Search This Blog
အဖွဲ့ဝင်မယ်..Followers
သတင်း
ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ
Saturday, 24 March 2012
အဖေရဲ့ ဘ၀သင်္ခန်းစာ....
အဖေဟာ သားတို့သမီးတို့အတွက် မိသားစုနေထိုင်မှုအတွင်းမှာ လောဘကို အခြေခံ၍ အိမ်ထောင်ရေးကို စတင်ခဲ့သူ ဖြစ်သည်။ အဖေရဲ့ လောဘကို ပြောရရင် မင်းတို့ဘ၀လေးတွေ တိုးတက်ဖို့အတွက် ဘ၀ကို ချစ်မြတ်နိုးသော နှောင်ဖွဲ့ခြင်းဖြင့် သာယာသော အိမ်ထောင်ရေး တခုအဖြစ် တည်ဆောက်ခဲ့သည်။ ထို့ကြောင့် မိသားစု ဘ၀လေး ပျက်သုဉ်းမသွားစေရန် မှန်ကန်သော လောဘဖြင့် မိမိ လိုချင်သော အရာရာတိုင်းကို ပယ်ထုတ်ခဲ့ပြီး မင်းတို့လေးတွေ တိုးတက်ဖို့အတွက် နဖူးက ချွေး ခြေမထိ ကျအောင် ဇွဲအားတွေအပြည့်နဲ့ အားထုတ်ခဲ့သည်။ ဤအရာတွေသည် အဖေတို့ ဖခင်တွေရဲ့ လောကဓမ္မတာ ဖြစ်သည်။ သို့ရာတွင် ဤသဘောသည်ကား အဖေရဲ့ အတ္တလို့ ခေါ်လို့ရသလို အဖေရဲ့ ချစ်တက်မြတ်နိုးတက်သော သဘောတရားတွေသာ ဖြစ်ခဲ့ခြင်း ဖြစ်သည်။ အဖေရဲ့ အတ္တသဘောတရားသည် ဖြစ်သည့်အလျှောက် လူတော် လူကောင်းများ အနေဖြင့် လိုက်နာကျင့်သုံးရသော ဓမ္မတာ မဟုတ်၊ ပယ်ဖျက်နိုင်အောင် အမှန်တရားဖြစ်သော ကြိုးစားရသည့် သဘောတရားသာ ဖြစ်၏။
ဗုဒ္ဓ၀ါဒအရာ ဘ၀ကို တည်ဆောက်ရသည် မှန်၏။ သို့ရာတွင် ဘ၀ကို တည်ဆောက်ရာ၌ "ထီး" အဖြစ် မင်းတို့အတွက် တည်ဆောက်ရမည် ဖြစ်သလို၊ အဖေရဲ့ ကြိုးစားရမည့် ရလာဒ်ကောင်းတွေနဲ့ မင်းတို့လေးတွေ အဖြစ်သာ တည်ဆောက်ရခြင်း ဖြစ်သည်။ အဘယ်ကြောင့်ဆိုသော် အဖေတို့ မေတ္တာရိပ်အောက်က မင်းတို့လေးတွေ အစဉ်သာ ခိုင်မြဲအောင် နေထိုင်ကြမည် မဟုတ်၊ မင်းတို့လေးတွေ အနာဂါတ် တနေ့မှာ အဖေတို့လို အိမ်ထောက်တွေကျလိမ့်အုန်းမည် ဖြစ်သည့်အတွက် အဖေမေတ္တာရိပ်အောက်မှာ နေစဉ်အခါ အရိပ်ကောင်းသော သစ်ပင်ကြီးကဲ့သို့ အေးချမ်းစွာ ပျော်ပျော်ရွှင်ရွှင် မြပုခက်ပေါ် ရွှေမခင်းထားသော်လည်း ၀ါးပုခက်ပေါ်မှာ ဖျာကြမ်းနဲ့ အဆင်ပြေအောင် ထားနိုင်ခြင်းသာ ဖြစ်သည်။ အဲဒါတွေဟာ အဖေရဲ့ အကောင်းဆုံး ကြိုးစားထား ရလာဒ်ကောင်းတွေပေါ့။ ထိုကြိုးစားမှု ရလာဒ်ကောင်းကို မလွဲမသွေ အဖေ တနေ့ ဖျက်သိမ်းလိမ့်မည် ဟု မင်းတို့လေးရဲ့ အတွေးအိမ်မှာ ထင်မိနေမှာ အမှန်ပင်ဖြစ်သည်။ အဖေကလည်း မင်းတို့လေးတွေရဲ့ မိုးရွာသောအခါ လိုအပ်သလို ထီးဆောင်ပေးနိုင်သော ဖခင်ကောင်း ဖြစ်ချင်ခဲ့တာပါ။ အဲဒါတွေက အဖေ့ရဲ့ ၀ါဒဆန္ဒကောင်းတွေတာ ဖြစ်သည့်အပြင် မင်းတို့လေးတွေရဲ့ ဘ၀ကို ရေမြင့်ရင် ကြာလည်းမြင့်ရမည်ဆိုသော အသိဖြင့် မင်းတို့လေးတွေ အတန်းကျောင်းတွေ မြင့်လာသမျှကာလပတ်လုံး အဖေပေးနိုင်သော ဆုလာဒ်နဲ့ မေတ္တာကလည်း မြင့်ရမည် အသိနဲ့ လောကဓံအံတုကာ အကောင်းဆုံး ကြိုးစားပေးခဲ့သည်။ ပြောရမည်ဆိုလျှင် မင်းတို့အတွက် အဖေ့ဘ၀ကို ထီးတချောင်းကဲ့သို့ထားပြီး မင်းတို့လေးတွေကို နေပူမရှောင် မိုးရွာမရှောင် ဆောင်းပေးခဲ့သည်။
အဖေငယ်စဉ်တုန်းက ဘ၀ကို "ထီး" တချောင်းပမာ ထင်ခဲ့သည်။ လက်တွေ့ မင်းတို့လေးတွေကို ဆောင်းပေးနေရသော "ထီး" ဖြစ်သလို မင်းတို့လေးတွေ အတွက် သက်တော်စောင့် ကိုယ်ရံတော်ကြီး တယောက်ဖြစ်ခဲ့သည်။ တခါတရံ မင်းတို့လေးတွေ ဆာလောင်မွတ်သိပ် နေသောအခါ အဖေဟာ မုသားမပါ လင်္ကာမချော ဆိုသလို အတောင်းရမ်းကောင်းသော သူကြီးဆိုတာ မင်းတို့ ငယ်စဉ်ဘ၀ မည်သို့ သိနိုင်မည်နည်း။ ရှိပါစေ အဖေတို့ မင်းတို့အတွက် ဘ၀သံသာရာ ဇာတ်ခုံမှာ မင်းသားဇာတ်လိုက်ကြီး ဖြစ်သလို လူမိုက်ကြီးလည်း ဖြစ်ခဲ့ရသေးသည်။ မသင့်တော်သော အရပ်မှာ မည်သို့နေရ နေရ မင်းတို့အတွက် အကောင်းဆုံး ရွှေပုဝါကို ကမ်းလှမ်းပေးချင်သူပါ။
အဖေတို့ ဘ၀ဇာတ်ခုံပေါ်မှာ တခါတရံ ဘ၀နိမ့်ကျလို့ သူများအိမ်မှာ လူငှားဘ၀ လုပ်ကိုင်ရလည်း မင်းတို့လေးတွေ ဘ၀မနိမ့်ကျအောင် ကမ္ဘာပေါ်မှာ ခေတ်မှီတိုးတက်နေသော ဖက်ရှင်းဒီဆိုင်းမျိုးစုံနဲ့ လှပအောင် တန်ဆာဆင်ပေးချင်သူသာ ဖြစ်သည်။ သို့သော် မင်းတို့လေးတွေ အားငယ်မှု မရှိအောင် ကမ်းလှမ်းသော အဖေလက်က ခွန်အားတွေအပြည့်နဲ့ ဗြဟ္မာစိုရ်နှလုံးသားက တွန်းအားပေးချင်သူသာဖြစ်သည်။ အဖေတို့ဘ၀ ခါးနေအောင် မည်သို့ပင် ဆင်ရဲနေပါစေ မင်းတို့ဘ၀ ရေမြင့်ထက်ကကြာလို ဖြစ်စေချင်သည်။ မင်းတို့လေးတွေ အနာဂါတ် ကျောင်းခန်းမှာ စာကျက်သံကြားရင်လည်း အဖေဟာ ဂုဏ်ပြုသံ ပီတိအပြုံးနဲ့ ၀မ်းမြောက်နေမှာ အမှန်ပင်ဖြစ်သည်။
