Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Monday 19 March 2012

ချစ်သူ့ အတွက်နောက်ဆုံးချစ်ချင်း............

ချစ်သူရယ်
မငိုပါနဲ့ ချစ်သူရယ်....ကျဆင်းနေတဲ့  မျက်ရည်လေးကိုသုတ်ရင်း ကို
့စာလေးကို ဆုံးအောင်ဖတ်လိုက်ပါနော်....
ဂုဏ်ရည်မတူလို ဆိုတဲ့  စကားလုံးလေးနဲ့  ကွဲကွာခဲ့ ရတဲ့  သူတွေ
ကမ္ဘာပေါ်ဘယ်လောက်တောင်များပြားနေပြီလည်း
ချစ်သူရယ်....အဲ့ ဒီတံတိုင်းကြီးတာမရှိရင် ကိုတို့ နှစ်ယောက်ကြားမှာ
ပျော်ရွှင်မှု့ တွေနဲ့ လှပနေမှာနော်....ခုတော့  ပတ်ဝန်းကျင်
အသိုင်းအ၀ိုင်းရဲ့  ဝေဖန်မှု့ တွေကြောင့်  ကိုတို့ နှစ်ယောက်ရဲ့ ဘ၀ဟာ
အလင်းနဲ့ အမှောင်၊အမှန်နဲ့ အမှားလို ဆန့် ကျင်ဘက်တွေ ဖြစ်ခဲ့ 
ရတယ်နော်....တူယှဉ်တွဲပြီး ပျော်ပွဲဝင်မယ်လို့  ဆုံးဖြတ်ထားတဲ့  ဆန္ဒတွေဟာ
ခုတော့ ဆောင်းတွင်းမှာမက်တဲ့  အိမ်မက်တစ်ခုလို
ိပျက်သုန်းသွားခဲ့ ရပြီနော်....မင်းကိုတစ်သက်လုံးနွေးထွေးလုံခြုံမှု
့ပေးနိုင်မယ်လို့ ထင်ခဲ့ တဲ့ ကို့ ရဲ့ ချစ်ချင်းတွေဟာ ခုတော
့စည်းစိမ်၊ဓနတွေအောက်မှာ အစိပ်စိပ်အမွှာမွှာ ကွဲကြေခဲ
့ရပြီ......."ကိုရှိရင် အားလုံးပြည့် စုံတယ်"ဆိုတဲ
့မင်းနှုတ်ခမ်းကစကားတွေကို
အခါခါ ကြားယောင်ရင်းနဲ့  မင်းကိုလွမ်းဆွတ်မိတယ်.....မိဘတွေဆန္ဒကို
မလွန်ဆန်နိုင်လို့ စေ့ စပ်လိုက်ရတယ်ဆိုတော့  ကို့ ကိုယ်
ကိုယ်ကြေကွဲ ဖို့ ထက် မင်းကိုသနားလိုက်မိတယ်.......ကိုကချစ်သောသူနဲ
့ကွေကွင်းရတဲ့ဒုက္ခတစ်ခုပဲ ပိုင်ဆိုင်တာလေ.....မင်းကတော့ ချစ်သောသူနဲ
့ကွေကွင်းခြင်း၊မချစ်ခင် မနှစ်သက်သူနဲ့  ပေါင်းဖက်ရခြင်းဆိုတဲ့ 
ဒုက္ခနှစ်မျိုးလုံးကို ခါးသီးစွာ လက်မခံပဲရယူရမှာလေ....
တစ်ဒုတ်ဒုတ်နဲ့  ခုန်နေတဲ့  ကို့ ရင်ခွင်ထဲက နှလုံးသားလေးကို ပြန်ငုံ
့ကြည့် လိုက်ရင် မင်းကိုချစ်တဲ့ အချစ်တွေနဲ့  ပြည့် သိပ်နေတာကို
မင်းသိမှာပါ...ငွေဆိုတာ လူသားတိုင်း သည်းခြေကြိုက်တဲ့  ဒုတိယ ဘုရားသခင်တဲ
့....ငွေဆိုတဲ့ စကားလုံးလေးအောက်မှာ ကိုတို့ နှစ်ယောက်ရဲ့ 
ချစ်ခြင်းတွေဟာ လူမသိ၊သူမသိ သေဆုံးခဲ့ ရတယ်နော်....နာကျင်နေတဲ
့နှလုံးသားလေးနဲ့  မင်းကိုထာဝရချစ်သွားမှာပါ
ချစ်သူလေးရယ်...အချစ်ကို လူတွေက ပိုင်ဆိုင်ခြင်း၊ပေးဆပ်ခြင်း ဆိုပြီး
ကိုယ်ကြုံတွေ့ တဲ့ အဖြစ်အပျက်လေးတွေနဲ့  နှိုင်းယှဉ်ပြီးတော့ 
သတ်မှတ်ယူဆကြတယ်နော်....ကိုကတော့  ကိုချစ်တဲ့ သူကို ချစ်နေရတာကို
အချစ်လို့ သတ်မှတ်ပါတယ်....အချစ်ဆိုတာ
အလွန်မွန်မြတ်တဲ့  သဘာဝဆုလဒ်တစ်ခုပါ....လူတွေက ပိုင်ဆိုင်ခြင်း၊ရယူခြင်း
ဆိုတဲ့  အရောင်တွေဆိုးလိုက်လို့  အချစ်မှာ အရောင်တွေစွန်းခဲ
