Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Sunday 29 April 2012

အသည်းကွဲသူ

တစ်နေ့မှာ အသည်းကွဲသူတစ်ဦးဟာ ပန်းခြံမှာထိုင်ပြီး ငိုနေခဲ့တယ်။ ဒါကို "ဆိုကရေးတီး"ကတွေ့တော

့ "ဘာဖြစ်လို့ ဒီလောက် ၀မ်းနည်းပက်လက် ငိုကြွေးနေသလဲ" လို့ မေးလိုက်တယ်။အသည်းကွဲသူက
"ကျွန်တော့်ချစ်သူ ကျွန်တော့်ကိုထားသွားလို့ အရမ်းခံစားရနေတယ်" လို့ ပြန်ဖြေတယ်။


သူ့အဖြေကို ကြားတာနဲ့ ဆိုကရေးတီးက တဟားဟား အော်ရယ်ပြီး ..................

"မင်း တော်တော်တုံးတယ်" လို့ ပြန်ပြောလိုက်တယ်။

အသည်းကွဲသူက ကိုယ့်အဖြစ်ကို လှောင်ရယ်နေတဲ့ ဆိုကရေးတီးကို ဒေါသဖြစ်ပြီး

 "ခင်ဗျား ဘာရီတာလဲ.. ကျွန်တော်ဒီလောက်ခံစားနေရတာကို မနှစ်သိမ့်တဲ့အပြင် ရီနေရသလား" လို့ ပြောတော့



"မင်းတော်တော်တုံးတယ်။ ဒါကို မင်းဝမ်းနည်းနေစရာ မလိုဘူး။ ၀မ်းနည်းရမှာက မင်းကို ထားသွားခဲ့တဲ့လူကွ..
မင်းကို မချစ်တဲ့ လူတစ်ယောက်ကိုပဲ မင်းဆုံးရှုံးသွားတာ.. သူက သူ့ကိုချစ်တဲ့ လူတစ်ယောက်ကို ဆုံးရှုံးတဲ့အပြင်
လူတစ်ယောက်ကိုချစ်တဲ့ စွမ်းရည်တွေပါ ကျသွားတာ" လို့ ဆိုကရေးတီးက ပြန်ဖြေခဲ့တယ်။

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့