Search This Blog

အဖွဲ့ဝင်မယ်..Followers

သတင်း


<<<< ကြိုဆိုပါတယ် ပျော်ရွှင်သောနေ့လေးဖြစ်ပါစေ >>>>

Tuesday 24 April 2012

ဘာကြောင့်ချစ်တာလည်း

တစ်နေ့တော့ ချစ်သူနှစ်ဦး စကားပြောနေတုန်းမှာ ကောင်မလေးက သူ့ချစ်သူကောင်လေးကို မေးတယ်…။

ကောင်မလေး – “ဘာကြောင့် ကျွန်မကို ကြိုက်တာလဲ ၊ ဘာကြောင့် ကျွန်မကိုချစ်တာလဲဟင် ….. ? ”
ကောင်လေး – “ငါ့မှာ ပြောစရာ အကြောင်းပြချက်မရှိဘူး …။ ဒါပေမယ့် မင်းကိုငါ တကယ်ကြိုက်တယ်၊ချစ်တယ် ”
ကောင်မလေး – “အကြောင်းပြချက်တောင် မပေးနိုင်တာ..ကျွန်မကို ကြိုက်တယ် လို့ဘယ်လိုပြောနိုင်တာလဲ ၊
ကျွန်မကို ချစ်တယ်လို့ ဘာလို့ပြောနိုင်တာလဲ ”
ကောင်လေး – “အကြောင်းပြချက်ကို ငါ တကယ်မပြောနိုင်ဘူး…ဒါပေမယ့် မင်းကို ချစ်တယ် ဆိုတာ
သက်သေပြနိုင်ပါတယ် ”
ကောင်မလေး – “ သက်သေ ?….. မရဘူး ….. ကျွန်မကို အကြောင်းပြချက်ပဲ ပြောစေချင်တယ်။
ကျွန်မ သူငယ်ချင်းရဲ့ ကောင်လေးက သူ့ကို ဘာကြောင့်ချစ်တယ် ဆိုတာပြောနိုင်တယ်..။ ရှင့်လို မဟုတ်ဘူး….”

ကောင်လေး – “ အိုကေ…အိုကေ…………….. ”

“ မင်းက ……. ငါ့မျက်စိထဲမှာ လှလို့ …..”
“ မင်းအသံလေးက …..ငါ့နားထဲမှာ ချိုသာလို့ …..”
“ မင်းက ……ငါ့ကို ဂရုစိုက်တတ်လို့ ….. ”
“ မင်းက …….ငါ့ကို ချစ်တတ်လို့ ….. ”
“ မင်းက …….အတွေးအခေါ်ကောင်းလို့ … .”
“ မင်းရဲ့ အပြုံးလေးတွေကြောင့် …….”
“ မင်းရဲ့ ချစ်စရာကောင်းတဲ့ ……အမူအရာလေးတွေကြောင့်….”
“ ……………………………………………………………………”
ဒါတွေကြောင့်ပဲကွာ …………………။ ” ဒီအခါမှာတော့ ကောင်မလေးက သူ့ချစ်သူရဲ့ အဖြေကို
အရမ်းသဘောကျသွားတယ်…..။



ဒီလိုနဲ့ ရက်အနည်းငယ်ကြာတော့ …..ကောင်မလေးက အာရုံကြောယောင်တဲ့ ဝေဒနာနဲ့ နေမကောင်းဖြစ်ပြီး
အိပ်ယာထဲကိုလဲပါလေရော ……။


ကောင်လေးက ကောင်မလေးအိပ်ပျော်နေတုန်းအချိန် လာကြည့်ပြီးတော့ ကောင်မလေးဘေးမှာ စာလေးတစ်
စောင်ထားခဲ့တယ်…..။ စာထဲမှာဘာတွေရေးထားလဲ ဆိုတော့…………………………..

မေ
မင်းရဲ့ချိုသာတဲ့ အသံလေးကြောင့် မင်းကို ကိုယ်ချစ်ခဲ့တယ်….အခု မင်း စကားပြောနိုင်လား ?
မပြောနိုင်တော့ပါဘူး ………………“ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”

မင်းရဲ့ ကိုယ့်အပေါ် ဂရုစိုက်ကြင်နာမှုတွေကြောင့် မင်းကို ကိုယ်ကြိုက်ခဲ့တာ အခု မင်း ကိုယ့်အပေါ် အဲဒါတွေ
မပြနိုင်တော့ဘူး…“ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”

မင်းရဲ့ အပြုံးလေးတွေကြောင့်…. မင်းရဲ့အမူအရာလေးတွေကြောင့် မင်းကိုကိုယ်ချစ်ခဲ့တာ….အခု မင်းပြုံးနိုင်
သေးလား ၊ မင်း အခု လှုပ်ရှားနိုင်သေးလား ? မင်းမပြုံးနိုင်တော့ဘူး ၊ လှုပ်လှုပ်ရှားရှားလည်း မနေနိုင်တော့ဘူး
“ ဒါကြောင့် မင်းကို ကိုယ် မချစ်နိုင်တော့ဘူး ”


မင်းကအခုအချိန်မှာ ဝေဒနာခံစားနေရတဲ့သူ တစ်ယောက်ဖြစ်နေတယ် မင်းမှာချစ်စရာကောင်းတဲ့ အမူအယာတွေ
ပြနိုင်သေးလား ? မင်း ……. ဘာဆို ဘာမှမစွမ်းဆောင်နိုင်တော့ဘူး…“ဒါ့ကြောင့် မင်းကို ကိုယ်မချစ်နိုင်တော့ဘူး.....”


တကယ်လို့ “ အချစ်က အကြောင်းပြချက်လိုတယ် ” ဆိုရင် အခုအချိန်မှာ …..
မင်းကို ကိုယ်ဆက်ချစ်ဖို့ အကြောင်းမရှိတော့ဘူး..


မောင်
***************************************************************


ကောင်လေးရေးခဲ့တဲ့ စာရဲ့အောက်နားမှာ စာကြွင်းလေးတစ်ခုတော့ ကျန်ပါသေးတယ် ။

တကယ်တော့ မေရယ် …………..မောင်နဲ့မေ တစ်ဦးကိုတစ်ဦးချစ်ခဲ့တဲ့အချစ်အတွက် အကြောင်းပြချက်လှလှလေး
တွေကို“ မေ ” ကြားချင်တယ်ဟုတ် !! “ အချစ်မှာ အကြောင်းပြချက်တွေလိုအပ်လို့လားကွာ …”
( မလိုအပ်ဘူးလို့ မောင်ယုံကြည်တယ် …. )
ဟုတ်တယ် မေ ……. !မလိုပါဘူး….ဒါကြောင့် မေ့ကို မောင် ချစ်နေဆဲပါ ၊ ချစ်နေဦးမှာပါကွာ…။

ချစ်တဲ့ မောင်
---------------------------------------------------------------------------------------------------

No comments:

နောက်ဆုံးတင်ပြီသမျှ..ဆက်ဖတ်ရန်...အောက်သို့