Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 21 March 2012

ကောင်းကင်ပြာကြီးနှင့်လတ်ဆတ်သောလေများဆီသို့

လစ်လပ်နေသောအမတ်(၄၈)နေရာအတွက်နိုင်ငံရေးပါတီများကြားဖြတ်ရွေးကောက်ပွဲပါဝင်ယှဉ်ပြိုင်မှုမကြာမှီ
စတင်တော့မည်ဖြစ်သလိုအနိုင်အရှုံးရလဒ်သည်လည်းတဆက်တည်းထွက်ပေါ်လာတော့မည်ဖြစ်ပေသည်။
အရေအတွက်နည်းသော်လည်းဤပွဲသည်အလွန်စိတ်ဝင်စားဖွယ်ကောင်းပြီးစိတ်လှုပ်ရှားစရာလည်းဖြစ်သည်။
လက်ရှိအနေအထားတွင်(NLD)၏နယ်လှည့်စည်းရုံးရေးလှုပ်ရှားမှုများ၌ပြည်သူလူထုက တခဲနက်ထောက်ခံ
အားပေးလျှက်ရှိသည်ကိုတွေ့ရသည်။အကယ်၍(၄၈)နေရာလုံးအရွေးခံရသော်ပြည်သူ၏(NLD)အပေါ်အားကိုး
လိုသောဆန္ဒ သိသာပေါ်လွင်ပေမည်။တနည်းအားဖြင့်(၁၉၉၀)ရွေးကောက်ပွဲမှပြည်သူ့ဆန္ဒဆက်လက်ရှင်သန်
နေဆဲဖြစ်ကြောင်းတွက်ယူနိုင်ပေမည်။
မည်သို့ပင်ဖြစ်စေ လာမည့်ကြားဖြတ်ရွေးကောက်ပွဲသည်လွတ်လပ်၍တရားမျှတသောပွဲဖြစ်ရန်အဓိကဖြစ်သည်။
ပြည်သူလူထု၏ဆန္ဒအစစ်အမှန်ဖော်ထုတ်ပေးနိုင်မှသာ အမှန်တကယ်ရှေ့ရှုနေသောဒီမိုကရေစီလမ်းကြောင်း
တည့်မတ်မှန်ကန်မည်ဖြစ်သည်။ဤကိစ္စအားလုံး၏အချက်အချာမဏ္ဍိုင်သည် လက်ရှိအစိုးရပင်ဖြစ်သည်။အစိုးရ၏
သဘောထားကြီးမှု အပြုသဘောပါသောဂုဏ်ယူလိုမှုတို့ ဖော်ပြရန်အကောင်းဆုံးအချိန်ဖြစ်သည်။အစိုးရကိုယ်၌က
ဒီမိုကရေစီစနစ်ဖော်ဆောင်ရေးအတွက် လိုလိုလားလားဦးဆောင်ဦးရွက်ပြုရမည်ဖြစ်သည်။စနစ်မှန်၊လမ်းကြောင်း
မှန်ရေးအတွက်အတိမ်းအစောင်းနည်းအောင်ကြတ်မတ်ပေးရမည်။အခြေခံအုတ်မြစ်ခိုင်မာအောင် စေတနာထား
ဆောင်ရွက်ရပေမည်။ဤနေရာ၌အဓိကသတိထားရမည့်အချက်မှာ မတော်တဆနောက်ကြောင်းပြန်လှည့်မသွားဖို့
ပင်ဖြစ်သည်။လက်ရှိအကောင်းဘက်သို့ရှေ့ရှုနေသောအခြေအနေများမှဆက်၍ဆက်၍တိုးတက်ကောင်းမွန်သွား
ရန်ဤအဆင့်သည် လွန်စွာမှပင်အရေးကြီးပါသည်။မည်သည့်နည်းနှင့်မျှပြည်သူလူထုအား မွန်းကြပ်ပိတ်လှောင်
နေသောယခင်အခန်းကျဉ်းလေးထဲသို့ ပြန်တွန်းမပို့မိစေဖို့ဆန္ဒပြုလျှက်...ကြည်လင်တောက်ပနေသည့် ကောင်းကင်
ပြာကြီးအောက် လတ်ဆတ်သောလေများလွတ်လပ်စွာ အားပါးတရ ရှုရှိုက်ခွင့်ရရန်ဖေးမလက်တွဲခေါ်ယူဖို့သာ
ဆောင်ရွက်သင့်ပေသည်။

စကားချပ်။  ။အစိုးရမှ အာဆီယံနိုင်ငံများ၏အကဲခတ်စောင့်ကြည့်လိုမှုကို ခွင့်ပြုသည့်အနေဖြင့် လေ့လာသူများအား
လတ်တလောဖိတ်ခေါ်လိုက်ခြင်းကို လှိုက်လှဲစွာကြိုဆိုပါသည်။ဆက်လက်၍နိုင်ငံတကာမှအကဲဖြတ်လေ့လာလိုသော
အဖွဲ့အစည်းများ၊သတင်းစာဆရာများကိုလည်း ခွင့်ပြုလိမ့်မည်ဟု ယုံကြည်မျှော်လင့်မိပါသည်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့