Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Thursday 26 April 2012

အိုင်တီခေတ် အင်တာနက်စကားပုံများ..

ကံကိုယုံ၍ ဆူးပုံမနင်းနှင့်

လျှပ်စစ်မီးကိုယုံ၍ Save မလုပ်ပဲ မနေပါနှင့်။ အစက ပြန်လုပ်ရလိမ့်မည်။


 
ကျောချမှ ဓားပြမှန်းသိ

ဖုန်းအပိတ်ခံရမှ ကြိုတင်သွင်းငွေကုန်မှန်းသိသည်။


ခရီးသွားဟန်လွှဲ

အလုပ်ကိစ္စ၊ ကျောင်းစာအတွက် ဒေါင်းလုပ်လာဆွဲရင်း facebook လေးဝင်မန့်လိုက်၊ G-talk လေးဝင်ကြူလိုက်လုပ်သည်။


 
ငိုချင်လျက် လက်တို့

sky net (စလောင်းအင်တာနက်) သုံးသူများ လိုင်းကသိပ်မကောင်းဆိုကာမှ မိုးကအုံ့လို့ တိမ်ဖုံးသည်။

 

စစ်မရောက်ခင်မြားကုန်

တနေကုန်ဖုန်းဖွင့်ထားပြီး တကယ်တမ်းပြောမည်လုပ်ကာမှ ဘတ္ထရီအားကုန်သည်။ (CDMA 450MHz)




ဆင်ပိန်လျှင်ကျွဲလောက်ကျန်သေးသည်

ဖိုင်ဘာလိုင်း ကွန်နက်ရှင်ကျလျှင် ADSL လောက်တော့ ကျန်သေးသည်။



တစ်ရွာတစ်ကျီဆောက်သည်

အင်တာနက်ကဖေးတစ်ခါထိုင်တိုင်း အီမေးလ် အသစ်တစ်ခုလုပ်သည်။


တစ်မိုးလုံး ဖျောက်ဆိတ်ချည်း

ဘယ်နားကြည့်ကြည့် facebook နှင့် G-talk ကပြေးမလွတ်ချေ။


ထန်းရေမူး ကျွဲခိုးပေါ်သည်

အလုပ်တွင် facebook game ခိုးဆော့ရာ သူဌေးမှ facebook ဝင်သုံးသဖြင့် မိသွားသည်။


ဒူးလောက်တင်မှ ရင်လောက်ကျသည်

ဒေါင်းလုပ်ဆွဲရာတွင် ၁ နာရီကြာမည်ဟူသော စာတန်းပေါ်ပါက အိမ်ကို ၂ နာရီကြာမည်ဟု ကြိုပြောထားပါ။


နူရာဝဲစွဲ လဲရာသူခိုးထောင်း

လိုင်းကျနေသည်ဆိုမှ မိုးကအုံ့သည်။ မီးကလဲ ပျက်သေးသည်။



ပေါက်သည့်နဖူး မထူးတော့

၁၅ သိန်းပေး၍ ဝယ်ထားရသော GSM ကြီးကိုဆိုလိုသည်။



 
ဖိုးသူတော်လဲ တောင်ဝှေးမထူနိုင်

ISP များသို့ လိုင်းကျကြောင်း စောဒကတက်သည့်အခါ သူတို့ဆီမှာပါကျနေကြောင်း ဂိတ်ဝေး၊ ဂိတ်နီး၊ ဘက်ဘုန်း၊
သရက်တုံး များကြောင့်ဖြစ်ကြောင်း ညည်းရှာသည်။



ဗူးကောင်းမှစင်ခံ၊ လင်ကောင်းမှစံရ

လိုင်းကောင်းမှသာ ဒေါင်းလုပ် ကြီးကြီးဆွဲနိုင်မည်။



ဘုရားပြီး ငြမ်းဖျက်

ရည်းစားမရခင်က facebook, G-talk အားကိုးပြီး ပွားသလောက် ရသွားသောအခါ ပြန်လှည့်မကြည့်ခြင်းကို ဆိုလိုသည်။


ရှင်ဘုရင်တစ်ခါထွက်၊ ပဲကြီးတစ်လှေချက်

G-mail တစ်ခါတက် ထမင်းအိုး တစ်ခါချက်


 
လက်ခုပ်တစ်ဖက်တည်းတီး၍ မမြည်

ဖုန်းလိုင်းသည်လည်း ၂ ဖက်စလုံးကောင်းမှသာ ပြောလို့ကောင်းမည်။



ဝမရှိဘဲ ဝိလုပ်သည်

မြန်မာလိုတောင် ဖြောင့်အောင်မရိုက်တတ်သေးပဲ အွန်လိုင်းပေါ်တွင် ကြူလိုခြင်းကိုဆိုလိုသည်။



သမင်မွေးရင်း ကျားစားရင်း

ဒေါင်းလုပ်ဆွဲရင်း ပျက်ကျရင်း


အမဲရိုးနှယ် ဟင်းအိုးမှအားမနာ

သုံးသည့် စက်များကတော့ international Standard ရှိပါသည်။ သို့သော် ကွန်နက်ရှင်ကတော့...



အများမိုးခါးရေသောက်လျှင် သောက်ချင်

ဟိုလူ google+ ဆိုလျှင် ကိုယ်ပါ google+ လုပ်ချင်သည်။



အလကားရသည့်နွား သွားဖြဲကြည့်

အလကားပေးသည့် ဝိုင်ဖိုင်ကို နှေးသည်ဟု စောကဒတက်ခြင်း။



အသွင်မတူ အိမ်သူမဖြစ်

မြန်မာ့အင်တာနက်သုံးလိုလျှင် မြန်မာတွေလို စိတ်ရှည်မှဖြစ်မည်။
သို့မဟုတ်လျှင် ဟစ်တလာလို ဒုက္ခမျိုးနှင့်ကြုံလိမ့်မည်။


No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့