ညိုသလိုလိုနဲ့ ပြိုမလိုလိုဖြစ်နေပြီး မဲမှောင်နေတဲ့တိမ်တွေကို ကျွန်တော်ငေးကြည့်နေရင်းမှာပဲ ရာဇဝင်လား ဒိုင်ယာရီလား ပုံပြင်လားတော့ ကျွန်တော်မသိခဲ့ပါဘူး ဖြစ်တာတော့ဖြစ်ပျက်ခဲ့ပါတယ် အို.....အသင်လောကကြီးရေ မင်းကိုတော့ သတ်သေတည်လိုက်ပြီ
ဖွားဖွား ဖေဖေမပြန်လာသေးဘူးလား သားဖေဖေကိုသတိရနေပြီ
ဘယ်လိုခေါ်လိုက်တယ် နင့်ကို အဖေလို့မခေါ်နဲ့လို့ပြောထားတာ နားမလည်ဘူးလား မင်းလွင်က နင့်အဖေမဟုတ်ဘူး
ဖွားဖွားကလဲ သားမေ့သွားလို့ပါ ဦးဦးလို့ပဲခေါ်တော့မယ်နော်
နောက်မမေ့စေနဲ့ နောက်တစ်ခါ မင်းလွင်ကို ဖေဖေလို့ခေါ်ရင် နင့်ကို ရိုက်မယ်
ဟုတ်ကဲ့ပါ သားနောက်မမေ့စေရပါဘူး
ကျွန်တော်မှာ သားတစ်ယောက်ရှိခဲ့တယ် ဒါပေမဲ့ သားတစ်ယောက်က အဖေတစ်ယောက်ကို အဖေလို့ ခေါ်ခွင့်မရှိခဲ့ပါဘူး ဘာလို့ခေါ်ခွင့်မရှိရတာလဲဆိုတာကတော့ ကျွန်တော် မိဘတွေသဘောမတူတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ပြီး ခိုးယာလိုက်ပြေးပြီး ဘဝတစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ကျွန်တော်ချစ်သူက ဆင်းရဲတော့ မိဘတွေက သဘောမတူကြဘူး သဘောမတူတဲ့ခြားထဲကပဲ အိမ်ထောင်တစ်ခုကိုတည်ဆောက်ခဲ့တယ်
မောင် အလုပ်ကိစ္စနဲ့ ခရီးထွက်မှာ ဘယ်လောက်တောင်ကြာမှာလဲဟင်
မောင်လဲ ဘယ်သိပါ့မလဲ ချစ်ရယ် မသွားမဖြစ်လို့သာ မောင်သွားရတာပါ ချစ်ကိုနည်းနည်းလေးမှ စိတ်ချတာမဟုတ်ဘူး ဒီကြားထဲ ချစ်က ကိုဝန်နေ့စေ့လစေ့ကြီးနဲ့ဆိုတော့ မောင်ပိုပြီးစိတ်ပူရတာပေါ့
ချစ်အတွက်စိတ်မပူပါနဲ့မောင်ရယ် မောင်သာလမ်းခရီးသွားတာ ကျမ်းမာရေးကိုဂရုစိုက် ဟုတ်ပြီလား အခု ချစ် အဝတ်အစားတွေ အားလုံးထည့်ပြီးသွားပြီ
ဟုတ်ပါပြီ ချစ်ရယ် ဒါနဲ့ ညရေးညခါ အစဉ်ပြေရအောင် ချစ်ရဲ့သူငယ်ချင်း နှင်းဝေကို အဖော်ခေါ်အိပ်ပါလား မောင်ပြောထားလိုက်မယ်လေ
တော်ပါပြီမောင်ရယ် သူလဲသူ့အလုပ်နဲ့သူ လုံးလည်ချာလည်လိုက်နေတာ သတ်သတ်ဒုက္ခပေးသလိုမျိုးဖြစ်နေပါအုံးမယ် ဘာမှစိတ်မပူနဲ့ ချစ်တစ်ယောက်ထဲနေတက်တယ် ကဲ မောင်လဲနောက်ကျနေအုံးမယ်
ဖွားဖွား ဖေဖေမပြန်လာသေးဘူးလား သားဖေဖေကိုသတိရနေပြီ
ဘယ်လိုခေါ်လိုက်တယ် နင့်ကို အဖေလို့မခေါ်နဲ့လို့ပြောထားတာ နားမလည်ဘူးလား မင်းလွင်က နင့်အဖေမဟုတ်ဘူး
ဖွားဖွားကလဲ သားမေ့သွားလို့ပါ ဦးဦးလို့ပဲခေါ်တော့မယ်နော်
နောက်မမေ့စေနဲ့ နောက်တစ်ခါ မင်းလွင်ကို ဖေဖေလို့ခေါ်ရင် နင့်ကို ရိုက်မယ်
ဟုတ်ကဲ့ပါ သားနောက်မမေ့စေရပါဘူး