့ရတာပါ.....မင်းကို ကိုက ဘာကိုမှ မမျှော်လင့် ခဲ့ တဲ့  ချစ်ခြင်းတွေနဲ
့အချစ်သက်သက် ချစ်ခဲ့ တာလေ.......
.ပိုင်ဆိုင်လိုတဲ့  ဆန္ဒလေး တစ်စွန်းတစ်စတော့  ပါတာပေါ့
ချစ်သူရယ်.....မပိုင်ဆိုင်ရပေမယ့် လည်း မင်းကိုချစ်နေရတာနဲ့ တင် ကို
့အတွက် ပြည့် စုံနေပါပြီ.....ကို အသဲမကွဲပါဘူး
ချစ်သူရယ်....မစိုးရိမ်ပါနဲ့ ....ဘာလို့ လည်းဆိုတော့  ကိုကမင်းကို
မပိုင်ဆိုင် ရလို့ 
့ဆိုပြီးအသဲမကွဲဘူးလေ....မင်းအချစ်ကို ကို့ နှလုံးသားလေးထဲက
နက်နက်ရှိုင်းရှိုင်း ခံစားမိလို့ လေ....မိဘတွေဆန္ဒကို
လိုက်လျောလိုက်တဲ့  သမီးလိမ်မာလေးအဖြစ်နဲ့  မင်းကို
ကိုပိုတန်ဖိုးထားမိပါတယ်....ဘာပဲပြောပြောပါ....မင်းနဲ့ တို့ အချစ်တွေဟာ
ရာဇာဝန်မှာမော်ကွန်း မတွင်ခဲ့ ရင်တောင်မှ မင်းရင်ထဲမှာ ကို့ ရင်ထဲမှာ
ထာဝရမှတ်တမ်းကျန်နေမယ့်  ချစ်ချင်းတွေပါ...ဘယ်လို အကြောင်းကြောင်
့ကွဲကွဲပါ.... ကိုတို့ နှစ်ယောက်ရဲ့  နှလုံးသားလေးတွေဟာ
တစ်ချိန်ကပျော်ရွှင်ဖွယ်နေ့ ရက်လေးတွေကို
အမှတ်ရနေမှာပါချစ်သူရယ်...ဘယ်လိုပဲဖြစ်ဖြစ် မင်းဟာတစ်နေ့ လက်ထပ်တော့ မယ်
့ သတိုးသမီးလောင်းတစ်ယောက်ဖြစ်
သွားပြီလေ....မြန်မာလူမျိုးတစ်ယောက်အဖြစ်နဲ့  သူတပါးအိမ်ထောင်ကို
မပြစ်မှားသင့် တာကို မင်းကောငါကောသိပါတယ်လေ...
အဲ့ တော့  မင်းလက်မထပ်ခင်နောက်ဆုံးစက္ကန့် အထိ ကိုတို
့နှလုံးသားလေးတွေကချစ်ချင်းတွေကို နူးညံ့ နွေးထွေးစွာ ခံစားနေရ
အောင်နော်...မင်းလက်ထပ်ပြီးရင်တော့ 
ကိုတိုရ့နှလုံးသားလေးတွေကိုအရှင်လတ်လတ်မြုပ်နှံလိုက်ကြရအောင်နော်...
ကုသိုလ်ကောင်းမှု့ တွေလုပ်တိုင်း ၊ဆုတောင်းတိုင်း ကို တို့ နှစ်ယောက်လို
ချစ်သူတွေ ဘယ်လိုအကြောင်းကြောင့် မှ မကွဲပါစေနဲ့ လို့ 
ဆုတောင်းပေးနေနော်...မင်းလည်း ချစ်သူတွေ ကွေ့ ကွင်းရမယ့် 
ကိစ္စတွေကြုံကြိုက်လာခဲ့ ရင် ကိုတို့ နှစ်ယောက်ရဲ့  အဖြစ်ကို
စာနာရင်းချစ်သူတွေ ပေါင်းစည်းနိုင်အောင် ကြိုးစားပေးလိုက်ပါနော်...ကိုလို
အညတရတစ်ယောက်နဲ့  ခွဲခဲ့ လို့ မင်းမိဘတွေကိုလည်း
အပြစ်မတင်ပါနဲ့ တော့  ချစ်သူရယ်...သားသမီးကို ဆင်စီးမြင်းရံစေချင်တဲ့ 
မိဘဆန္ဒကို နားလည်ပေးလိုက်ပါ.... မင်းအိမ်ထောင်ဖက် အပေါ်နားလည်ပြီး
ဇနီးကောင်းဖြစ်နိုင်အောင်နေလိုက်ပါတော့ နော်....နောင်ဘ၀ဆိုတာရှိခဲ့ ရင်
ကိုတို့ နှစ်ယောက် ဒီလိုအဖြစ်မျိုးနဲ့  မကြုံပါရစေနဲ့ လို့ 
ဆုတောင်းရင်း.......ဒီဘ၀ဒီမျှနဲ့ .........
ဘ၀တစ်ကွေ့ မှာဆုံတွေ့ ခဲ့ ရတဲ့ 
မင်းကိုချစ်ပြီး မင်းကချစ်တဲ့ 
ကောင်လေး.......................

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့