Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Wednesday 25 April 2012

ငါ့ကိုအရင်ထွက်သွားခွင့်ပြုပါ


နင်ဘေးမှာမရှိတဲ့ အချိန်ငါအဆင်ပြေရဲ့ လားတဲ့
ဖြေစရာမလိုတဲ့ အမေးနင်မေးရက်တယ်နော်။
ငိုချင်တဲ့ အခါ... ... မျက်ရည်သုတ်ပေးဖို့ များ
နင်အနားရှိနေမလားငါယောင်ပြီးတမ်းတနေမိတာ။
စိတ်ညစ်တဲ့ အခါငါ့ အနားရှိနေမလား
ငါယောင်ပြီးမျှော်နေမိတာ ။
ပျော်စရာများရှိရင်လေဝေမျှခံစားပေးဖို့ ငါ့ အနား
နင်များရှိရင်လေလို့ တစ်ခါတစ်ခါတွေးနေမိတာ။
ချစ်သူရေ…..အမြဲတမ်းတော့ မဟုတ်ဖူးပေါ့နိုးနေချိန်
အိပ်နေချိန်နင့် နာမည်ယောင်တတ်တာကလွဲရင်
တကယ်ပါငါအဆင်ပြေပါတယ်။
အတူမက်ကြမယ့် အိပ်မက်တွေ ပျက်သုန်းမယ်ဆိုရင်
ငါ့ကိုအရင် နှိုးထခွင့်ပြုပါ
အတူတွဲကြမယ့် လက်တွေ ဖြုတ်ကြမယ်ဆိုရင်
ငါ့ကိုအရင် လက်တွဲဖြုတ်ခွင့်ပြုပါ
ထပ်တူညီတဲ့ နှလုံးသားတွေ အေးခဲမယ်ဆိုရင်
ငါ့ကိုအရင် အေးခဲခွင့်ပြုပါ
အတူလျှောက်လှမ်းမယ့် ခြေလှမ်းတွေ ရပ်တန့်မယ်ဆိုရင်
ငါ့ကိုအရင် ရပ်တန့်ခွင့်ပြုပါ
ငါ့နှလုံးသားက သွေးစိမ်းရှင်ရှင်ကျနေတာ
မြင်တွေ့ပြီး ငါ့အပေါ် သနားပိုသွားမှာစိုးရိမ်လို့
ငါ့ကိုအရင် ထွက်သွားခွင့်ပြုပေးပါ...


အခုမှ ပထမဆုံးအနေနဲ့ ကဗျာတစ်ပုဒ်ကိုတင်ဖူးတာပါ 
မှားတာပါခဲ့လို့ ရှိရင်လည်း ခွင့်လွှတ်ပါ
မကောင်းဘူး ဆိုရင်လည်း ပြောပြပေးခဲ့တာ
သူငယ်ချင်းတို့ရဲ့ သူငယ်ချင်း
ပြည့်စုံ

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့