ကျွန်တော်မှာ သားတစ်ယောက်ရှိခဲ့တယ် ဒါပေမဲ့ သားတစ်ယောက်က အဖေတစ်ယောက်ကို အဖေလို့ ခေါ်ခွင့်မရှိခဲ့ပါဘူး ဘာလို့ခေါ်ခွင့်မရှိရတာလဲဆိုတာကတော့ ကျွန်တော် မိဘတွေသဘောမတူတဲ့ မိန်းကလေးနဲ့ ချစ်ကြိုက်ပြီး ခိုးယာလိုက်ပြေးပြီး ဘဝတစ်ခုကိုတည်ဆောက်ခဲ့ပါတယ် ကျွန်တော်ချစ်သူက ဆင်းရဲတော့ မိဘတွေက သဘောမတူကြဘူး သဘောမတူတဲ့ခြားထဲကပဲ အိမ်ထောင်တစ်ခုကိုတည်ဆောက်ခဲ့တယ်
မောင် အလုပ်ကိစ္စနဲ့ ခရီးထွက်မှာ ဘယ်လောက်တောင်ကြာမှာလဲဟင်
မောင်လဲ ဘယ်သိပါ့မလဲ ချစ်ရယ် မသွားမဖြစ်လို့သာ မောင်သွားရတာပါ ချစ်ကိုနည်းနည်းလေးမှ စိတ်ချတာမဟုတ်ဘူး ဒီကြားထဲ ချစ်က ကိုဝန်နေ့စေ့လစေ့ကြီးနဲ့ဆိုတော့ မောင်ပိုပြီးစိတ်ပူရတာပေါ့
ချစ်အတွက်စိတ်မပူပါနဲ့မောင်ရယ် မောင်သာလမ်းခရီးသွားတာ ကျမ်းမာရေးကိုဂရုစိုက် ဟုတ်ပြီလား အခု ချစ် အဝတ်အစားတွေ အားလုံးထည့်ပြီးသွားပြီ
ဟုတ်ပါပြီ ချစ်ရယ် ဒါနဲ့ ညရေးညခါ အစဉ်ပြေရအောင် ချစ်ရဲ့သူငယ်ချင်း နှင်းဝေကို အဖော်ခေါ်အိပ်ပါလား မောင်ပြောထားလိုက်မယ်လေ
တော်ပါပြီမောင်ရယ် သူလဲသူ့အလုပ်နဲ့သူ လုံးလည်ချာလည်လိုက်နေတာ သတ်သတ်ဒုက္ခပေးသလိုမျိုးဖြစ်နေပါအုံးမယ် ဘာမှစိတ်မပူနဲ့ ချစ်တစ်ယောက်ထဲနေတက်တယ် ကဲ မောင်လဲနောက်ကျနေအုံးမယ်
ကဲအဲ့ဒါဆိုမောင်သွားပြီနော်
သွားတာသွားခဲ့ရတယ် ကျွန်တော် ကျွန်တော်မိန်းကိုကို နည်းနည်းလေးမှ စိတ်မချခဲ့ပါ ချစ်ဇနီးမယားဆီကိုပြန်ဖို့အတွက်ကုန်ဆုံးတဲ့အချိန်တွေက ကျွန်တော်အတွက်နှေးကွေးနေသလိုပါပဲ သတိလဲရနေမိတယ် စိတ်လဲပူနေမိတယ် စိတ်ပူနေတဲ့အချိန်မှာပဲ
ကလင် ကလင် ကလင်....ကလင်
ဟယ်လို
ဟယ်လိုလုပ်မနေနဲ့ မင်းမိန်းမ အခုဆေးရုံမှာကွ
ဟာ ဟုတ်လား ဘယ်လိုလဲ အစဉ်ကောပြေရဲ့လား
ငါလဲမပြောတက်ဘူးကွ ဆရာဝန်ပြောတာတော့ ခွဲမွေးရမယ်ဆိုလား ဘာလား မသိပါဘူးကွာ ဒါနဲ့ မင်းအခုဘယ်ရောက်နေပြီလဲ
ငါရန်ကုန်ကို ရောက်တော့မှာပါကွာ အခုပဲခူးကိုရောက်နေပြီ သယ်ရင်းရာ မင်းနည်းနည်းလေးကြည့်ပြီးကူညီထားပေးပါကွာ
အေးပါကွာ မင်းလဲ ကားကိုသတိနဲ့မောင်းအုံး အဲ့ဒါဆိုဒါပဲလေကွာနော်
အေးအေး သယ်ရင်း
ကျွန်တော်အချိန်မှီပြန်မရောက်သွားတာလား ဒါမှမဟုတ် ကျွန်တော်အရမ်းချစ်ရတဲ့ကျွန်တော်ဇနီးမယားကို အချိန်ပြည့်ပြန်ခေါ်သွားတာလား တော့မသိခဲ့ပါဘူး ကျွန်တော်ရောက်သွားတဲ့အချိန်မှာဆိုရင်ဖြင့်
ဘာတွေဖြစ်ကုန်ကြတာလဲကွာ ဘာတွေဖြစ်ကုန်ကြတာလဲ