အဖေဟာ မင်းတို့အတွက် အလုပ်ခွင်မှာ မောပန်းစွာ လုပ်ကိုင်နေလည်း အိမ်ပြန်ခရီးမှာ မင်းတို့လေးတွေက "အဖေပြန်လာပြီး" ဟု ဆိုသော စကားသံများကြားရခြင်းက ဟောင်းဝါရီ မှာ အပန်းပြေထွက်တာထက် အဆပေါင်း တစ်ရာလောက် အဖေနှလုံးသားက အပန်းပြေစေခဲ့သည်။ သို့သော် မင်းတို့လေးတွေ အစားဆာလို့ အိမ်ပြန်ခရီးမှာ ငိုငြီးသံကြားရင်တော့ အီရတ်နှင့် အာဖဂန်မှာ စစ်ဖြစ်တာထက် အဆတစ်ရာ အဖေနှလုံးသား မချိအောင် နာနေမိသည်။ ထိုအရာတွေကို မင်းတို့လေးတွေ အဖေနေရာကို ရောက်လာရင် အဖေကိုယ်စား နားလည်ရမည်ဆိုတာ သဘာဝတရားက အလိုလို ပြောလာပါလိမ့်မည်။
နောက်ဆုံး အဖေပြောချင်တာ မင်းတို့လေးတွေ အနာဂါတ်လှဖို့အတွက် အဖေဟာ မင်းတို့လေးတွေရဲ့ ကောင်းကင်ကြီးတခုဖြစ်သလို၊ မင်းတို့လေးတွေရဲ့ အနာဂါတ် ဖန်တီးရှင် ဖြစ်သည်။ မင်းတို့လေးတွေ ပညာတက်ဖြစ်လာဖို့ အဖေဟာ လယ်သမားတယောက်ပေါ့။ မင်းတို့လေးတွေ ပညာတက်ဖို့ အဖေဟာ ကျွန်ကောင်းတယောက်ပေါ့။ မင်းတို့လေးတွေ ပညာလည်းတက် ကြင်ယာလည်းဖက်ဖို့ အဖေဟာ ကမ္ဘာပတ်ကာ စာမတက်သော်လည်း လာစမ်းကွဲ့ လောကဓံကို စိန်ခေါ်ကာ အလုပ်ဟူသမျှ လုပ်ပေးနိုင်သူပါ။ မင်းတို့လေးတွေက အနီးကပ်ပြုစုနေတဲ့ အမေဟာ ကျေးဇူးအရှိဆုံးလို့ တထစ်ချ မခံယူနဲ့အုန်း အဖေဟာ မင်းတို့လေးတွေအတွက် အသက်နဲ့ရင်းပြီး ဌာနေအဝေးမှာ မည်သည့်အလုပ် မည်သည့်ကိစ္စတွေ လုပ်ကိုင်ရသည်ဆိုတာ မင်းတို့လေးတွေ မည်သို့ သိနိုင်မည်နည်း။
တခါတရံ အဖေဟာ အဝေးရောက်နေခဲ့ရင် မင်းတို့လေးတွေအတွက် မိသားစုအတွက် မျက်ကွယ်မပြုသော အသိစိတ်ဓာတ်တွေနဲ့ သားစိတ် မယားစိတ် မိသားစုစိတ်တွေအပြည့် လူကြုံရှာကာ ထောက်ပံ့ပေးခဲ့သူပါ။ တခါတရံ ချမ်းတုန် ပူအိုက် ရာသီမမျှသောအခါ အာဂန္တုက ဝေဒနာ အဖျားရောက်လာရင် မင်းတို့လေးတွေစိတ်နဲ့ ရောဂကို ကုသခဲ့သူပါ။ အဖေဟာ မင်းတို့အတွက် မင်းတို့ကမ္ဘာ မင်းတို့ အနာဂါတ်ပါဆိုတာ သားတို့သမီးတို့ရေ အဖေရဲ့ ဘ၀သဲမျှင်စလေးကို ပုံပြင်ထုတ်လို့ မင်းတို့ အိပ်မပျော်ခင် အိပ်ဆေးတခွက် မဟုတ်သော်လည်း မင်းတို့လိမ္မာ ယဉ်ကျေးဖို့အတွက် သဏ္ဍာန်ထုတ်လို့ ပြောပြခဲ့ခြင်းသာ ဖြစ်သည်။
Subscribe to:
Post Comments (Atom)
နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့
-
▼
2012
(7201)
-
▼
March
(408)
- ကြွေလွင့်သွားသော စံပယ်ဖြူတစ်ပွင့်.....
