Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

♥ကျွန်မရင်ခုန်သံတွေခေါင်းညိတ်နေတယ်♥

"ညီမလေး"
အသံလေးဝဲတဲတဲနဲ့
စွဲစွဲမြဲမြဲခေါ်တတ်တဲ့
သူ့ခေါ်ဟန်လေးက
(တကယ်ပါ)
ကျွန်မမညာပါဘူး
နှစ်ကိုယ့်တစ်စိတ်ကို
နေချင်သွားခဲ့မိတယ်...။
အမြဲတမ်းအထီးကျန်နေတဲ့
ကျွန်မနှလုံးသားက
သူနဲ့တွေ့မှ
အချစ်သီချင်းတွေချည်း
ဆိုညည်းနေမိတာကတော့
ကျွန်မ(သိပ်)အသည်းနုလွန်းရာများ
ကျနေမလားဟင်???????
နဘေကာရန်တွေမညီတဲ့
ဟောဒီကဗျာမပီစာမပီ
ထွေလီကာလီအရေးလေးတွေမှာ..
ကျွန်မရင်ခုန်သံတွေ
စည်းချက်မှန်နေခဲ့တာကိုတော့
ကျွန်မမရှက်တမ်းဝန်ခံချင်ပါတယ်..။
ကျွန်မတို့နှစ်ဦးရဲ့ဆုံတွေ့ခြင်းက
တဒင်္ဂလား???
ထာဝရလား???
မရေမရာ.."...လား"ပေါင်းထပ်နေတဲ့
မျှော်လင့်ခြင်းေ၀၀ါးဝါးလေးတွေမှာ
သူ့ရဲ့.."ညီမလေး"ဆိုတဲ့
ခေါ်သံလေးတွေကိုတော့..
နောက်ထပ်မကြားရတော့မှာ..
သိပ်ကြောက်နေခဲ့မိတယ်လေ..
ရာသက်ပန်လွမ်းဆွတ်နေရမှာကိုလည်း
စိုးမိပြန်ပါတယ်..။
ဒါတွေကို..
သူ...သတိမပြုမိခဲ့ပေမယ့်..
ကျွန်မမေမေရိပ်မိနေတယ်..
ကျွန်မသူငယ်ချင်းတွေပြောကုန်ကြတယ်..
နောက်ပြီး...
ကျွန်မရင်ခုန်သံတွေကလည်း..
ခေါင်းညိတ်နေပြန်ပါတယ်..

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့