စိတ်မကောင်းပါဘူးသယ်ရင်းရာ သူ့အချိန်တန်လို့ပဲ သူသွားတယ်လို့ပဲ သဘောထားလိုက်ပါကွာ
ကျွန်တော်မိန်းမ ဆုံးပြီလို့ပြောလိုက်တဲ့စကားက ကျွန်တော်ရင်ကို မုန်တိုင်းတိုက်ခတ်သွားသလိုပါပဲ နာကျင်ခံစားရပါတယ် ဒါပေမဲ့ ကျွန်တော်အတွက်တော့ သူ့ရဲ့ကိုပွားလေးကိုတော့ထားခဲ့တယ် အူဝဲလို့ငိုကြွေးနေတဲ့ ကျွန်တော်ရင်သွေးလေးကို ကျွန်တော်ကောက်ချီရင်း သားရယ် သားကိုဖေဖေတောင်းပန်ပါတယ် အခုမင်းမေမေသေရတာက ဖေဖေကြောင့်ပါ ဖေဖေအလုပ်ကိစ္စနဲ့ ခရီးမထွက်သွားရင်း မင်းမေမေဒီလိုဖြစ်ပါမဟုတ်ပါဘူး ဖေဖေကိုခွင့်လွတ်ပါကွာလို့ပြောရင်း ကျွန်တော် မျက်လုံးထဲမှ မျက်ရည်တွေ ဖြည်းညင်းစွာ စီးကျလာပြီး
ကဲသယ်ရင်းရာ ငါတို့လဲစိတ်မကောင်းပါဘူးကွာ သူ့ရဲ့ကံကဒီလောက်ပဲပါလာတယ်လို့ပဲသတ်မှတ်လိုက်ပေါ့ကွာ အခုလိုဝမ်းနည်းနေမဲ့အချိန်မှာ မိခင်မရှိတော့တဲ့မင်းရဲ့သားလေးကို ဘယ်လိုရှင်သန်အောင်ပြုစုစောင့်ရှောက်ကြမလဲဆိုတာကိုပဲ ငါတို့တတွေစဉ်းစားကြရအောင်နော် မင်းလွင်
ငါလဲ အတက်နိုင်ဆုံး မေ့ပြောက်ဖို့ကြိုးစားပါ့မယ်
မေ့ပြောက်ဖို့ကြိုးစားခဲ့ပါတယ် ဘယ်လိုမှမေ့ပြောက်လို့မရခဲ့ပါဘူး အချိန်တိုင်းသတိမရနေပေမဲ့ သတိရတဲ့အချိန်တွေကတော့ သူ့ကိုပါပဲ ကျွန်တော် မိန်းမဆုံးသွားပြီးတဲ့နောက်ပိုင်းမှာဆိုရင်ဖြစ် ကျွန်တော်ကို အမွေပြတ်အဖြစ်စွန့်လွတ်ထားတဲ့ ကျွန်တော်အမေ ကကျွန်တော်ကို လာပြန်ခေါ်တယ် မာနဆိုတဲ့အရာကြီးက မေမေအတွက်တော့ ဘယ်တော့မှ ပြာကျသွားမဲ့အရာလို့ ထင်မထားခဲ့ပါဘူး သူ့မာနသူ့ဂုဏ်သိက္ခာကို ထိခိုက်လာမယ်ဆိုရင် သူမွေးထားတဲ့ သားတစ်ယောက်ဖြစ်တဲ့ကျွန်တော်ကိုတောင် အမွေပြတ်အဖြစ်နဲ့ စွန့်လွတ်ရဲတဲ့သူတစ်ယောက်ပါ ဘာလို့စွန့်လွတ်ခဲ့လဲဆိုရင်တော့ ကျွန်တော်လက်ထပ်ခဲ့တဲ့ မိန်းကလေးက ဆင်းရဲတယ် မေမေတို့အသိုင်းအဝိုင်းနဲ့ကြည့်မယ်ဆိုရင်တော့ လူတွေပြောပြောနေတဲ့ အဆင့်အတန်းကြီးက ကွာခြားနေတယ်
ကျွန်တော်ဇနီးမယား သေဆုံးသွားတဲ့အချိန်မှာဆိုရင်ဖြင့် ကျွန်တော်အသက်က (၂၀)ပြည့်ပါပြီ
အမလေးလေး သားရယ် ကြည့်စမ်းပါအုံး မေမေအိမ်မှာနေတာနဲ့တခြားစီပဲ
ဒါတော့ဒါပေါ့မေမေရယ်
ဒါတော့ဒ့ပေါ့တွေလုပ်မနေနဲ့ သားကိုမေမေလာပြန်ခေါ်တာ မေမေနဲ့ပြန်လိုက်ခဲ့နော် စိတ်ညစ်စရာတွေ ဘာမှမတွေးနဲ့ မေမေအိမ်ရောက်ရင် အရင်တုန်းက သားနေတဲ့အတိုင်းပဲနေ ဟုတ်ပြီလား ကဲပါပြောနေကြာပါတယ်အခုပဲ တစ်ခါတည်းလိုက်ခဲ့
နေပါအုံးမေမေရယ် သားပစ္စည်းလေးတွေ သိမ်းလိုက်အုံးမယ်
