Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Friday 20 April 2012

ရင်ခုန်သံ မညာကြေးနော်

ရင်ခုန်သံ မညာကြေးနော်


ရင်ခွင်တံခါး ဖွင့်ထားခဲ့ပါတယ်
မမြင်တာ မြင်တာ မင်းရဲ့အပိုင်းမို့ 
ငိုချင်တာတောင် ပြုံးပြနေအုံးမှာပါ.............
ဥတုတွေပြောင်းလဲ..ရော်ရွက်တွေကြွေ
အသေးစား သီချင်းတစ်ပုဒ် သီဆိုနေတာ
နင်မကြားတာ ကြားတာ ငါအတွက်တော့
သံစဉ်တွေ မချိုမြိန် ဂီတာ ကြိုးပြတ်သလောက်
မခံစားရဘူး ကောင်လေးရယ်......
ပြောဘူးတဲ့ စကား နင်သာကြားမယ်ဆို
အသည်းတံခါးဖွင့် ပြီးစောင့်နေခဲ့တာပါ
မညီမညာတဲ့ ဂီတာသံစဉ်
နင်အချစ်လောက်တော့
ချိုမြိန်ပါတယ် ကောင်လေးရယ်
လမိုက်ညရဲ့ တွန်ကြူးသံက
သာယာနာပျော်ဘွယ် မကောင်းပေမဲ့
ငါအတွက်တော့ တစ္စေ နတ်ဆိုးတစ်ကောင်း
ဝင်ပူးသလို ဓါတ်လိုက်ခံလိုက်ရြ့ပီ ကောင်လေးရေ..........
မာယာကို ခြေနင်းပြီ...
အသည်းပလ္လင်မှာ ယစ်ပူဇော်မခံရခင်
နင့်ရင်ခုန်သံကို ဖွင့်ဟပြပါတော့ ကောင်လေးရယ်........

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့