- တွေးခြိမ်ခြင့်စရာ (မိမိကိုယ်မိမိ အရေးကြီးသူဟု ထင်...
- သင့်ကြောင့် မိသားစုဘ၀ မပြိုကွဲပါစေနှင့် ...
- မှတ်သားစရာ စာစုလေးတွေ -
- လူမိုက်တို့ သွားရာလမ်း
- ***ခွက်ပဲ့လေး-တစ်လုံး***
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- gtalk မှာ ခြေဆော့ရင်တော့ သေလောက်အောင် ရင်ကွဲရမယ်.....
- သတ္တုဓါတ်များအကြောင်းသိကောင်းစရာ
- တရုတ်ပြည်ရဲ.လိပ်ပြာလေးစုံတွဲအကြောင်.
- နှုတ်ဆက်ခဲ့ပါတယ် ချစ်သူ
- ဆွဲဆောင်မူအရှိဆုံးအမျိုးသမီး10ဦးရွေးချယ်
- ကမ္ဘာ့အကြီးဆုံး လိပ်ပြာကြီးတစ်ကောင်
- ငရဲပန်းတို့ရဲ့ အလယ်မှာ
- ...... ကြိုနေမဲ့  မင်း (သို့ ) ဖယောင်းတိုင်နဲ့  တူ...
- မဖြစ်သင့်သောအရာ...............
- သူယောင်မယ်သီး
- နုလုံးအိမ်ထဲက ချစ်တဲ့အလုပ်ရှင် - (ဟာသ)
- အချစ်ဆိုသည်မှာ
- မိန်းခလေးတွေ အတုယူကြပါ
- ပိတောက်နံ့လေး မွှေးနေတယ်......
- ပိတောက်ပင် အောက်က
- လူဖြစ် ကျိုးနပ်ဖို့သောတာပန်...ပန်းတိုင်း....သို့
-းးးးးးးးးးးးးးးးးးး ပိတောက်နဲ့ အတူးးးးးးးးးးးးးးး...
- ဖူးစားရှင်ရှာ နည်းလေး
- ဂုဏ်တော်ပွားနည်း
- ဖိုးသူတော် ပြောသော ပုံပြင်
- ရီဝေေ၀အကြည့်နဲ့ ကြည့်တတ်သူလေး
- ဒဏ်ခတ်ထားတဲ့နှလုံးသား>>>>
- ***ဟားဗတ်တက္ကသိုလ်စာကြည့်တိုက်မှအဆိုအမိန့်များ****
- အချစ်တခုတည်းနဲ. ဘဝမပြည်.စုံနိုင်ပါ
- သူငယ်ချင်း
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- အချစ်ဆိုတာကို ဘယ်ကနေ ဘယ်လို
- ဖုန်မှုန့်နှင့်တူသော ငါ့အချစ်တွေကို......
- (အို ဗုဒ္ဓဘာသာနွယ်ဝင် သူတော်စဉ်အပေါင်းသူငယ်ချင်းတို့)
- မြန်မာ့တိုင်းရင်းသားတွေပါ......................
- သင်ပျင်းတဲ့အခါလုပ်စရာ
- Ccleaner business edition v.3.17.1688 (Latest Vers...
- ****တခဏတာဘ၀အမောပြေပါစေသူငယ်ချင်းတို့အတွက်*****
- Samsung Galaxy Ace Official Gingerbread 2.3 နှင့်အ...
- Youtube မှ MP 4 Mp3 .FLV . အဖြစ် download လုပ်ရန်..