သားအခုနေနေတဲ့ အိမ်မှာက ဘာကောင်းတဲ့ပစ္စည်းရှိလို့လဲ ထားခဲ့လိုက်ပါ ဒီမယ်သား ငွေရှိရင် ဘာမလဆိုလုပ်လို့ရတယ် ထားခဲ့လိုက်ပါ မေမေဒီထက်ကောင်းတဲ့ အရာတွေအများကြီးဝယ်ပေးမယ် ကဲလာလာ သွားကြမယ်
လူ့လောက အကြောင်းကိုမသိသေးတဲ့ ကျွန်တော်သားလေးကို ကျွန်တော်ရင်ခွင်ထဲမှာ ပွေ့ချီရင်း စိန်ဂေဟာလို့နာမည်ပေးထားတဲ့ မေမေအိမ်ကြီးဆီသို့ ကျွန်တော် လိုက်လာခဲ့တယ်
***************************************************************
********************************
၆နှစ်ခန့်ကြာပြီးသောအခါ
*********************************
****************************************************************
မေမေ မေမေဘာတွေလိုက်လုပ်နေတာလဲ
ဘာတွေလုပ်ရမလဲ ကိုယ့်သားလေးကောင်းစားဖို့အတွက် လုပ်ပေးနေတာလေ
မေမေ ကျွန်တော်ဟာ ဟိုတုန်းက မေမေအိမ်မှာနေနေတဲ့ ကလေးတစ်ယောက် မဟုတ်တော့ဘူး ဖခင်တစ်ယောက်ဖြစ်နေပြီ
အို...........မင်းကသာ ဖခင်လို့ပြောပေမဲ့ ငါကမင်းကိုအဲ့လိုသတ်မှတ်ထားတာမှမဟုတ်တာ ဒီမယ်သား မိဘတိုင်းက သားသမီးတိုင်းအတွက် ကောင်းစားဖို့လုပ်နေတဲ့အရာတွေပါပဲ
တော်ပြီမေမေ သားမေမေ စီစဉ်တဲ့အရာကိုလက်မခံနိုင်ဘူး
မင်းဘာပြောလိုက်တယ် ဘာလဲ ငါကလက်နဲ့ရေးလို့မင်းက ခြေနဲ့ဖျက်ချင်တဲ့သဘောလား မင်းငါ့စိတ်ကိုသိပါတယ် အဲ့တော့ငါ စကားများများ မပြောချင်ဘူး ငါစီစဉ်တာကိုပဲ မင်းလက်ခံ ဟုတ်ပြီလား
ယနေ့ထိမေ့ပြောက်လို့မရသေးတဲ့ သူတစ်ယောက်နေရာမှာ အခြားလူတစ်ယောက်ကိုအစားထိုးရတော့မယ် အမေခေါ်စရာ မရှိတဲ့ ကျွန်တော်သားလေးကို သနားမိပေမဲ့ ကျွန်တော်သားလေးအမေနေရာကို အခြားလူတစ်ယောက်ကိုတော့ အစားမထိုးနိုင်တာတော့အမှန်ပါ
ဦးလေးရေ ဦးလေး
ဟဲ့ကောင် ဘာဖြစ်လာတာတုန်း
သားအတန်းထဲမှာ ပထမရလို့ အဲ့ဒါဦးလေးကို ပြပေးမလို့
နင့်ဦးလေး အပြင်သွားတယ် ပြန်မလာသေးဘူး
ဟာ ဖေဖေကလဲ အော်မှားလို့ ဦးဦးကလဲ ဘယ်တွေရှောက်သွားနေမှန်းမသိပါဘူး
အလုပ်ကိစ္စနဲ့သွားတာပေါ့ လူလေးကလက်တစ်သစ်(စစ်)လောက်ပဲရှိသေးတယ် စကားကတက်လိုက်တာလွန်ရော
တက်မှာပေါ့ ဦးဦးရဲ့ သားပဲဟာကို ဟာဟိုမှာဦးဦးပြန်လာပြီ
ဟာ သား လာပါအုံးကွာ အာဘွားအာဘွား
သားလေ ဦးဦးကို ကြွားစရာရှိတယ်
ဟုတ်လား ဘာကြွားမှာလဲ မုန့်ဝယ်ကျွေးမှပြောပြမယ် ခိခိခိခိ
သားကတော့ လုပ်ပြီ ဖေဖေကို အနိုင်ကျင့်တော့မယ်
ဖေဖေလို့ တိုးတိုးပြောပါ တော်ကြာဖွားဖွားကကြားသွားရင် ဖေဖေကိုဆူနေအုံးမယ်
ဟုတ်ပါပြီ ဘာကြွားမလို့လဲ
