧက ဧကာ၊နှေားတုံပါမူ၊သာသနာသက္ကရာဇ်၊မှန်စွာဖြစ်၏” တဲ့ သာသနာသက္ကရာဇ် (၂၅၄၆)ကို ဘု၇ားဝါတော်(၄၅)နဲ့ထည့်ပေါင်းကာ (၂၅၉၁) ၀ါဆိုလပြည့်နေ့မှာ ဓမ္မစကြာတရားကိုဟောတော်မူပါတယ်၊“ဧကံ သမယံ ” ဟူသောပါဠိ ဖြင့် ဒမ္မစကြာတရားဟောတော်မူတဲ့အချိန်အခါကို ပြခြင်းဖြစ်ပါတယ်၊
“ ဗရာဏသိယံ ” ဟူသောပါဠိဖြင့် ဗာရာဏသာ အမည်ရှိသော ဗာရာဏသီမြို့ ၊တနည်းအားဖြင့် မြောက်ဥခေါင်းနှင့်တူသော ကျောက်တုံးရှိသောကြောင့် ဗရာဏသီမြို့ လို့ခေါ်ပါတယ်၊ ဒီမြို့ဟာ ဘဒ္ဒကမ္ဘာမှာပွင်တော်မူပြီးတဲ့ ဘု၇ားလေး ဆူလက်ထက်မှာ နာမည်သုံးမျိုးနဲ့ ထင်ခြားကျော်ကြားခဲ့တဲ့မြို့တစ်မြို့ဖြစ်ပါတယ်၊ ကကုဿန်ဘုရားလက်ထက်မျာ “မကိလ” ဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ပြီး တရားကျင့်ဖေါ်ကျင့်ဖက် ရဟန်းလေးသောင်းကို ဓမ္မစကြာ တရားဟောခဲ့တာလဲ ဗာရာဏသီမြို့ပဲဖြစ်ပါတယ်၊ ကောဏဂုဏ်တ်ြစွာဘုရားလက်ထက်မှာ “သုဒဿန”ဆိုတဲ့နာမည်နဲ့ထင်ရှားခဲ့ပြီး တရားကျင့်ဖော်ကျင့်ဖက် ရဟန်းသုံးသောင်းကို ဓမ္မစကြာတရားဟောခဲ့တာလဲ ဗာရာဏသီမြို့ပဲဖြစ်ပါတယ်၊ ကဿပမြတ်စါာဘုရားလက်ထက်မှာ “ဗာရဏသီ” ဆိုတဲ့နာမည်နဲ့ပဲထင်ရှာပြီးတရားကျင့်ဖော်ကျင့်ဖက် ရဟန်းတော်ပေါင်း ကုဋေတစ်သိန်း ကိုဓမ္မစကြာတရားဟောခဲ့တာလဲ ဗရာဏသီမြို့ပါပဲ၊ ဦးဇင်တို့ ဂေါတမ မြတ်စွာဘုရားလက်ထက်မှာ လဲ “ဗာရာဏသီ”ဆိုတဲ့နာမည်နဲ့ထင်ရှားပြီး ပဉ္စ၀ဂ္ဂီ ငါးဦးကို တရားဦးဟောခဲ့ပါတယ် နောက်ပွင့်တော်မူ လတ္တံ့ အရိမေတ္တေယျမြတ်စွာ ဘရားလဲ ဒီနေရာမှာပဲ တရားဦးဓမ္မစက် ဟောမြွတ်တော်မူးအုံးမှာဖြစ်ပါတယ်။
“ဣသိပတနေ” ဟူသောပါဠိဖြင့်ဣသိ-က ရသေ့ရဟန်း၊ပတန-က သက်ဆင်းကျရောက်ရာနေရာ၊ဆာဒူးတွေ၊ပရဗိုဇ်တွေ လာပြီး တရားအားထုတ်ရာနေရာဌာန၊ဂန္ဓမာဒန တောင်မှာသီတင်းသုံးတဲ့ ပစ္စေကဗုဒ္ဓါအရှင်မြတ်တွေကြွလာပြီး ဥပုဒ်ပြုရာဌာန၊မြတ်စွာဘုရားရှင်တို့ တရားဦးဓမ္မစက် ဟောမြွတ်တော်မူရာဌာန ဖြစ်သောကြောင့် “ဣသိပတန” လို့ အမည်ရပါတယ်၊“မိဂဒါယေ” ဟူသောပါဌိဖြင့် မိဂ- က သားသမင်၊ဒါယ-က ဘေးမဲ့ပေးရာဖြစ်သောတော၊ ရှင်ဘုရင်ကဒီတောထဲမှာရှိသော သမင်၊ဒရယ် စတဲ့သားကောင်တွေကို မပြစ်ရ၊မဖမ်းရ၊မသတ်ရလို့အမိန့်ထုတ်ကာ ဘေးမဲ့ပေးထားတဲ့တောကို “မိဂဒါယ”လို့ခေါ်ပါတယ်။
မှတ်ချက်။ ။ ဗုဒ္ဓဟောမြွတ်တရားဦးဓမ္မစက် စာအုပ်မှတဆင့်ပြန်လည်ဝေမျှကုသိုလ်ပြုအပ်ပါသည်။   ............... ဆက်လက်ဖော်ပြပါမည်။   လေးစားစွာဖြင့်

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့