- ကာတွန်းဟာသပုံလေးများ
- ဟာသများ
- ...........ဒဏ်ရာ...........
- အဆိပ်သင့်ပန်းတစ်ပွင့်ရဲ့ခံစားချက်
- ကိုယ်လိုချင်တာပါ
- မင်းရက်စက်စွာ ကိုကို နှလုံးသားကို နာကျင်နေစေပေမဲ့....
- gtalk နည်ပညာ
- မိုးလေ၀သ ခန့် မှန်းချက်
- သိပ့်ချစ်မိသူရဲ့  နှလုံးသားမှာလေ........
- ချစ်တယ်
- အကယ်၍ သင်ဟာ
- စကားပြောကောင်းသူတစ်ယောက်ဖြစ်ဖို့
- လည်လွန်းတဲ့ဘီး
- ♀ ♥ ♂ “အချစ်နှင့်ကခုန်ခြင်း” ♀ ♥ ♂
- လိုအပ်နေတာ - ဒါပဲ
- အသက်ပေးရသည့် စကားများ(၁)
- ရယ်မောခြင်းသည် အသက်ရှည်၏
- ကိုယ့်ဖတ်ကကြည့်ရင် လက်ဖမိုးဆိုပေမဲ့ သူ့ ဖတ်ကကြည့်ရ...
- မိုးစက်ခြေရာ.....
- ♦♦♦♦ ငါ....ဘာလဲ ♦♦♦♦
- အိပ်မက်ခရီး...။
- လိုက်နာသင့်သော ….ကွာ၊ ပါ၊ ချာ
- အကြံပိုင်တဲ့ဆာဒါ....(ဟာသ)
- မော်ဒယ်များ
- Actress Fashion World (2) မြန်မာဝတ်စုံ
- စကားဆုံးအောင်ပြောခွင့်ပေးပါ
- ပိတောက် နဲ့ ငုဝါ
- ဒုက္ခအမှတ် ၃၈
- ..... အတိတ်က ငါ့ အရိပ့် လေးမင်း.....
- နွေ ရောက်တိုင်း ငုဝါပန်းလေးတွေကတော့ ပွင့်နေဦးမှာပါပဲ
- သွားစမ်းပါ မုန်းစရာကြီး
- ရွှေရည်လူးတဲ့နွေတန်ခူး
- ပကာသနမဲ့တဲ့ ကြယ်
- အမေ
- ယုံကြည်ပေးဖို့ လိုအပ်တယ်
- ဟာသများ
- တဝဖတ်/ တဝကြည့် ဟာသများ
- ...........ပေးဆပ်ခြင်း.........
- ချစ်သူ
- တုန့် ပြန်မူ့ ကိုမျှော်လင့်သူ..အမေ.....
- ချစ်သူတို့ အတွက် အချစ်ဗေဒင်
- အဖြူရောင်
- လောကမှာဘာကြောင့်နူတာလည်း (ကျေးဇူးသိကာဆပ်ကြပါ)
- သင်္ကြန်မှာ သင် ကျန် မနေအောင်
- ပိတောက်ပင် အောက်က အလွမ်း
- လောကမှာသင့်ကိုအချစ်ဆုံးသူက ဘယ်သူလဲ
- အချစ်နဲ့ပတ်သက်လာရင်.....သင်က သစ်ပင်လား? သစ်ရွက်လား...
- ၇ည်း စား စာ အသစ် လေး ................မမတို့အတွက် ...
- Laptop များနှင့် Battery Life
- သတိဆိုတဲ့ နေအိမ်
- Windows 7 မှာအသံမလာဘူးဆိုရင်
- သက်ရောက်မှုတစ်ခု၏ အက်ကြောင်းကြား၌...။
- ကိုယ်တစ်ကယ် မြတ်မြတ်နိုးနိုးချစ်တဲ့သူကို အကြာကြီး ...
- အချစ်ဆိုတာ............
- သယ်လာတယ်နော် ဟာသလေးတွေ ( ၃ )
- ရောက်တတ်ရောက်ရာ ထူးဆန်းထွေလာ
- သတင်းများ
- ယောက်ျား၊မိန်းမ။အချစ်
-
▼
March
(408)
No comments:
Post a Comment