ဒီမှာ ရော့ တွေ့လား
ဟာတော်လိုက်တာ ကွာ ငါ့သားက အတန်းထဲမှာ ပထမရတယ် ကဲဒီတော့ ဖေဖေအားတဲ့ တစ်နေ့ ကစားကွင်းလိုက်ပို့ပေးမယ် ဟုတ်ပြီလား
ဟေး ဟေး ဒါမှ ဒို့ဖေဖေကွ
သားလေးပျော်နေတာကိုကြည့်ပြီး ချက်ချင်းလိုလို သတိရမိလိုက်တယ် ဒီအချိန်မှာ ကျွန်တော် မိန်းမရှိနေခဲ့မယ်ဆိုရင် ဒီထက်မက ပိုပျော်ရွှင်သွားမယ်လို့ ထင်လိုက်မိတယ် သားကတော့ပျော်နေတယ် သားကိုကြည့်ပြီး ကျွန်တော်လဲ ပျော်ရွှင်နေမိတယ်
မင်းလွင် သား မေမေနားခဏလာပါအုံးကွယ်
ဟုတ်အမေ ဘာပြောစရာရှိလို့လဲ မေမေ
မေမေလဲ ပြောနေကြစကားတွေကို ထက်ခါတလဲလဲ မပြောချင်ဘူး မင်း မင်းသားအပေါ်မှာ ဆတ်ဆံတာ ကြည့်ပြီးဆတ်ဆံပါ သူ့ကို ဖေတစ်ယောက်လို့မဆတ်ဆံပါနဲ့ ငါမကြိုက်ဘူး
မေမေ ဘယ်လိုပြောလိုက်တာလဲ မေမေ
မင်းပြောတာကို ငါနားမထောင်ချင်ဘူး ငါပြောတာကိုပဲ မင်းနားထောင် မင်းနဲ့ သူနဲ့ကို သားအဖ လို့ ငါအသိအမှတ်မပြုနိုင်ဘူး ဘာကြောင့်လဲဆိုတော့ မင်းက ငါ့သဘောမတူထားတဲ့လူနဲ့ ယူပြီးရလာတဲ့ကလေးမလို့ပဲ ငါလဲ အသိအမှတ်ပြုထားတာမဟုတ်ဘူး အဲ့တော့ ငါ ပေးစားတဲ့လူနဲ့မင်းယူ အဲ့ကရလာတဲ့ကလေးတွေမှ ငါ့က ငါ့မြေး မင်းရဲ့သား ဆိုပြီးအသိအမှတ်ပြုနိုင်မယ် ဒါပဲ ငါပြောချင်တာပြောလို့ပြီးပြီဆိုတော့ မင်းသွားနိုင်ပြီ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟယ် သမီးလေး
အန်တီနေကောင်းတယ်နော်
ကောင်းပါ့သမီးရေ ဒါနဲ့သမီး မေမေကော နေကောင်းတယ်ပဲလား
ကောင်းပါတယ်အန်တီ
ကဲ လာလာ ထိုင်ထိုင်
ဒီမှာ အန်တီအတွက်လက်ဆောင်ဝယ်လာတယ် ပါတိတ်လေး အန်တီကြည့်လိုက်ပါအုံး လှလားလို့
မဟုတ်တာ သမီးရယ် အားနာစရာတွေတော့ ဖြစ်ကုန်တော့မှာပဲ
အဲ့လိုလဲ ဘယ်ဟုတ်ပါ့မလဲ အန်တီရယ် သမီးက စေတနာရှိလို့ဝယ်လာတာလေ
ဟယ် ကြည့်စမ်း အဆင်လေးက လှလိုက်တာ သမီးလေးက ရွေးတက်လိုက်တာ
သမီးက အရောင်တွေမရွေးတော့တော့ အန်တီကြိုက်ပါ့မလားလို့ စိတ်ပူလိုက်ရတာ အခုတော့ အန်တီကြိုက်တယ်ဆိုတော့ သမီးဝယ်လာရကြိုးနပ်ပြီပေါ့
စကားကောင်းနေလိုက်တာ ခဏနေအုံးနေသမီး အန်တီ သားကို သွားခေါ်လိုက်အုံးမယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သား
ဗျာ ဖေဖေ
သားဖွားဖွားကို စိတ်မဆိုးရဘူးနော်
စိတ်မဆိုးပါဘူးဖေဖေရယ် ဖွားဖွားက ချစ်ဖို့ကောင်းပါတယ် ပြီးတော့လဲ သားနဲ့ဖေဖေကိုလဲ ထမင်းတွေကျွေးထားတာလေ ပြီးတော့လဲ နေစရာလဲပေးထားတာလေ ပြီးတော့လဲ သားကိုမုန့်ဖိုးတွေလဲပေးတယ်
