လောကဆိုတဲ့ လမ်းမကြီးကို အမေမွေးဖွားချိန် ရောက်လာခဲ့ပေမယ့် ကျွန်တော် ဘာကိုမှ မသိသေးပါဘူး...။ အချိန်တွေက လည်း.. တစ်ဖြည်းဖြည်း ပြောင်းလဲလာကာ ကျွန်တော် အသက်အရွယ်တစ်ဖြည်းဖြည်းကြီးပြင်လာရင်း ဒါဟာ အမေ ဒါဟာ အဖေ နှင့် သိတက်နားလည် လာခဲ့တယ်..။ လောကကြီး ရဲ့ လမ်းပေါင်း မြှောက်များစွာ ကို ဖြတ်သန်းလာခဲ့တယ်....
၇ နှစ်လမ်းမှာ လျှောက်ခဲ့တုန်းက..( ကစားစရာ အရုပ် ၀က်ဝံရုပ် အစုံကို အိမ်က ၀ယ်ပေးထားပေမယ့်လည်း... နောက်ဆုံးမှာ ပျက်စီး ဖုံတက် ယိုယွင်း သွားခဲ့တယ်..)
၈ နှစ်ဆိုတဲ့ လမ်းမှာတုန်းကတော့ ( ခဲတံ ခဲဖျက် ပေတံ စာအုပ် မြှောက်များစွာကို သုံးစွဲခဲ့ပေမယ့် ခဲတံ အရှည်ကြီးဟာ ကြာလာတာနဲ့အမျှ တိုတိုလေးပဲ ကျန်တော့တယ်.. ခဲဖျက်အတုံးကြီးဟာ ကြားလာတာနဲ့ အမျှသေးသွားခဲ့တယ်.. စာအုပ်တွေကတော့ စာမျက်နှာတွေ ကုန်ဆုံးသွားခဲ့တယ်...ဆိုတာကို တွေ့မိတယ်..)
၁၀ နှစ်လမ်းမှာ လျှောက်လှမ်းခဲ့တုန်းမှာ.( မီးမမှန်တဲ့ ညတစ်ညမှာ ဖယောင်းတိုင်လေးကို စူးစိုက်ကြည့်နေမိဖူးတယ်.. ဖယောင်းတိုင်လေး အရည်ပျော်ပြီး မီးငြိမ်းသွားခဲ့တယ်.. ဘုရားစင်ကို ငေးကြည့်မိပြန်တော့လည်း ထို့အတူပင် ပူဇော်ထားတဲ့ ဖယောင်းတိုင်လေး ငြိမ်းသွားခဲ့တယ်..x)
၁၁ နှစ်လမ်းကို ရောက်တုန်းက တော့..( သေဆုံးခြင်းတရားကို တွေ့ရှိခဲ့တယ်. မနေ့ကအကောင်းကြီး မနက်က ဆုံးပါးသွားခဲ့တယ် ငိုကြ ယိုကြ လွမ်းကြ ဆွေးကြနှင့် ကြေကွဲမူသံစဉ်များကို စတင် ကြားရှိလာခဲ့တယ်...အဲ့ဒီအကြောင်းတရားကို သိတဲ့နေ့က ကျွန်တော်အဘိုးဆုံးပါးသွားတဲ့နေ့လေးပေါ့...)
အရွယ်ဟာ လည်း တစ်ဖြည်းဖြည်း ငယ်ရာကနေ ကြီးပြင်းလာခဲ့တယ်...ကျွန်တော်ကိုယ် ကျွန်တော် မှန်ထဲကြည့်နေရာမှ အရင်အတိတ်ဘ၀က ကျွန်တော်အရွယ်ဟာ ယခုကြည့်နေတဲ့ မှန်တင်ခုံကိုတောင် ခုံခုပြီးကြည့်နေရတဲ့ကလေးသာသာပေါ့ ယခု မှန်ကိုကျော်ပြီး ပြန်ငုံ့ကြည့် ခေါင်းဖီးနေရတဲ့အရွယ်ကို ရောက်ခဲ့လေပြီ....။
အချိန်တွေဟာ... တစ်ဖြည်းဖြည်း ပြောင်းလဲ..နာရာစက်သံ နှင့် နာရီ လက်တံတွေ ဟာ အမြဲ 12 ကိုကျော်ပြီးတိုင်း 1 ကိုပြန်ရောက်ရှိတယ်.။ ရာသီအလီလီပြောင်းလဲ နေ၀င်လိုက်နေထွက်လိုက် ကမ္ဘာကြီးမသိမသာလှည်ပတ်နေသလို ကျွန်တော်တို့ မသိမသာလေးကို အသက်ကြီးပြင်းလာခဲ့ပြီ...။
