Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

အချစ်ထောင်ချောက်

ချစ်သူ- - - -
ညအချိန် ကောင်းကင်ကို
မော့ကြည့်လိုက်စမ်းပါ
နေရောင်ခြည်ရဲ့ စွမ်းအားကို
နေ့ခင်းဘက်မှာ စုပ်ယူပြီး
လူသားတွေအတွက်
ညအမှောင်ယံကို
အလင်းရောင်ပေးနေတဲ့
လမင်းကြီးကို တွေ့လိမ့်မယ်။

ပုံပြင်တွေ ရာဇ၀င်တွေထဲမှာ
သူရဲကောင်းတွေက
အသက်ကိုတောင် မငဲ့ကွက်ဘဲ
တိုင်းပြည် နဲ့ လူမျိုးကို
ချစ်တဲ့စိတ်တစ်ခုတည်းနဲ့
အရာအားလုံးကို
ဒူးထောက်အရှုံးပေးပြီး
စွန့်လွှတ် အနစ်နာခံမှုတွေကို
ကြားဖူးခဲ့မှာပါ။

သိပ်ချစ်ရသူရဲ့
စကားတစ်ခွန်းကြောင့်
ပန်းသီးတစ်လုံးကို စားမိရာက
အာဒံ နဲ့ ဧ၀ ကမ္ဘာမြေကို
ရောက်လာတဲ့ အကြောင်းလဲ
ကြားဖူးခဲ့မှာပါ။

လူတွေက ဒဿဂီရိကို
မကောင်းဆိုးဝါးလို့
မြင်နေတဲ့အတွက်
မယ်သီတာကို ချစ်ခဲ့တဲ့
စိတ်ကိုတော့
ဘယ်သူမှ- - -
အသိအမှတ် မပြုကြဘူးလေ။

ချစ်သူ- - - -
ငါ့အချစ်က ဘယ်အရာနဲ့မှ
နှိုင်းယှဉ်လို့ မရပေမဲ့
မမြင်နိုင်ခဲ့တဲ့
နင့်ရဲ့ မာယာတောမှာ
ငါ့ရဲ့ အချစ်ဆိုတဲ့ သိုးငယ်လေး
ရုန်းမထွက်နိုင်တော့တဲ့
အချစ်ထောင်ချောက်အတွင်း
သက်ဆင်းခဲ့ရပြီ။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့