အဲ့တော့ဖွားဖွားကို စိတ်မဆိုးရဘူးနော် ပြီးတော့ ဖွားဖွားက ဖေဖေကို ဦးဦးလို့ ခေါ်ခိုင်းတာကိုလဲ စိတ်မဆိုးရဘူးနော်
မဆိုးပါဘူး ဖေဖေရ ဖေဖေ လူပျိုလုပ်လို့ရတာပေါ့ ခိခိခိခိခိ
အယ် အဖေကို အဲ့လိုပြောစရာလား
ခိခိခိခိ စတာပါဖေဖေကလဲ ဖွားဖွားအရှေ့မှာ ဦးဦးလို့ ခေါ်ပြီးဖွားဖွားနောက်ကွယ်မှာ ဖေဖေလို့ခေါ်မှာပေါ့ အဲ့လိုခေါ်တော့ဖွားဖွားက မကြားရဘူးလေနော် ဖေဖေ
ဟုတ်တာပေါ့ ဒေါက်ဒေါက်ဒေါက်ဒေါက်
မင်းလွင် ဒေါက်ဒေါက်မင်းလွင်သားရေးသား
ဟာဖွားဖွားရယ် ဖေဖေ ဘာဖြစ်လို့လဲမသိဘူး
ဟုတ်မေမေ ဘာကိစ္စရှိလို့လဲမေမေ
အေးကွယ်သားရေ အပြင်မှာ မေနှင်းရောက်နေတယ်ကွယ် ထွက်တွေ့လိုက်ပါအုံး
ဟုတ်ကဲ့မေမေ
တီတီ မေနှင်းကလဲ အိမ်ကိုပဲလာလာနေတယ် ဘာလာလုပ်မှန်းမသိဘူး နော်ဖေဖေ
ခဏနေအုံးသားရေ ဖေဖေ ထွက်တွေ့လိုက်အုံးမယ် တော်ကြာ မင်းဖွားဖွားက ပွမ်နေအုံးမယ်
ဟုတ်ကဲ့ ဖေဖေ
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မေနှင်း အလည်လာတာလား
အင်းပေါ့ ကိုမင်းမှ အိမ်မလာတာ အဲ့တော့ မေနှင်းက လာရတာပေါ့ ကိုမင်း မေနှင်းတို့ ရုပ်ရှင် သွားကြည့်ကြရအောင်နော်
ဟာမေနှင်းကလဲ ကလေးကလား
ဟာ မေနှင်းကြည့်ချင်လို့ပါ ဒီနေ့ရုံမှာလဲ ကားသစ်လဲတယ်လေ
ဟာမေနှင်းကတော့ လုပ်ပြီ
ကဲပါသားရယ် လိုက်ပို့လိုက်စမ်းပါ မေနှင်းလဲ စိတ်ချမ်းသာသွားရအောင်
ဟုတ်တယ် အန်တီ ကူပြောပေးအုံး
မေမေရဲ့ ဆန္ဒ ကြောင့် စိတ်မပါတဲ့ ရုပ်ရှင်ကို သွားကြည့်ရတော့မယ် မေနှင်းဆိုတာကတော့ ကျွန်တော်နဲ့ ဟိုးငယ်ငယ်လေး ကတည်းက လူကြီးချင်းသဘောတူထားတဲ့ မိန်းကလေးပါ မေနှင်းက ကျွန်တော်အပေါ်မရိုးသားပေမဲ့ ကျွန်တော်ကတော့ မေနှင်းကို ညီမလေးတစ်ယောက်လို့ပဲမြင်တယ် ရုပ်ရှင်ကြည့်ဖို့အတွက် မောင်းနှင့်လာတဲ့ ကားလေးပေါ်မှာမေနှင်းကတော့
ကိုမင်း ကိုမင်းလို့ ကိုမင်း
အင်း ပြောလေ မေနှင်း
တစ်လမ်းလုံးကားမောင်းလာတာ ဘာစကားတစ်ခွန်းမှလဲမပြောဘူး ဘာလဲ မေနှင်းနဲ့ရုပ်ရှင်ကြည့်ရဖို့ စိတ်မပါတာလား
မဟုတ်ပါဘူးမေနှင်းရယ် ကို စဉ်းစားနေလို့ပါ
ဘာတွေစဉ်းစားနေတာလဲ မေနှင်းနဲ့လက်ထပ်ပြီးရင် တူတူနေမဲ့ အကြောင်းတွေလား ပြောထားမယ်နော် မေနှင်းက ကိုမင်းကို ချစ်လို့ယူတာ နောက်ပြီးကိုမင်း ဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ မေနှင်းစိတ်လဲမဝင်စားဘူး မေနှင်းစိတ်ဝင်စားတာ ကိုမင်းကိုပဲ ဒါနဲ့ လက်ထပ်ပြီးရင်တော့ ကိုမင်း သားကို မေနှင်းတို့နဲ့တူတူမထားနဲ့ မေနှင်းက ကိုယ့်သွေးသားမဟုတ်ရင် မချစ်တက်ဘူး