၁၄ နှစ်လမ်းကို ရောက်ရှိတဲ့ခါမှာတော့ ( နာရီလေးတစ်လုံး ကို မြင်မိခဲ့တယ်...အမေ၀ယ်ပေးထားတဲ့ နာရီလေးဟာ ၁၄ နှစ်ရောက်ရှိလာတော့ နာရီမလည်တော့ ဓါတ်ခဲကုန်သွားခဲ့တယ်..ဓါတ်ခဲသွားလဲပြီး နာရီလည် ပြန်လည်ခဲ့ပေမယ့် ၁၅ နှစ်လောက်အရောက်မှာ နာရီလေးဟာ ရုတ်တရက် ကြိုးပျက် ကျကွဲခဲ့တယ်..x)
၁၆ နှစ်လမ်းကို ရောက်ရှိလာတဲ့ခါမှာတော့ ( ချစ်သူစုံတွဲ သမီးရည်စား အများစုကို မြင်ခဲ့မိတယ်.. မနေ့က အရမ်းချစ်ကြတယ် နောက်နေ့ ပါးချပြီး လမ်းခွဲမူပန်းတိုင်ရောက်ရှိခဲ့တယ်.၊ တစ်နေ့က ချစ်သူဖြစ်ခဲ့တယ် လက်ထပ်ဖို့ထိ ရည်ရွယ်ခဲ့တယ်.. ကံကြမ္မာဆိုတာကြီးကို အကြောင်းပြပြီး လမ်းခွဲမူပန်းတိုင်ကို ရောက်ရှိခဲ့ကြတယ်..၊ တစ်ချို့ကြတော့လဲ ကိုယ့်ကိုကိုယ် သတ်သေတဲ့ထိကို ရူးသွပ်ခဲ့ကြတယ်..ငိုကြတယ် ယိုကြတယ်...အစွမ်းထက်လှ တဲ့ ချစ်ခြင်းတရား ကို တွေ့ရှိခဲ့ရတယ်..။ တကယ်ချစ်နှစ်သက်တဲ့သူတွေ ပေါင်းဖက် ဆုံဆည်းကြတာကိုလဲ တွေ့ခဲ့တယ်..တကယ်ချစ်တဲ့လူတွေ နားလည်မူတွေနဲ့ ပျော်ခဲ့ကြတာကို မြင်တွေ့ခဲ့ဖူးတယ်... အမျိုးမျိုးပေါ့..)
၁၇ နှစ် လမ်းကို လျှောက်လှမ်းချိန်မှာတော့ ( အိမ်တစ်အိမ် မီးလောင်တာကို မြင်တွေ့ခဲ့တယ်... ဘယ်လောက်ပဲ ဥစ္စာဓန ချမ်းသာပါစေ တစ်နေ့မှာတော့အရာရာ ပျက်စီးကြရတယ် ဘယ်လောက်ပဲ တန်းဖိုးရှိရှိ သေခဲ့ရင်တော့ ဘယ်အရာမှ ကိုယ့်နောက်မပါခဲ့ဘူးလေ..ချစ်လို့ဆုံဆည်းခဲ့ကြတယ် အချိန်ကာလတစ်ခုထိ ပျော်ရွင်စွာနေခဲ့ ကြတယ်.။အသက်ကြီးအဘိုးကြီးဖြစ်သွားတဲ့ချိန်မှာတော့ အရင်သေမယ့်လူဟာ နင်လား ငါလား?....
ဘယ်အရာမှ မတည်မြဲပါဘူးလေ.. သင်္ခါရတရားကြီးကို မည်သူမှမလွန်ဆန်နိုင်ပါဘူး......မတည်မြဲတာတွေကိုပဲ တွေ့နေခဲ့ရပြီး ၁၇ နှစ်ရဲ့လမ်းတစ်ဝက်မှာ တွေးခေါ်မူ အုတ်ခုံလေးမှာ ထိုင်ပြီး ကြယ်တွေကိုကြည့် တွေးနေမိတယ်.. တည်မြဲတာဟာ ဘာပါလိမ့်ပေါ့.........နားထဲကို လူတစ်ယောက်လာပြောသွားသလို ခံစားရတယ်.....( လူလေ.. တည်မြဲခြင်းတရားဟာ မတည်မြဲခြင်းတရားပါပဲ ဘယ်အရာမှ မတည်မြဲနေပေမယ့် မတည်မြဲခြင်းတရားဟာတော့ တည်မြဲနေဆဲပါပဲ....)
နောက်ကို လှည့်ကြည့်မိတော့ မည်သူမှမရှိ.... နူတ်ကရေရွတ်မိလိုက်တယ် မတည်မြဲခြင်းတရားဟာ တည်မြဲနေတယ်ဆိုတာ မှန်တယ်လို့ ယူဆလိုက်ပြီး...လျှောက်လှမ်းဖို့ ခြေထောက်ကို ပြင်ဆင်လိုက်တယ်.........။
လူသားတွေဟာ တစ်နေ့ သေကြရမယ်.. မသေခင်ချိန်မှာ ဘာလုပ်ကြမလဲ .. သေပြီးရင်ဘယ်အရာမှာပါမသွားဘူး....ဒါပေမယ့် ကိုယ်ပြုတဲ့ကုသိုလ်ကောင်းမူ ကိုယ်ပေးဆပ်လိုက်တဲ့အရာတွေကတော့ ပါသွားတက်တယ်...။
No comments:
Post a Comment