ms - “ ကံအကောင်းဆုံးမိန်းမမြတ် ”
*************************************
ငါမင်းကိုချစ်ခဲ့တယ်ဆိုတာ မင်းယုံကြည်တဲ့သူ ( ဒါမှမဟုတ် ) မင်းကြားဖူးတဲ့စကားတွေနဲ့ နှိုင်းယှဉ်ခံ
ရဖို့အတွက်မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ရိုးမြေကျပေါင်းဖတ်ချင်တဲ့ ငါ့မျှော်လင့်ချက်တွေရဲ့မနက်ဖြန်တိုင်းမှာ
နောက်ထပ်ဘယ်သူနဲ့မှနှိုင်းယှဉ်လို့မရနိင်တော့တဲ့ ချစ်တတ်ခြင်းတွေအမြဲရှိနေမယ်ဆိုတာ မင်းယုံကြည်ပေး
ပါ ။
ငါမင်းကိုမြတ်နိးခဲ့တယ်ဆိုတာ မင်းအားကျခဲ့တဲ့သူရဲကောင်းတယောက် ( ဒါမှမဟုတ် ) မင်းတောင်း
တခဲ့တဲ့ဖန်စင်ရှင်တဦးအနေနဲ့ အားကိုးခံရစေဖို့အတွက်မဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ မင်းရဲ့ဝေဒနာမှန်သမျှကို
အနစ်နာခံပြီဝေမျှယူဖို့ အရိပ်တခုလိုစောင့်ကြည့်နေတတ်တဲ့ ငါ့ရဲ့နေ့ရက်တိုင်းမှာ ငါထက်ဘယ်သူကမှပို
ပြီဂရုစိုက်ခွင့်မရနိင်ဘူးဆိုတာ မင်းယုံကြည်ပေးပါ ။
ငါမင်းကိုတန်ဖိုးထားခဲ့တယ်ဆိုတာက မင်းမှာရှိတဲ့ဓနဥစ္စာငွေကြေးအာဏကို ပိုင်ဆိုင်ခွင့်ရဖို့ ( ဒါမှမ
ဟုတ် ) မင်းတောင်းတမျှော်လင့်ခဲ့သမျှအရာအားလုံးကို ဖြည့်စည်းပေးပါ့မယ်ဆိုပြီဂတိ့သစ္စာပြုဖို့မဟုတ်ခဲ့ပါ
ဘူး ။ ဒါပေမဲ့ သူတော်စင်သူမြတ်လောင်းတွေထက် နှိုင်းဆပြီမကျော်လွန်နိင်တဲ့ငါ့မေတ္တာတရားက မင်း
ပိုင်ဆိုင်သမျှနဲ့ မင်းတောင်းတမှု့မှန်မမျှကို ဘယ်သူမှစေခိုင်းခြင်းမရှိပဲ ကိုယ်စွမ်းညဏ်စွမ်းရှိသလောက်
ဖြည့်စည်းကာကွယ်စောင့်ရှောက်ပေးဖို့ အမြဲအသင့်ရှိနေတာကိုလဲ မင်းယုံကြည်ပေးပါ ။
ငါမင်းကို တခုထဲသောဘ၀အဖြစ်နဲ့နှစ်ယောက်ထဲအတူနေချင်တယ်လို့ဆိုခဲ့တာ မင်းရဲ့မိ့ဘ ( ဒါမှ
မဟုတ် ) မင်းရဲ့ဆွေမျိုးအသိုင်းအ၀ိုင်းကိုပုန်ကန်ပြီ ကိုယ့်ရဲ့ဆန္တတွေပြည့်ဝဖို့အတွက်မဟုတ်ခဲ့ပါဘူး ။ ဒါ
ပေမဲ့ မင်းလိုအပ်သမျှကိုဖြည့်စည်းပေးပြီး မင်းဝေဒနာကိုငါ့ဝေဒနာအဖြစ်နဲ့ အကူယူခံမဲ့ငါလိုအိမ်ထောင်ရှင်
ယောကျာင်္းတယောက်ရဲ့အရိပ်အောက်ကနေ ခေါ်ထုတ်သွားမဲ့သွေးဆောင်ဖျားယောင်းမှု့မှန်သမျှကို အနည်း
ငယ်တုန့်ပြန်လိုက်မိ့မဲ့ငါ့အတ္တပါးပါးလေးကိုလဲ မင်းနားလည်ပေးပါ ။
ငါမင်းကိုမျှော်လင့်ခဲ့တယ်ဆိုတာ တော်လေး၀၀င်တဲ့မိန်းမမြတ်တယောက် ( ဒါမှမဟုတ် ) ကမ္ဘာကို
ဆုတ်ကိုင်နိင်တဲ့အာဏရှင်အဖြစ်နဲ့လဲမဟုတ်ခဲ့ပါဘူး ။ ဒါပေမဲ့ ငါ့အတွက်အသင့်ရှိနေစေချင်တဲ့ မင်းရဲ့
တန်ပြန်ယုယကြင်နာမှု့တိုင်းမှာ နေရာဒေသအလိုက်ပိုင်းခြားသုံးသက်တတ်တဲ့ အသိ့ညဏ်လေးတခုနဲ့
မာယာမပါတဲ့အဖြူေ၇ာင်စိတ်အခံလေးအမြဲရှိနေဖို့ဆိုတာကိုလဲ မင်းမမေ့အောင်ကျိုးစားပေးပါ ။
တကယ်တော့ငါက ယောကျာင်္းတွေထဲကယောကျာင်္းတယောက်ဆိုပေမဲ့ မင်းရဲ့ယုံကြည်မှု့တခုရဖို့နဲ့
မင်းရဲ့မြတ်နိးကြင်နာမှု့တွေရဖို့အတွက် ဘာမဆိုလိုက်ရောဖြည့်စည်းပေးပါမယ်ဆိုပြီး ငါ့အချစ်ကိုမင်းယုံ
ကြည်စေဖို့ ငါ့စကားတွေကိုမုသားတွေနဲ့ရောင်းတန်းတင်ပြမှာတော့မဟုတ်ပါဘူး ။ မင်းလေ့လာသုံးသက်
ပြီမှ ငါ့ဘ၀ထဲကိုဝင်လာခဲ့ပါ ။ ငါမြတ်နိုးစွာနဲ့အရွေးချယ်ခံခဲ့ရတဲ့မင်းက ( အတိတ်ကံကြောင့် ) ဒီကမ္ဘာ
မှာကံအကောင်းဆုံးမိန်းမမြတ်တယောက်ဖြစ်မလာခဲ့ဘူးဆိုရင်တောင်မှ မင်းဘ၀အတွက်မင်းရွေးချယ်ခဲ့တဲ့
ငါလိုယောကျာင်္းတယောက်ကြောင့် ဒီကမ္ဘာမှာမင်းပဲကံအကောင်းဆုံးမိန်းမမြတ်တယောက်ဖြစ်လာမှာပါ .. ။
No comments:
Post a Comment