မေနှင်း မင်းဘယ်လိုပြောလိုက်တာလဲ ကို့ဘဝမှာ ကို့သားလေးက ပထမပဲ ကို့သားစိတ်ဆင်းရဲမဲ့အလုပ်မျိုး ကို ဘာတစ်ခုမှ လုပ်ဖို့လဲ စိတ်မကူးထားဘူး
ကိုမင်း စိတ်ဆိုးသွားတာလား မေနှင်းက အမှန်တွေကိုပြောတာနော် လိမ်ညာတာ တစ်ခုမှမပါဘူး
တော်ပြီမေးနှင်း ဆတ်မပြောနဲ့တော့ ကိုဘာတစ်ခုမှမကြားချင်တော့ဘူး
ကဲမကြားချင်ရင်လဲမပြောတော့ပါဘူး ကဲရောက်တော့မယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
သား မင်လွင်
ဟုတ်ပြောပါမေမေ
မေနှင်းနဲ့ သားရဲ့မင်္ဂလာကိစ္စကို ဒီလာမဲ့ ရှေ့လထဲမှာ စီစဉ်လိုက်ပြီကွယ် မေနှင်းမိဘတွေကလဲ မြေးချေချင်နေပြီတဲ့ အဲ့ကြောင့် မြန်မြန်စီစဉ်လိုက်ကြတာ
မေမေ မေမေစိတ်ကြိုက်စီစဉ်နေတဲ့ အရာတွေကို ကျွန်တော်က ရုပ်သေးရုပ်တစ်ရုပ်လို လိုက်ကနေရမှာလားမေမေ သားကလူပါ နှလုံးသားမရှိတဲ့ စက်ရုပ်လူသားမဟုတ်ဘူး
အို ငါ့ကိုဘာမှ လာပြောမနေနဲ့ ငါဘာမှမသိချင်ဘူး ရှည်ရှည်ဝေးဝေး ပြောမနေချင်ဘူး အဲ့နေကြရင် မင်းမင်္ဂလာအခန်းအနားတက်ဖို့ပဲ စဉ်းစားထား
ကျွန်တော်ရင်ကို ဓားနဲ့ထိုးလိုက်သလိုပါပဲ ကျွန်တော်မချစ်မနှစ်သတ်တဲ့ မိန်းကလေးကို လက်ထပ်ပြီး ကိုယ့်သွေးသားဖြစ်တဲ့ သားအရင်းကိုစွန့်လွတ်ရမယ် ကျွန်တော် မေမေစီစဉ်သလိုလိုက်နာလိုက်ရင် ကျွန်တော်ရဲ့သားလေး ဘာဖြစ်သွားမလဲ သားရေ ဖေဖေပြတ်သားတဲ့ဆုံးဖြတ်ချက်တစ်ခုကိုတော့ ချမှတ်လိုက်မယ်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ဟီးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးးဟီးးးးးးးးးးးးးးးးးးး
သား ဘာဖြစ်လို့လဲ ဖေဖေကိုပြောစမ်း
ဖေဖေ သားကိုချစ်ရင် တီတီလေးမေနှင်းကို မယူပါနဲ့နော် ဖေဖေတီတီလေးမေနှင်းနဲ့ ယူပြီးရင် သားက ဘယ်သူနဲ့သွားနေရမှာလဲ ဖေဖေမယူပါနဲ့နော်
မယူပါဘူးသားရယ် မျက်ရည်တွေနဲ့ ငိုကြွေးနေတဲ့ ကျွန်တော်သားလေးကို ကျွန်တော်ရင်ခွင်ထဲ ပွေ့ပိုက်လိုက်တယ်
တိတ်ပါသားရယ် တိတ်တိတ် ဖေဖေမယူဘူး
ဟီးဟီး နောက်ပြီး ဖွားဖွားကလဲ ပြောတယ် သားက ဖေဖေသားမဟုတ်ဘူးတဲ့ လမ်းဘေးအမှိုက်ပုံက ကောက်ရထားတာတဲ့ ဟီးဟီး ဟုတ်လားဖေဖေ
မဟုတ်ပါဘူးသားရယ် သားက ဖေဖေသား အစစ် ဖေဖေသား အရင်း ဖေဖေဘဝမှာသားက နံပါတ်တစ်ပါပဲ
ဖေဖေ သားကို ခွဲမသွားပါနဲ့နော် ဖေဖေကို ဖေဖေလို့ခေါ်ခွင့်မရပေမဲ့လဲ သား ဦးဦးလို့ခေါ်ပြီး ဖေဖေနားမှာပဲ သားနေချင်တယ် သားကိုခွဲမသွားပါနဲ့နော် သားမေမေအသစ်လဲ မလိုချင်ဘူး သားဖေဖေနဲ့ပဲ နေမယ်
