Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ဆင်းရဲ သံသရာမှ လွတ်မြောက်ရန်

ကိလေသာ ဟူသည် စိတ်ကို ပူလောင်စေတယ်။ ဆင်းရဲစေတယ်။
နှိပ်စက်တယ်။ ဘ၀သံသရာဆင်းရဲကို ဖြစ်စေတယ်။ ဒါ့ကြောင့် ပယ်သတ်ပြစ်ရမယ့်တရားဖြစ်တယ်။
ကိလေသာက အကြမ်း၊ အလတ်၊ အနု(၃)မျိုးရှိသည်။
ကိုယ်နုတ်တို့ဖြင့် ကျူးလွန်သော ကိလေသာကို သီလဖြင့် ထိန်း၍ သတ်ရမည်။
စိတ်ထဲမှာ ကပ်၍ ဖြစ်နေသော လောဘ၊ ဒေါသ စသော ကိလေသာကို တည်ငြိမ်သော သမာဓိဖြင့် ရှု၍ သတ်ရမည်။
ရုပ်ထဲ နာမ်ထဲမှာ ကိန်း၍ နေသော အနုသယကိလေသာကို ၀ိပဿနာဥာဏ်ဖြင့် ပယ်သတ်ရမည်။
(ကိလေသာများကား လောဘ၊ ဒေါသ၊ မောဟ၊ ဒိဋ္ဌိ၊ ၀ိစိကိစ္ဆာ စသည်တို့ ဖြစ်၏)
ရှုဥာဏ်က သမ္မာဒိဋ္ဌိ=မှန်စွာမြင်ခြင်း။ သမ္မာသင်္ကပ္ပ=မှန်စွာမြင်သည်ထက်မြင်အောင် ကြံစည်ခြင်း၊ သမ္မာဝါယမ=ရှုမြင်နေတဲ့အပေါ်၌ စိတ်ကိုဘေးမထွက်ရအောင် အားထုတ်နေခြင်း၊ သမ္မာသတိ= ရှုကွက်ကို မလွတ်ရအောင် သတိပြုနေခြင်း၊ သမ္မာသမာဓိ=ရှုကွက်အပေါ်၌ စိတ်ကို တည်ငြိမ်အောင် ထားခြင်းတို့ဖြစ်သည်။
ဆင်းရဲအပေါင်းမှ လွတ်မြောက်အောင် ကိလေသာတို့ကို ပယ်သတ်ရန်-
အခုငါ့စိတ်မှာ ဒေါသဖြစ်နေသလားဟုရှုကြည့်လိုက်ပါ။
ဒေါသမဖြစ်တာကို တွေ့လျှင် မဖြစ်ဘူး။ မဖြစ်ဘူး။ ဟု ရှု၍နေပါ။
ဖြစ်တာတွေ့လာလျှင် ဒေါသဖြစ်တယ် ဖြစ်တယ်ဟု ပျောက်ကွယ်သွားတဲ့အထိ ရှု၍နေပါ။ ဒေါသပျောက်သွားလျှင် အေးချမ်းတယ် အေးချမ်းတယ်ဟု ရှု၍နေပါ။
ဤအေးချမ်းမှုသည် ဒေါသကိလေသာ ခဏငြိမ်းနိဗ္ဗာန်ဖြစ်တော့၏။
ဒီခဏငြိမ်းနိဗ္ဗာန်ကို ခဏခဏတွေ့အောင် လေ့လာနေပါ။
ဒီခဏငြိမ်းနိဗ္ဗာန်နှင့် အနေများလာတဲ့အခါ တော်တော်ကြာအောင် ငြိမ်းတဲ့ နိဗ္ဗာန်ကို တွေ့လာပါလိမ့်မည်။
တော်တော်ကြာအောင်ငြိမ်းတဲ့ နိဗ္ဗာန်နဲ့ အနေများလာတဲ့အခါ ကိလေသာ လုံးဝ ချုပ်ငြိမ်းတဲ့ နိဗ္ဗာန်နဲ့ နေချင်လာလိမ့်မည်။
ဒီအခါ ရုပ်နာမ်တို့ရဲ့ အတွင်း၌ ကိန်း၍နေသော အနုသယကိလေသာကို ပယ်သတ်နိုင်ရန် ရုပ်နာမ်ဖြစ်ပျက်တို့ကို ၀ိပဿနာဥာဏ်ဖြင့် ရှုချေနေရမည်။
ရုပ်နာမ်ဖြစ်ပျက်တို့ကိုရှုချေနေတဲ့ ၀ိပဿနာ ဘာဝနာဥာဏ်အားကောင်းလာသောအခါ ရုပ်နာမ်တို့၏ အတွင်း၌ ကိန်း၍နေသော အနုသယကိလေသာကို မဂ်ဥာဏ်က ဖြတ်တော့၏။ သောတာပန်ဖြစ်တော့၏။ အပါယ်လေးပါးမှလည်း လွတ်တော့၏။
(ကျန်ကိလေသာများကိုလည်း ဒေါသကဲ့သို့ ရှုပါ)

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့