Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>
Monday 19 March 2012
ပိတောက်ပန်းတွေဝေတဲ့အချိန်
သင်္ကြန်ခါမှာ ရေကစားကြတာ
ပျော်ရွှင်စရာ×××××××××
လောင်းတာပက်တာ×××××
မောင်ရင်းနှမနှယ်××××××ကြည်လင်စွာ
သြော်×××××××××ရေကစားမှာ ရေကစားမှာ....
သင်္ကြန်တေးတို့  လွင့်ပြန့် ကြည်းနူး
နှစ်ဦးသင်္ကြန် ရောက်ပြန်လေပေါ့.....။
ရွှေဝါရောင် ပိတောက်
ပွင့်ချိန်လည်းရောက်ပြီမို့ 
ပင်လုံးထက် ရွှေတောင်
ယိုတော့မယ်ယောင်.....
ဒီရွှေတောင်........ဘယ်အရာတုန်း  မေး။
မေးပါနဲ့  အေ........
ပင်လုံးကယ်ကြိုင်
ရနံ့ ရယ် လှိုင်လွန်းတယ်.....
မြန်မာတွေ ဆန်းကြယ်ချစ်တဲ့
ပိတောက်ပန်းငယ်တဲ့ လေး...။
ဟို ရှေ့ မှာ လူတစ်စု
ကြည်နူးဖွယ် ရေတွေဖြန်း
လန်းနေကြဟန်....
သူတို့ ဟန် ပျော်ရွှင်ကောင်းပ
ဘယ့်ကြောင့်တုန်းအေ့.....
မေးပါနဲ့ ကွယ်...
ဒီအခါ ရက်မြတ်တန်ခူးမို့ 
နှစ်ဦးမှာ အတာရေဖြန်းဆော့
ရွာပြန်တော့ အရီးကိုမေးပေါ့
ငေါ့တော့တော့ ဖြေလိမ့်မယ်...
ညာည်းနှယ်အေ မသိလားဟဲ့
တို့ ငယ်ငယ် ရေတွေကစားတဲ့
ဟိုနားက စင်ပေါ်မှာ
ပျိုကညာတွေဝိုင်းဖွဲ့ 
ခပ်နွဲ့ နွဲ့ ကကြဟန်
ချစ်စရာပုံစံ
တင့်တယ်ပေသမို့ 
သိစေဖို့ ...ပြောစမ်းပါကွဲ့ ...။
မေးပါနဲ့ အေ....
တို့ မြန်မာ လှယဉ်ကျေးမို့ 
တို့ ရိုးရာ တို့ ချစ်လွန်းလို့ 
ရှေးမြန်မာရိုးရာ မဟာသင်္ကြန်
ယဉ်ကျေးမှုကဟန်
နှစ်စဉ်သာ အစဉ်လာထိန်းတဲ့
ဘယ်ဘယ်ညာညာ စည်းဝါးတိမ်းလို့ 
သင်္ကြန်ယိမ်းပေါ့ ..ကွဲ့ ...။
ရွှေမြန်မာ ရွှေသင်္ကြန်
တို့ တစ်တွေ ပျော်စံ
ညီလာခံအတာရေပွဲ
နွှဲကြစို့ လေး.......။
( မှတ်ချက်။  ။ မကြာမီကျရောက်တော့မည့် မြန်မာ့ရိုးရာယဉ်ကျေးမှုမဟာသင်္ကြန်ပွဲတော်အား ကြိုဆိုဂုဏ်ပြုရေးဖွဲ့ ခြင်း
ဖြစ်ပါသည်..။)
No comments:
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့