တိတ်ပါသားရယ် ဖေဖေသားကိုဘယ်တော့မှခွဲမသွားဘူး ဟုတ်ပြီလား ကဲ တိတ်တိတ် လိမ္မာတယ် အဖေ့သားက
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
မနက်ဖြန် တိုင်းကို ပျော်ရွှင်စွာစောင့်နေကြတဲ့ လူတွေရှိသလို မနက်ဖြန် ဆိုတဲ့ နေ့လေးကို မရောက်ချင်တဲ့ လူတစ်ယောက်ရှိနေတယ် ဘယ်သူလဲ ဆိုတော့ ကျွန်တော်ပါပဲ မနက်ဖြန်ဆိုရင် ကျွန်တော် မေမေလက်ထပ်ပေးမဲ့ မေနှင်းဆိုတဲ့ မိန်းကလေးကို ယူရတော့မယ် ကျွန်တော်ပြတ်သားတဲ့ ဆုံးဖြတ်ချက်ကိုချလိုက်ပြီ
ဖေဖေ မနက်ဖြန်ဆိုရင် ဖေဖေ တီတီလေးမေနှင်းနဲ့ တကယ်လက်ထပ်တော့မှာလားဟင်
သားကိုပြောထားပြီးပြီပဲ သားကဖေဖေရဲ့ပထမနေရာမှာပါလို့
တကယ်ပြောတာလား ဒါဆိုဖေဖေ တီတီမေနှင်းကို လက်မထပ်တော့ဘူးပေါ့နော် ဖေဖေ
အင်း
ပျော်လိုက်တာ ဖေဖေရယ် ဖေဖေလက်မထပ်ရင် ဖွားဖွားက ဖေဖေကို ဆူမှာပေါ့
ဆူလို့မရတဲ့နည်းလမ်းရှိတယ် လာဖေဖေတိုးတိုးလေး ပြောပြမယ်???????????????????????????
ဟုတ်ပြီလား မင်းဖွားဖွား နားထဲ မရောက်စေနဲ့နော်
စိတ်ချပါဖေဖေ
တိမ်မဲတွေကင်းစဉ်နေတဲ့ မိုးကောင်းကင်ကြီးကို ကျွန်တော် မော့ကြည့်လိုက်တယ် ကြည်လေတွေ ဝန်းရံခနေတဲ့ ဖိုးလမင်းကြီးကလဲ သူ့ရဲ့ အလင်းနဲ့ ကမ္ဘာမြေပြင်ကို အလင်းရောင်တွေ ထွန်းလင်းလို့ပေးနေတယ် အေးမြတဲ့လေလေးတွေကလဲ ညင်သာစွာတိုက်ခတ် နေတယ် ကျွန်တော်ဘေးနားမှာတော့ ကျွန်တော်အရမ်းချစ်ရတဲ့ ကျွန်တော်သားလေးက ကျွန်တော် လက်ကို ဆုပ်ကိုင်လျှက် ဦးတည်ချက်တွေအများကြီးရှိနေတဲ့ ကမ္ဘာမြေပြင်ရဲ့ တစ်ခုသောနေရာကို ကျွန်တော်ရဲ့ ခြေလှမ်းတွေက ဦးတည်ပြီး ကျွန်တော်လေ ကျွန်တော်အရမ်းချစ်တဲ့ ကျွန်တော်သားလေးရဲ့ လက်ကို ကိုင်ပြီး ရင်း အဝေးဆုံးသော တစ်နေရာ ကျွန်တော် ကျွန်တော်သားလေးနဲ့အတူ ထွက်ခွာသွားလိုက်သည် ကျွန်တော်ရင်ခွင်ဟာ ကျွန်တော်သားတစ်ယောက်အတွက်ပါပဲဗျာ
ဖေဖေ
ဗျာဗျ
အခုဆိုရင် ဖေဖေကို ဦးဦးလို့လဲ ခေါ်စရာမလိုတော့ဘူးနော်
ဒါပေါ့သားရဲ့ ကဲဒီတော့ ဖေဖေနဲ့သား ဒီကမ္ဘာမြေပြင်ကြီးကို တိုင်တည် ကြရအောင်
ဘယ်လိုတိုင်တည်မှာလဲ ဖေဖေ
ကဲဖေဖေပြောသလို လိုက်ပြော
ဟုတ်ကဲ့
ကျွန်တော်တို့ သားအဖ ဘယ်သူခွဲခွဲ ဘယ်တော့မှမကွဲတော့ပါဘူးလို့ ဒီကမ္ဘာမြေပြင်ကြီးအား ကတိသစ္စာပြုပါသည်
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။။
ကြိုးစားပါအုံးမည်
No comments:
Post a Comment